ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၂၅၁)၊ တတိယထပ်၊ ဆိပ်ကမ်းသာလမ်း (အပေါ်ဘလောက်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၉၅) ဝ၉၂၅၀၅၆၆၀၁၈
အီးမေးလ် - hqdpns@gmail.com
Facebook - Democratic Party for a New Society

လူ့ဘောင်သစ်လူငယ် (Youth for A New Society) ဒုတိယအကြိမ် စုံညီအစည်းအဝေးနှင့် ဗဟိုစည်းရုံးရေးကော်မတီ ပြန်လည်ဖွဲ့စည်းခြင်း

လူ့ဘောင်သစ်လူငယ် (Youth for A New Society) ဒုတိယအကြိမ် စုံညီအစည်းအဝေးနှင့် ဗဟိုစည်းရုံးရေးကော်မတီ ပြန်လည်ဖွဲ့စည်းပြီးစီးကြောင်း သတင်းစာရှင်းလင်းပွဲကို ၅ ၊၁၊ ၁၇ ရက်နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ရှိ YNS ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ ရှင်းလင်းပွဲတွင် လူ့ဘောင်သစ်လူငယ် သမိုင်းကြောင်း၊ မူဝါဒ၊ ရပ်တည်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် သတင်းမီဒီယာများ၏ မေးခွန်းများကို ပြန်လည်ဖြေကြားပေးခဲ့ကြပါသည်။ သတင်းစာရှင်းလင်းပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်များ၊ ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင်များလည်း တက်ရောက်ခဲ့ကြပါသည်။