ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

January 2020
M T W T F S S
« Dec    
 12345
6789101112
13141516171819
20212223242526
2728293031  

ပါတီစည်းရုံးရေးစာစဉ် အတွဲ(၂)၊ အမှတ်(၁)

ပါတီစည်းရုံးရေးစာစဉ် အတွဲ(၂)၊ အမှတ်(၁)

အဖမ်းဆီးခံလူငယ်များ လွိုင်ကော်အကျဉ်းထောင်မှပြန်လည်လွတ်မြောက်

ငြိမ်းစုစီဥပဒေ ပုဒ်​မ(၁၉)ဖြင့်​ တရားစွဲဆိုခံထားရသည့် လူငယ်(၃)ဦးအမှုကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP မှ ကြားဝင်​ စေ့စပ်​ညှိနှိုင်း​ပေးမှုကြောင့် ကယားပြည်​နယ်​အာဏာပိုင်​​များက ၂၀၁၈ ဇန်နဝါရီ ၂၃ရက်နေ့တွင် အမှုရုပ်သိမ်း​ပေးခဲ့ပါသည်​။ သက်ဆိုင်ရာ အဖွဲ့အစည်းများ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ လူ့ဘောင်သစ်လူငယ်နှင့် တစ်ပြည်လုံးမှ အရပ်ဘက်အဖွဲ့အစည်းများ လာရောက်ဝန်းရံပေးခဲ့ကြသည်။ ကယန်းအမျိုးသားပါတီဥက္ကဋ္ဌ ခွန်းဘီဒူး ကယန်းမျိုးဆက်သစ်လူငယ်မှ ခွန်းအသန်းနှင့် ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂမှ ခူးတူးရယ်တို့ လွိုင်ကော်အကျဉ်းထောင်မှ ယနေ့ လွတ်မြောက်လာခဲ့ပြီး ကယားပြည်နယ်ကျောင်းသားများသမဂ္ဂမှ ခွန်းရဲမင်းကျော်၊ ကိုမျိုးလှိုင်ဝင်းနှင့် ခွန်းဂျွန်ပေါ၊ ကရင်နီတောင်သူလယ်သမားများသမဂ္ဂမှ ဒီးဒီနှင့် ကရင်နီပြည်လူငယ်များသမဂ္ဂမှ ခွန်းဘိုဘိုတို့ မနက်ဖြန် ၂၄ ရက်နေ့တွင် လွတ်မြောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

[Show slideshow]

Action for Gender Equality Conference သို့တက်ရောက်

SocDem Asia က ဦးစီးကျင်းပသည့် Action for Gender Equality conference ကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ HARRIS Vertu Hotel ၌ ဇန်နဝါရီ ၂၂ ရက်နှင့်၂၃ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ Confrence သို့ နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ကိုယ်စားလှယ်စုစုပေါင်း ၄၆ ဦး တက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံမှ ဒေါ်တင်တင်ချို (DPNS ဗဟိုစည်းရုံးရေးကော်မတီဝင်/အမျိုးသမီးလုပ်ငန်းကော်မတီ ဆက်သွယ်ရေးတာဝန်ခံ)နှင့် ဒေါ်နိုးနိုးထက်စံတို့ တက်ရောက်ခဲ့ကြပါသည်။  Confrence တွင် အမျိုးသမီးများ၏ လက်ရှိကာလ နိုင်ငံရေးပါဝင်မှုအခြေအနေကိုသုံးသပ်ခြင်း နိုင်ငံရေးဦးဆောင်မှုတွင် အမျိုးသမီးများ ပါဝင်မှု အားနည်းရခြင်းအကြောင်းအရာများရှာဖွေခြင်း ပါဝင်မှုအားကောင်းလာစေရန် မဟာဗျူဟာမြောက်လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြပါသည်။  လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ ဒေါ်နိုးနိုးထက်စံက ”’ အမျိုးသမီးများ၏ နိုင်ငံရေးပါဝင်မှုသည်

ဆန္ဒပြပြည်သူများအပေါ် အရေးယူနှိမ်နှင်းမှုများနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

ဆန္ဒပြပြည်သူများအပေါ် အရေးယူနှိမ်နှင်းမှုများနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက် (၁/၂၀၁၈)

1.-Statement-on-Current-Situation-1-2018-20-1-2018

ဆန္ဒပြပြည်သူများအပေါ် အရေးယူနှိမ်နင်းနေမှုများနှင့်ပတ်သက်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဘောထားကြေငြာချက်

ဆန္ဒပြပြည်သူများအပေါ် အရေးယူနှိမ်နင်းနေမှုများနှင့်ပတ်သက်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဘောထားကို (၂၀၊ ၁၊ ၂၀၁၈) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

KGG အထည်ချုပ်စက်ရုံ အလုပ်သမားသပိတ်ကို ဝန်းရံ

ပြေလည်မှုရရှိပြီး သဘောတူညီချက်များကို ပြန်လည်ချိုးဖေါက်သည့်အတွက် ဒုတိယအကြိမ် သပိတ်တိုက်ပွဲ ဆင်နွှဲနေသည့် KGG အထည်ချုပ် အလုပ်သမားသပိတ်သို့ ကူညီထောက်ပံ့ငွေ ၂၀,၀၀၀ိ (ကျပ်နှစ်သောင်း)အား လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကိုယ်စား ရဲဘော်ကိုဝေဇင်က ပေးအပ်လှူဒါန်းခဲ့ပါသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေး

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေး(၁/၂၀၁၈)ကို ၂၀၁၈ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ၂၀၁၈ ခုနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် လတ်တလောဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးအတည်ပြုခဲ့ကြပါသည်။

မူးယစ်ဆေးဝါးမူဝါဒပြောင်းလဲခြင်းဆိုင်ရာစာတမ်း မိတ်ဆက်ပွဲ သို့ ဘားအံမြို့နယ်စည်းကော်မတီ မှတက်ရောက်

People in Need လောကအလင်းနှင့် European Partnership for Democracy တို့ ပူးပေါင်းပြုလုပ်သည့် မြန်မာနိုင်ငံ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ မူးယစ်ဆေးဝါး မူဝါဒပြောင်းလဲခြင်းဆိုင်ရာ အစီရင်ခံစာမိတ်ဆက်ဆွေးနွေးပွဲကိုကရင်ပြည်နယ် ဘားအံမြို့ ခွယ်ကဘောင်ခန်မ၌ ပြုလုပ်ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဘားအံမြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌနှင့် စည်းရုံးရေးကော်မတီဝင်များ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

[Show slideshow]  

Best Prictices on Security Sector Workshop ဒုတိယနေ့ သို့တက်ရောက် ဆွေးနွေး

မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသိပ္ပံမှ စီစဉ်ပြုလုပ်သည့် Best Prictices on Security Sector Workshop ဒုတိယနေ့ကို ၂၀၁၈ ဇန်နဝါရီ ၁၇ ရက်နေ့က ရန်ကုန်မြို့ Orchid Hotel ၌ ဆက်လက်ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ် အပါအဝင် နိုင်ငံရေးပါတီခေါင်းဆောင်များ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး၊ နယ်စပ်လုံခြုံရေး၊ ကာကွယ်ရေးကဏ္ဍပြုပြင်ပြောင်းလဲရေးဆိုင်ရာနည်းနာများ အစရှိသည်တို့ကို သင်တန်းတာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။

[Show slideshow]

 

Best Prictices on Security Sector Workshop ပထမနေ့ ဆွေးနွေးပွဲ သို့တက်ရောက်

မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသိပ္ပံမှ စီစဉ်ပြုလုပ်သည့် Best Prictices on Security Sector Workshop ကို ၂၀၁၈ ဇန်နဝါရီ ၁၆ ရက်နေ့က ရန်ကုန်မြို့ Orchid Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်လူငယ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အပါအဝင် နိုင်ငံရေးပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် Security Sector Reform နှင့် Defence Reform တို့ကို သင်တန်းတာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။