ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

October 2019
M T W T F S S
« Sep    
 123456
78910111213
14151617181920
21222324252627
28293031  

ပါတီလှုပ်ရှားမှုများ

NNER နှင့် တက္ကသိုလ်ဆရာဆရာများအသင်းတို့ ပူးပေါင်းကျင်းပသည့် ပညာရေးဟောပြောဆွေးနွေးပွဲ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် NNER နှင့် တက္ကသိုလ်ဆရာဆရာများအသင်းတို့ ပူးပေါင်းကျင်းပသည့် ပညာရေးဟောပြောဆွေးနွေးပွဲကို ၂၀၁၈ ဇွန်လ ၂၃ ရက်နေ့တွင် အင်းစိန်မြို့ ရန်ကုန်မျက်မမြင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံ ဒီမိုကရေစီပညာရေး ပြုပြင်ပြောင်းလဲရေးတွင် ဆရာသမဂ္ဂများ၏ အခန်းကဏ္ဍ ဟူသည့်ခေါင်းစဉ်ဖြင့် ပြုလုပ်ခြင်းဖြစ်ပါသည်။

NNER ကိုယ်စားပြုကော်မတီအစည်းအဝေးနှင့် လုပ်ငန်းအဖွဲ့များ၏ ၆ လပတ်အစည်းအဝေး(ပထမနေ့) ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) ကိုယ်စားပြုကော်မတီအစည်းအဝေးနှင့် လုပ်ငန်းအဖွဲ့များ၏ ၆ လပတ်အစည်းအဝေးကို ၂၀၁၈၊ ဇွန်လ ၂၂ ရက်နေ့တွင် အင်းစိန်မြို့နယ်ရှိ ရန်ကုန်မျက်မမြင်ကျောင်း၌ ကျင်းပခဲ့ပါသည်။ နံနက်ပိုင်းတွင် လုပ်ငန်းအဖွဲ့များ၏ ၆ လတာအတွင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား တင်ပြခဲ့ကြပါသည်။ NNER ကိုယ်စားပြုကော်မတီဝင်တဦးဖြစ်သည့် DPNS အတွင်းရေးမှူး ၁ ဒေါ်နှင်းနှင်းမွှေးလည်း အစည်းအဝေးတက်ရောက်ခဲ့ပါသည်။ နေ့လည်ပိုင်းတွင် ပုဂ္ဂလိကပညာရေးအခန်းကဏ္ဍအကြောင်း ဟောပြောဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ခဲ့ရာ ဒေါက်တာသိန်းလွင်နှင့် Ms Helen Dabu တို့က ဟောပြောဆွေးနွေးပေးခဲ့ကြပါသည်။

ပါတီဥက္ကနှင့်အဖွဲ့ မြင်းခြံမြို့နယ်တွင် အစည်းအဝေးကျင်းပ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်ဦးဆောင်သောအဖွဲ့သည် မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များနှင့် ၂၀၁၈ ဇွန်လ ၁၈ ရက်နေ့တွင် တွေ့ဆုံ၍ အစည်းအဝေးပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မြင်းခြံမြို့နယ်၏စည်းရုံးရေးအခြေအနေများ၊ ပါတီရှေ့လုပ်ငန်းစဉ်များ၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံညှိနှိုင်းသည့်အစည်းအဝေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ကော်မရှင်၏သဘောထား၊ မဲဆန္ဒရှင်စာရင်းများပြုစုရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့် ဖွဲ့စည်းထားရှိမှုအခြေအနေများကို ပြောကြားတင်ပြခဲ့ပါသည်။ တက်ရောက်လာသည့် ပါတီကိုယ်စားလှယ်များကလည်း ရွေးကောက်ပွဲဆိုင်ရာ သဘောထားအမြင်များ အကြံပြုချက်များကို ပြန်လည်တင်ပြခဲ့ကြပါသည်။

 


ထုတ်ပြန်ချက်များ

(SWAN) နှစ်(၂၀)ပြည့် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၃ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဂုဏ်ပြုပွဲအခမ်းအနားသို့ DPNS – WWC က ပေးပို့သည့်သဝဏ်လွှာ

စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး ဈာပနအခမ်းအနားသို့ DPNS က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

၇၁ နှစ်မြောက် ကရင်အမျိုးသားနေ့အခမ်းအနားများသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

စည်းလုံးညီညွတ်သော တိုင်းရင်းသားမဟာမိတ်များနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ မြေလွတ် မြေလပ် မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေနှင့်ပတ်သက်သည့် ပူးတွဲသဘောထားထုတ်ပြန်ချက်

ဖုယွင်အထည်ချုပ်အလုပ်သမားများအား အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက် (၆/၂၀၁၈)

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီတည်ထောင်ခြင်း အနှစ် ၃၀ ပြည့် အထိမ်းအမှတ် သဘောထားထုတ်ပြန်ချက်

သတင်းမီဒီယာများအား ဖိနှိပ်ခြင်းအပေါ် သဘောထားထုတ်ပြန်ချက်

DPNS ရဲဘော်ဟောင်း မသင်းသင်းအေး(ခ)မမီးမီး၏ ဈာပနသို့ ပန်းခြင်းနှင့်သဝဏ်လွှာ ပေးပို့

 


အမြင်သဘောထား

တပ်မတော်နဲ့ AA တိုက်ပွဲတွေ ရပ်တန့်ရေး သမ္မတ ဖြေရှင်းပေးဖို့ တောင်းဆို ၂၈၊ ဇွန်၊ ၂၀၁၉ RFA ရခိုင်ပြည်နယ်က အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲတွေ အမြန်ဆုံးရပ်စဲအောင် သမ္မတ ကိုယ်တိုင် တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းပေးဖို့ အဖွဲ့အစည်း ၁၀၀ ကျော်က မနေ့က အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့တောင်းဆိုလိုက်ပါတယ်။ နိုင်ငံတော်သမ္မတက ညွှန်ကြားရင် တိုက်ပွဲတွေကို ရပ်တန့်ပေးမယ်လို့ တပ်မတော်ဘက်က သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ပြောဆိုထားတာရှိတဲ့အတွက် သမ္မတဆီ တောင်းဆိုတာလို့ အိတ်ဖွင့်ပေးစာပေးပို့ရာမှာ ပါဝင်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD က ဦးမျိုးကျော်က ဒီနေ့ ပြောပါတယ်။ “အခု ကျတော်တို့ တိုက်တွန်းတာက တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောထားတာ ကျွန်တော်တို့ ကြားတယ်။ သမ္မတကသာ ရပ်စဲစေချင်တယ်ဆိုရင် ...

၂ဝ၂ဝ ရွေးကောက်ပွဲကို တိုင်းရင်းသားနဲ့မဟာမိတ်ပါတီတွေ ဘယ်လိုအနိုင်ယူမလဲ ဧရာဝတီ၊ ဇွန် ၁၃၊ ၂၀၁၉ “၂ဝ၂ဝ ရွေးကောက်ပွဲကို တိုင်းရင်းသားနဲ့မဟာမိတ်ပါတီတွေ ဘယ်လိုအနိုင်ယူမလဲ” ခေါင်းစဉ်ဖြင့် DPNS ဥက္ကဌ ဦးအောင်မိုးဇော်နှင့် SNLD အတွင်းရေးမှူး ဦးစိုင်းလိတ်တို့၏ ဆွေးနွေးချက် ရိုက်ကူး – ကျန်ကျောင်း၊ ကျော်သူရ တည်းဖြတ် – ကျော်သူရ https://www.facebook.com/theirrawaddyburmese/videos/2242692972481594/UzpfSTE3OTQ3MTgwODczMTM1MToyNTMyMjkwOTkwMTE2MDc2/

“ဥဒါန်း ဘယ်မကြေစရာ” အဖြစ်အပျက်များ သမိုင်းအမွေဆိုးအဖြစ် မကျန်ရှိရေးအတွက် အမြန်ဆုံး ဖြေရှင်းပါ (၆၊ ၆၊ ၂၀၁၉) Alpha ဘိလပ်မြေစက်ရုံအရေးဆန့်ကျင်ဆန္ဒပြကြတဲ့ဒေသခံအောင်သပြေရွာသားတွေကို အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးမှုတွေရဲ့နောက်ဆက်တွဲဖြစ်ရပ်မှာလူ့အသက်ဆုံးရှုံးသည်အထိဖြစ်ခဲ့ရပါပြီ်။အောင်သပြေရွာသား၊ လက်သမားဆရာကိုထွန်းမြင့်ဝင်းဟာဖမ်းဆီးချုပ်နှောင်ခံထားရစဉ် ဇွန် ၅ ရက်၊ မနက် ၅း၀၀ နာရီမှာသေဆုံးခဲ့ပါတယ်။ အရက်ကြောင်ရောဂါကြောင့်လို့တာဝန်ရှိအာဏာပိုင်တွေကပြောဆိုပေမယ့် ခန္ဓာကိုယ်ပေါ်မှာညှဉ်းပမ်းနှိပ်စက် ရိုက်နှက်ထားတဲ့ဒဏ်ရာတွေတွေ့ တယ်လို့မိသားစုဝင်တွေကပြောပါတယ်။ အာဏာပိုင်တွေပြောကြားတဲ့ရောဂါအမျိုးအစားဟာအသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာကိုတော့ဆေးသိပ္ပံပညာကတိတိကျကျ သိနိုင်မှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့မေ ၁၅ ရက်နေ့ကအောင်သပြေရွာသားတွေအပေါ် အကြမ်းဖက်ဖြိုခွင်းတဲ့ဖြစ်စဉ်အပြီးမှာဆက်တိုက် ဖြစ်ပွါးခဲ့တဲ့ အဖြစ်အပျက်တွေဖြစ်ပါတယ်။ ရဲအင်အားအများအပြားသုံးပြီးအောင်သပြေရွာ အဝင်အထွက်ကိုပိတ်ဆို့ထားပါတယ်။ နာမည်ကျော် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) အပါအဝင်၊ မီးရှို့မှု၊ အကျိုးဖျက်ဆီးမှု စတဲ့ ပုဒ်မများစွာနဲ့အောင်သပြေရွာသားများစွာဖမ်းဆီးချုပ်နှောင်ခံကြရပါတယ်။ ဝရမ်းပြေးဖြစ်ကြရပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမိုးလင်းပုသိမ်ကြီးမြို့နယ် ထွေ/အုပ်ရုံးကအစည်းအဝေးဖိတ်လို့အသွားမှာဖမ်းဆီးခံရပါတယ်။ ယခုသေဆုံးရသူကိုထွန်းမြင့်ဝင်းမှာလည်းသူ့လက်သမားလုပ်ငန်းခွင်ကိုအသွားမှာဖမ်းဆီးခံရတာဖြစ်ပါတယ်။ အောင်သပြေကျေးရွာသား၊ ၉ တန်းကျောင်းသားမောင်ထူးဝေယံဆိုရင်လည်းကျောင်းဖွင့်ချိန် ကျောင်းသုံးပစ္စည်းတွေ မန္တလေးမြို့ပေါ် တက်ဝယ်ပြီးသူငယ်ချင်းတွေနဲ့အတူတူ ပြန်လာစဉ် အဖမ်းခံရခြင်းဖြစ်ပါတယ်။ ဖခင် ...

ကွဲပြားခြားနားမှုသည် ကွာခြားမှုမဟုတ်.. တန်းတူမှု(Equality)ဆိုတာလူ့အဖွဲ့အစည်းတခုမှာအလွန် အရေးကြီးပါတယ်။ အထူးသဖြင့် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနေထိုင်တဲ့လူ့အဖွဲ့အစည်းတခုမှာတန်းတူမှုဟာပို၍ပင် မရှိမဖြစ် လိုအပ်ပါတယ်။ တန်းတူမှုဆိုရာမှာဘာသာရေးအရ၊ လူမျိုးရေးအရ၊ လိင်အရ၊ အသားအရောင်အရ၊ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုအရခွဲခြားဆက်ဆံမှုမရှိဘဲအခွင့်အရေးနဲ့အခွင့်အလမ်းများတန်းတူရည်တူရရှိဖို့လိုအပ်ပါတယ်။ မေလ ၁၅ ရက်နေ့ည ၁၀း၀၀ နာရီလောက်မှာမျိုးချစ်ရဟန်းတော်များဆိုတဲ့အဖွဲ့နဲ့အတူအရပ်သားအချို့က တောင်ဒဂုံမြို့နယ်၊ အမှတ်(၆၄)ရပ်ကွက်နဲ့ (၁၀၆)ရပ်ကွက်ရှိအစ္စလာမ်ရမ္မဒန်(ဥပုသ်)ကာလဝတ်ပြုဆုတောင်းရာနေရာတွေကိုလူစုလူဝေးနဲ့ပိတ်ဆို့တားမြစ် နှောက်ယှက်ခဲ့ပါတယ်။ အဲဒီနေရာတွေဟာအစ္စလာမ်ဘာသာဝင်များရဲ့နေ့ကြီးရက်ကြီးအခါကြီးဖြစ်တဲ့ရမ္မဒန်ဥပုသ်ကာလတွင် စုပေါင်းဝတ်ပြုနိုင်ဖို့အတွက် ရန်ကုန်းတိုင်းဒေသကြီးအစိုးရကမေလ ၈ ရက်နေ့မှာတရားဝင် ခွင့်ပြုပေးထားခဲ့တဲ့နေရာတွေဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၈) “နိုင်ငံသား၊ နိုင်ငံသားများမူလအခွင့်အရေးနှင့် တာဝန်”ပါ ပုဒ်မ (၃၅၄) အပိုဒ်(ဃ)မှာ ” . . . . . .မိမိချစ်ခင်မြတ်နိုးသည့်စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ၊ သာသနာနှင့် ဓလေ့ထုံးတမ်းများကိုလွတ်လပ်စွာဆောင်ရွက်ပိုင်ခွင့်”ရှိကြောင်းဖော်ပြထားပါတယ်။ ဒီဖွဲ့စည်းပုံဥပဒေထဲမှာပဲ မြန်မာနိုင်ငံမှာအစ္စလာမ်ဘာသာဟာတရားဝင်ဘာသာတခုဖြစ်ကြောင်းအသိအမှတ်ပြုထားပြီးလည်းဖြစ်ပါတယ်။ တရားဝင် အသိအမှတ်ပြုခံထားရတဲ့ဘာသာတခုရဲ့အထွဋ်အမြတ် အခါကြီးရက်ကြီးဝတ်ပြုဆုတောင်းမှုကိုဘာသာရေးအစွန်းရောက် လူတစုရဲ့ရန်ကနေကာကွယ်ပေးဖို့အာဏာပိုင်တွေဘက်ကပျက်ကွက်တာဟာမဖြစ်သင့်တဲ့ကိစ္စပါ။ မျိုးချစ်အမည်ခံအစုအဖွဲ့ရဲ့လုပ်ရပ်ဟာနိုင်ငံတကာအလယ်မှာမြန်မာနိုင်ငံရဲ့ပုံရိပ်နဲ့နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာကိုညစ်နွမ်းကျဆင်းစေပါတယ်။ အစိုးရအနေနဲ့လူနည်းစုဘာသာဝင်တွေရဲ့လွတ်လပ်စွာယုံကြည်ကိုးကွယ်မှုကိုအကာအကွယ်ပေးဖို့လိုအပ်ပါတယ်။ အခုကိစ္စမှာအစိုးရတာဝန်ရှိသူတွေအနေနဲ့အကာအကွယ်မပေးတဲ့အပြင် မိမိတို့ တရားဝင် ခွင့်ပြုထားပြီးဖြစ်တဲ့စုပေါင်းဝတ်ပြုခွင့်ကိုလျစ်လျူရှုပြီးအစွန်းရောက်လူအုပ်ရဲ့တောင်းဆိုချက်အတိုင်းဝတ်ပြုမှုကိုပိတ်ပင်ခြင်းဟာမသင့်လျော်တဲ့၊မလုပ်သင့် မလုပ်ထိုက်တဲ့လုပ်ရပ်ဖြစ်ပါတယ်။ အချုပ်အားဖြင့် ပြောရမယ်ဆိုရင်မြန်မာနိုင်ငံမှာလူမျိုးရေးအရ၊ ကိုးကွယ်ယုံကြည်တဲ့ဘာသာအရ၊ လိင်အရ၊ အသားအရောင်အရ၊ ...

 


အင်တာဗျူ :

ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့ လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့ ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့ ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။ မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

 

 


 

နောက်ဆုံးရသတင်းများ

ဂုဏ်သိက္ခာရှိတဲ့နိုင်ငံဖြစ်ဖို့ အကျပ်အတည်းတွေကို စုစုစည်းစည်းကျော်ဖို့လို (7 Day TV) October 18, 2019

ပါတီကိုလည်းကြည့် လူကိုလည်းကြည့်ဖို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီပြော (Kamayut) October 15, 2019

ပါတီ ၃၁ နှစ်ပြည့် အခမ်းအနား VOA ၏ ဖော်ပြချက် October 15, 2019

ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော October 14, 2019

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီတည်ထောင်ခြင်း (၃၁) နှစ်ပြည့် သဘောထား ထုတ်ပြန်ကြေညာချက် ( ၃ / ၂၀၁၉) October 14, 2019

“ရွေးကောက်ပွဲယဉ်ကျေးမှုနဲ့ မြန်မာ့နိုင်ငံရေး” ခေါင်းစဉ်ဖြင့် DPNS ပါတီဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံ ပါဝင်ဆွေးနွေး October 11, 2019

အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု DPNS ရပ်ကျေးရုံးဖွင့်ပွဲ October 10, 2019

ချောင်းသာမြို့၊ အုပ်စု(၂) ရပ်ကျေးဆိုင်းဘုတ်တင်ပွဲ October 8, 2019

ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲပြုလုပ် (DVB သတင်းဖော်ပြချက်) October 7, 2019

ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲပြုလုပ် October 6, 2019


ရုပ်သံမှတ်တမ်း


သတင်းဓါတ်ပုံ