ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

ဆွီဒင်ဆိုရှယ်ဒီမိုကရက်တစ်ပါတီ(၃၉)ကြိမ်မြောက်ကွန်ဂရက်သို့တက်ရောက်

ဆွီဒင်နိုင်ငံ၊ ဂေါ့သင်ဘတ်ဂ်မြို့၊ ဂေါ့သီယာတာဝါ၌ ယနေ့ (၈၊ ၄၊ ၂၀၁၇) နေ့လည် ၂:၀၀ နာရီတွင် ဆွီဒင် ဆိုရှယ်ဒီမိုကကရက်ပါတီ၏ ၃၉ ကြိမ်မြောက်ကွန်ကရက် စတင်ကျင်းပခဲ့ရာ ပါတီအထွေထွေအတွင်းရေးမှူးချုပ်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။ ထိုကွန်ကရက်သို့ ကိုယ်စားလှယ် ၃၅၀၊ နိုင်ငံတကာမိတ်ဆွေပါတီများမှ ကိုယ်စားလှယ် ၇၀ နှင့် သံတမန်များ၊ ပါတီဝင်များ စုစုပေါင်း ၄၀၀၀ ကျော် တက်ရောက်ခဲ့ကြပါသည်။ ဆွီဒင်ဆိုရှယ်ဒီမိုကရက်ပါတီ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်လည်း ၎င်းကွန်ကရက်တွင် တက်ရောက်လျက်ရှိပါသည်။