ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

August 2019
M T W T F S S
« Jul    
 1234
567891011
12131415161718
19202122232425
262728293031  

နောက်ဆုံးရသတင်းများ

UEC နှင့် နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးပွဲတက်ရောက် August 7, 2019

ရှစ်လေးလုံး အရေးတော်ပုံ ပုလဲရတု အကြို စကားဝိုင်း August 6, 2019

DPNS ဗဟိုကော်မတီအစည်းအဝေး (၂/၂၀၁၉) August 5, 2019

ကျေးလက်လူထုလှုပ်ရှားမှုများကို ဝန်းရံမည့် ကော်မတီတစ်ရပ်ကို DPNS နှင့် နိုင်ငံရေးအင်အားစုများ စုပေါင်းဖွဲ့စည်း August 2, 2019

DPNS စည်းရုံးရေးမှူးသင်တန်း အမှတ်စဉ် ၁/၂၀၁၉ သင်တန်းဆင်းပွဲ August 1, 2019

Data Analysis and Political Communication သင်တန်းသို့ တက်ရောက် July 28, 2019

ကျေးလက်လူထုလှုပ်ရှားမှု ဝန်းရံရေးကော်မတီဖွဲ့စည်း July 28, 2019

Shrinking Political Parties’ Space in Myanmar အလုပ်ရုံ ဆွေးနွေးပွဲတက်ရောက် July 27, 2019

သခင်ကိုယ်တော်မှိုင်းကွယ်လွန်ခြင်း ၅၅နှစ်ပြည့် အခမ်းအနား (News Video) July 24, 2019

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၅ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားနှင့် ငြိမ်းချမ်းရေးစကားဝိုင်း July 23, 2019


အမြင်သဘောထား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရပြောနေတဲ့ “တရားဥပဒေစိုးမိုးရေး” ဘာလဲ ဘယ်လဲ အရင်းစစ်လိုက်ရင် “တရားဥပဒေစိုးမိုးရေး” ဆိုတာဟာ “၂၀၀၈ အခြေခံဥပဒေပြဿနာ” လိုပါပဲ။ ဥပဒေဆိုင်ရာ ပြဿနာသက်သက် မဟုတ်ဘဲ နိုင်ငံရေးပြဿနာစစ်စစ်ပဲဖြစ်ပါတယ်။ ပြည်သူတွေအပေါ် အာဏာအရ၊ တည်ဆဲဥပဒေများအရ၊ ဓနဥစ္စာအရ၊ ဗြူရိုကရေစီအသိုင်းအဝိုင်းအရအစဉ်အဆက် ချုပ်ကိုင်ထားသူများက ပြည်သူလူထုအပေါ် ပုံစံမျိုးစုံနဲ့ ချိုးဖောက်ကျူးလွန်နေတဲ့ မတရားမှုတွေကို ပြတ်ပြတ်သားသားဆန့်ကျင်တိုက်ဖျက်ရေးဆိုတဲ့ နိုင်ငံရေးပြဿနာပဲ ဖြစ်ပါတယ်။တနည်းအားဖြင့် အမျိုးးသားဒီမိုကရေစီအဖွဲ့ချုပ် တချိန်တခါကကိုင်စွဲခဲ့ပြီးယခုအခါ စွန့်လွှတ် ပစ်ပယ်ထားခဲ့တဲ့ “မတရားတဲ့ အမိန့်အာဏာမှန်သမျှ တာဝန်အရဖီဆန်ကြ”ဆိုတဲ့ မပြီးဆုံးသေးတဲ့ နိုင်ငံရေးပြဿနာရဲ့ အဆက်လည်း ဖြစ်ပါတယ်။ “တရားဥပဒေစိုးမိုးရေး” ဆိုတာကိုဟိုလိုဒီလိုအဓိပ္ပါယ်တွေအမျိုးမျိုးဖွင့်နေကြပေမယ့် အနှစ်သာရကတော့ အောက်ပါအချက်နှစ်ချက် အပြည့်အဝပါဝင်ဖို့ပဲ ဖြစ်ပါတယ်။ ၁။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်၊ အကျိုးစီးပွားတွေနဲ့ လွတ်လပ်စွာကိုးကွယ်ယုံကြည် ပြောဆိုခွင့်တွေကိုတကယ်တမ်းထိထိရောက်ရောက် အကာအကွယ်ပေးရေး၊ ၂။ ပြည်သူတွေအပေါ် မတရားဖိနှိပ် အကြမ်းဖက် ရန်ပြုလာမှု မှန်သမျှကို ပြတ်ပြတ်သားသားထိထိမိမိကိုင် တွယ်အပြစ်ပေးအရေးယူနိုင်တဲ့ဥပဒေတွေစိုးမိုးရေး ဖြစ်ရပါ့မယ်။ ဘယ်သူကပဲဖြစ်ဖြစ် “တရားဥပဒေစိုးမိုးရေး”လို့ ပြောလာပါစေ။ဒီအချက်နှစ်ချက်နဲ့ စိစစ်တိုင်းတာဆန်းစစ်ကြည့်ဖို့ လိုအပ်ပါတယ်။ ဒီအချက်နှစ်ချက် ပါဝင်ဖို့ ပျက်ကွက်နေတဲ့ တရားဥပဒေစိုးမိုးရေးဟာအတုအယောင် တရားဥပဒေစိုးမိုးရေး (သို့မဟုတ်) အမည်ခံတရားဥပဒေစိုးမိုးရေးပဲ ...

တပ်မတော်နဲ့ AA တိုက်ပွဲတွေ ရပ်တန့်ရေး သမ္မတ ဖြေရှင်းပေးဖို့ တောင်းဆို ၂၈၊ ဇွန်၊ ၂၀၁၉ RFA ရခိုင်ပြည်နယ်က အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲတွေ အမြန်ဆုံးရပ်စဲအောင် သမ္မတ ကိုယ်တိုင် တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းပေးဖို့ အဖွဲ့အစည်း ၁၀၀ ကျော်က မနေ့က အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့တောင်းဆိုလိုက်ပါတယ်။ နိုင်ငံတော်သမ္မတက ညွှန်ကြားရင် တိုက်ပွဲတွေကို ရပ်တန့်ပေးမယ်လို့ တပ်မတော်ဘက်က သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ပြောဆိုထားတာရှိတဲ့အတွက် သမ္မတဆီ တောင်းဆိုတာလို့ အိတ်ဖွင့်ပေးစာပေးပို့ရာမှာ ပါဝင်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD က ဦးမျိုးကျော်က ဒီနေ့ ပြောပါတယ်။ “အခု ကျတော်တို့ တိုက်တွန်းတာက တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောထားတာ ကျွန်တော်တို့ ကြားတယ်။ သမ္မတကသာ ရပ်စဲစေချင်တယ်ဆိုရင် ...

၂ဝ၂ဝ ရွေးကောက်ပွဲကို တိုင်းရင်းသားနဲ့မဟာမိတ်ပါတီတွေ ဘယ်လိုအနိုင်ယူမလဲ ဧရာဝတီ၊ ဇွန် ၁၃၊ ၂၀၁၉ “၂ဝ၂ဝ ရွေးကောက်ပွဲကို တိုင်းရင်းသားနဲ့မဟာမိတ်ပါတီတွေ ဘယ်လိုအနိုင်ယူမလဲ” ခေါင်းစဉ်ဖြင့် DPNS ဥက္ကဌ ဦးအောင်မိုးဇော်နှင့် SNLD အတွင်းရေးမှူး ဦးစိုင်းလိတ်တို့၏ ဆွေးနွေးချက် ရိုက်ကူး – ကျန်ကျောင်း၊ ကျော်သူရ တည်းဖြတ် – ကျော်သူရ https://www.facebook.com/theirrawaddyburmese/videos/2242692972481594/UzpfSTE3OTQ3MTgwODczMTM1MToyNTMyMjkwOTkwMTE2MDc2/

“ဥဒါန်း ဘယ်မကြေစရာ” အဖြစ်အပျက်များ သမိုင်းအမွေဆိုးအဖြစ် မကျန်ရှိရေးအတွက် အမြန်ဆုံး ဖြေရှင်းပါ (၆၊ ၆၊ ၂၀၁၉) Alpha ဘိလပ်မြေစက်ရုံအရေးဆန့်ကျင်ဆန္ဒပြကြတဲ့ဒေသခံအောင်သပြေရွာသားတွေကို အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးမှုတွေရဲ့နောက်ဆက်တွဲဖြစ်ရပ်မှာလူ့အသက်ဆုံးရှုံးသည်အထိဖြစ်ခဲ့ရပါပြီ်။အောင်သပြေရွာသား၊ လက်သမားဆရာကိုထွန်းမြင့်ဝင်းဟာဖမ်းဆီးချုပ်နှောင်ခံထားရစဉ် ဇွန် ၅ ရက်၊ မနက် ၅း၀၀ နာရီမှာသေဆုံးခဲ့ပါတယ်။ အရက်ကြောင်ရောဂါကြောင့်လို့တာဝန်ရှိအာဏာပိုင်တွေကပြောဆိုပေမယ့် ခန္ဓာကိုယ်ပေါ်မှာညှဉ်းပမ်းနှိပ်စက် ရိုက်နှက်ထားတဲ့ဒဏ်ရာတွေတွေ့ တယ်လို့မိသားစုဝင်တွေကပြောပါတယ်။ အာဏာပိုင်တွေပြောကြားတဲ့ရောဂါအမျိုးအစားဟာအသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာကိုတော့ဆေးသိပ္ပံပညာကတိတိကျကျ သိနိုင်မှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့မေ ၁၅ ရက်နေ့ကအောင်သပြေရွာသားတွေအပေါ် အကြမ်းဖက်ဖြိုခွင်းတဲ့ဖြစ်စဉ်အပြီးမှာဆက်တိုက် ဖြစ်ပွါးခဲ့တဲ့ အဖြစ်အပျက်တွေဖြစ်ပါတယ်။ ရဲအင်အားအများအပြားသုံးပြီးအောင်သပြေရွာ အဝင်အထွက်ကိုပိတ်ဆို့ထားပါတယ်။ နာမည်ကျော် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) အပါအဝင်၊ မီးရှို့မှု၊ အကျိုးဖျက်ဆီးမှု စတဲ့ ပုဒ်မများစွာနဲ့အောင်သပြေရွာသားများစွာဖမ်းဆီးချုပ်နှောင်ခံကြရပါတယ်။ ဝရမ်းပြေးဖြစ်ကြရပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမိုးလင်းပုသိမ်ကြီးမြို့နယ် ထွေ/အုပ်ရုံးကအစည်းအဝေးဖိတ်လို့အသွားမှာဖမ်းဆီးခံရပါတယ်။ ယခုသေဆုံးရသူကိုထွန်းမြင့်ဝင်းမှာလည်းသူ့လက်သမားလုပ်ငန်းခွင်ကိုအသွားမှာဖမ်းဆီးခံရတာဖြစ်ပါတယ်။ အောင်သပြေကျေးရွာသား၊ ၉ တန်းကျောင်းသားမောင်ထူးဝေယံဆိုရင်လည်းကျောင်းဖွင့်ချိန် ကျောင်းသုံးပစ္စည်းတွေ မန္တလေးမြို့ပေါ် တက်ဝယ်ပြီးသူငယ်ချင်းတွေနဲ့အတူတူ ပြန်လာစဉ် အဖမ်းခံရခြင်းဖြစ်ပါတယ်။ ဖခင် ...


ထုတ်ပြန်ချက်များ

၇ ဇူလိုင် ၅၇ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားများသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပေးပို့သော သဝဏ်လွှာ

ဇွန် ၆ အလုပ်သမားတိုက်ပွဲ (၄၅) နှစ်မြောက် အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

စစ်ပွဲများ ချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ စကားဝိုင်းဆွေးနွေးပွဲ သဘောထားထုတ်ပြန်ချက်

ABSDF ခေါင်းဆောင် ရဲဘော်ကိုကျော်ကိုအတွက် DPNS မှပေးပို့သော ဝမ်းနည်းကြောင်းသဝဏ်လွှာ

ဆရာကြီးဒဂုန်တာရာ နှစ် ၁၀၀ ပြည့် အခမ်းအနားသို့ ပေးပို့သည့် DPNS ၏ ဂုဏ်ပြုသဝဏ်လွှာ

(၁၂၉) နှစ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ မေဒေး အခမ်းအနားများသို့ DPNS က ပေးပို့သော ဂုဏ်ပြု သဝဏ်လွှာ

(SWAN) နှစ်(၂၀)ပြည့် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၃ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဂုဏ်ပြုပွဲအခမ်းအနားသို့ DPNS – WWC က ပေးပို့သည့်သဝဏ်လွှာ

စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး ဈာပနအခမ်းအနားသို့ DPNS က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့


ပါတီလှုပ်ရှားမှုများ

နိုင်ငံရေးပါတီများအတွက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် USAID နှင့် International Republican Institute(lRI) တို့ ပူးပေါင်းစီစဉ်သော နိုင်ငံရေးပါတီများအတွက် အလုပ်ရုံဆွေးနွေးပွဲတရပ်ကို မန္တလေးမြို့ရှိ Hotel Mandalay တွင် ၂၀၁၆၊ စက်တင်ဘာလ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲ၌ ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ၊ ရွေးကောက်ပွဲ ကြားကာလ နိုင်ငံရေးပါတီများ၏ လုပ်ငန်းနှင့် အခန်းကဏ္ဍတို့ကို အဓိကထား ဆွေးနွေးခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးသန့်စင်၊ မန္တလေးတိုင်း စည်းရုံးရေးကော်မတီဝင် ဦးဇော်ဝင်း၊ ဦးသန်းထွန်းအောင်နှင့် မန္တလေးတိုင်း လူ့ဘောင်သစ်လူငယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ရွှေဝါရောင်တော်လှန်ရေး ၉ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး ၉ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကစံဓမ္မပီယ သာသနာ့ရိပ်သာ၌ ၁၈၊ ၉၊ ၁၆ နေ့လည် ၁၂း၀၀ နာရီမှ ၁း၀၀ နာရီအထိ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ရွှေဝါရောင်ဦးဆောင် သံဃာတော်တပါးဖြစ်သည့် ဆရာတော်ဦးပဏ္ဍ၀ံသက သြ၀ါဒစကား မြွက်ကြားခဲ့ပြီး အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်ကို ဆရာတော်ဦးစန္ဒာသီရိက ရှင်းလင်းတင်ပြခဲ့ပါသည်။ ရွှေဝါရောင်တော်လှန်ရေး ၉ နှစ်မြောက် သဘောထားကြေညာချက်ကို ဆရာတော်သီးအဂ္ဂရာဇာ က ဖတ်ကြားခဲ့ပါသည်။ ထို့နောက် မန္တလေး ဂဠုန်နီဆရာတော် ဦးကာဝိယ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်နှင့် ဘာသာကြီးလေးရပ် ဆရာတော်ကြီးများက ...

နီအောင်မေသု(ခ)ဦးသု ကျဆုံးခြင်း ၁၄ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ရဲဘော် နီအောင်မေသု(ခ)ဦးသု(၁၉၄၁-၂၀၀၂) ကျဆုံးခြင်း ၁၄ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ၁၇၊၉၊၁၆ ရက် နေ့လည် ၂း၀၀ နာရီမှ ၄း၀၀ နာရီအထိ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်၊ သီရိခန်းမတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနား၏ အဖွင့်အမှာစကားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးက ပြောကြားခဲ့ပြီး ဦးအောင်မေသု၏ ကိုယ်ရေးမှတ်တမ်းအကျဉ်းကို ဦးထင်အောင်မှ ဖတ်ကြားခဲ့ပါသည်။ ထို့နောက် ဦးမြတ်ဆွေ(ကိုးကိုးကျွန်းပြန်)၊ ဦးတင်အောင်(ကိုကိုးကျွန်းပြန်)၊ ကိုဂျင်မီ (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)၊ ဦးခင်ထွန်း(မင်းလှ NLD)၊ ဦးတင်သန်းဦး(နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့)၊ ကိုလွှမ်းမိုးအောင်(ဦးအောင်မေသု သား)တို့မှ အမှတ်တရစကားများ ပြောကြားခဲ့ကြပါသည်။ အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်များ အစည်းအဝေးကျင်းပ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်များ၏ အစည်းအဝေးကို ၁၅၊ ၉၊ ၁၆ ရက် နေ့လည်ပိုင်းက တောင်ဥက္ကလာပ စိတ်တိုင်းကျစားသောက်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ရန်ကုန်၊ မြင်းခြံနှင့် ပြည်ခရိုင် မှိုင်းငြိမ်းကွန်ရက်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတက်ရောက်လာသူများက မိမိတို့ကွန်ရက်အသီးသီး၏ လက်ရှိအခြေအနေနှင့် ဆောင်ရွက်နေမှုများ၊ မကြာမီက ကျင်းပပြီးစီးခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအပေါ် သုံးသပ်ချက်၊ ငြိမ်းချမ်းရေးရရှိရန် ရှေ့ဆက်လုပ်ဆောင်သင့်သောကိစ္စရပ်များ၊ လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေးအခြေပြုအရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ညီညွတ်ရေး၊ တန်းတူရေး အစရှိသည်တို့အပေါ်တွင် အခြေခံသော သူမနာကိုယ်မနာငြိမ်းချမ်းရေးမူအား ပြည်သူလူထုကြားတွင် ကျယ်ကျယ်ပြန့်ပြန့် သိရှိလက်ခံလာနိုင်ကြစေရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါသည်။


အင်တာဗျူ :

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် “ခေတ်ရနံ့” မဂ္ဂဇင်း တို့ဆွေးနွေးချက် ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLDအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။ ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခု အများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မူ ဒါမှမဟုတ် တန့်နေမူ၊ နောက်ဆုတ်သွားမူ အဲဒီ ရှုထောင့်ကနေ ရှူမြင်သုံးသပ်ချင် ပါတယ်။ ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်မူကိုပဲ လေ့လာလေ့လာ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မူနဲ့ တဆက်တစပ်တည်း  ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်)ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိ နေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မူ၊ ဆုတ်ယုတ်မူ ဖြစ်စဉ်ဟာ ဖွံ့ဖြိုးရေးအတွက်ဖြစ် ဖြစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက်ဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မူအရေးအတွက်ဖြစ်ဖြစ် အလွန် အခရာကျပါတယ်။


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ