ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၂၅၁)၊ တတိယထပ်၊ ဆိပ်ကမ်းသာလမ်း (အပေါ်ဘလောက်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၉၅) ဝ၉၂၅၀၅၆၆၀၁၈
အီးမေးလ် - hqdpns@gmail.com
Facebook - Democratic Party for a New Society

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီတည်ဆောက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီတည်ဆောက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Strategic Planning Workshop on Party Building) ကို ၂၀၁၆၊ စက်တင်ဘာ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲကို ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်များ၊ဒေသအလိုက်စည်းရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲပထမနေ့နှင့် ဒုတိယနှေ့တို့တွင် ဖိလစ်ပိုင်နိုင်ငံမှ Mr. Buenviwe Ferdinand က လူထုပါတီတရပ် တည်ဆောက်ရာတွင် အခြေခံသင့်သည့် အယူအဆ၊ အချက်အလက်များကို ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်သူများက အစုအဖွဲ့များခွဲ၍ ဆွေးနွေးခဲ့ကြပါသည်။၂၀၁၃ခုနှစ်မှ ၂၀၁၆ အထိ ဆောင်ရွက်ရန်ချမှတ်ခဲ့ကြသော ပါတီတည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအပေါ် ပြန်လည်သုံးသပ်ကြသည်။ ဆွေးနွေးပွဲတတိယနေ့တွင် ယခင်နေ့များမှ ဆွေးနွေးရရှိချက်များကို ပြန်လည်အနှစ်ချုပ်စုစည်းခဲ့ကြသည်။ ၎င်းအပြင် ၂၀၂၀တွင် ကျစ်လျစ်ခိုင်မာသော၊ လူထု၏ယုံကြည်အားထားမှုကို ရရှိသောပါတီတရပ်အဖြစ် အခိုင်အမာ ရပ်တည်လာနိုင်ရေးအတွက် ပါတီတည်ဆောက်ရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။