ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ ကိုကိုးကျွန်းပြန် နိုင်ငံရေးအင်အားစု၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့(UNDO)၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုတို.တွေ.ဆုံဆွေးနွေး

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)၊ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ ကိုကိုးကျွန်းပြန် နိုင်ငံရေးအင်အားစု၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့(UNDO)၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုတို့မှ ခေါင်းဆောင်များသည် ၁၁၊ ၁၀၊ ၁၆ ရက်နေ့လည်ပိုင်းက ရန်ကုန်မြို့ရှိ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ၂၁ ရာစုပင်လုံညီလာခံအပေါ် သုံးသပ်ချက်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၏ အလားအလာ၊ စစ်မှန်သောငြိမ်းချမ်းရေး ရရှိရန်ဆောင်ရွက်သင့်သည်များ၊ လက်ရှိနိုင်ငံရေးအခြေအနေအပေါ် အမြင်သဘောထားများကို ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။ ထိုဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ အထွေထွေအတွင်းရေးမှူး ဦးငွေလင်း၊ အတွင်းရေးမှူး(၁) ဦးသီဟထွဋ်ခင်၊ အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေး၊ ဗဟိုဦးဆောင်ကော်မတီဝင် ဦးကျော်ကျော်စိုး၊ ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးတိုးတိုးထွန်းတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။