ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

December 2019
M T W T F S S
« Nov    
 1
2345678
9101112131415
16171819202122
23242526272829
3031  

ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ၁/၂၀၁၉ ပြုလုပ်

ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ၁/၂၀၁၉ကို ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပါတီဗဟိုကော်မတီအစည်းအဝေး၌ တင်ပြရန်ရှိသည်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး ၂/၂၀၁၉ ပြုလုပ်

ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး ၂/၂၀၁၉ ကို ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်ရုံး၌ ဇန်န၀ါရီလ ၁၆ ရက်နေ့တို့တွင် ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ဗဟိုကော်မတီအစည်းအဝေး ၁/၂၀၁၉ ၏ လမ်းညွှန်ချက်နှင့်အညီ၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အသေးစိတ် ရေးဆွဲခဲ့ကြပါသည်။

ဒေသဆိုင်ရာလွှတ်တော်များ အားပေးကူညီရေးအဖွဲ့မှ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ လာရောက်မေးမြန်းဆွေးနွေး



ဒေသဆိုင်ရာလွှတ်တော်များ အားပေးကူညီရေးအဖွဲ့သည် ၂၀၁၉၊ ဇန်နဝါရီ၊ ၁၆ ရက်နေ့ ညနေပိုင်းတွင် ပါတီဌာနချုပ်ရုံးသို့ လာရောက်၍ ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များကို ဆွေးနွေးမေးမြန်းခဲ့ရာ ပါတီဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။



၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲ တက်ရောက်

၂၀၁၉၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲကို နေပြည်တော်ရှိ သမ္မတအိမ်တော် မြက်ခင်းပြင်၌ ကျင်းပခဲ့ပါသည်။ ညစာစားပွဲသို့ နိုင်ငံတော်သမ္မတနှင့်ဇနီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ရေးရာဥက္ကဋ္ဌများ၊ နိုင်ငံခြားသံတမန်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေး တက်ရောက်ခဲ့ပါသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာစုံညီအစည်းအဝေး ပြင်ဦးလွင်မြို့တွင် ကျင်းပ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာစုံညီအစည်းအဝေးကို ၂၀၁၈၊ ဒီဇင်ဘာလ၊ ၁၉ ရက်မှ ၂၁ ရက်နေ့ထိ ပြင်ဦးလွင်မြို့၊ အာရှအလင်းရောင်ဖောင်ဒေးရှင်းခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေး ပထမနေ့တွင် ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်က အဖွင့်စကားပြောကြားခြင်း၊ ဗဟိုစည်းရုံးရေးကော်မတီ၏ နိုင်ငံရေးအစီရင်ခံစာကို တင်သွင်းခြင်း၊ ဗဟိုစည်းရုံးရေးကော်မတီ၏ လုပ်ငန်းအစီရင်ခံစာတင်သွင်းခြင်း၊ ဘဏ္ဍာရေးအစီရင်ခံစာ တင်သွင်းခြင်း၊ အမျိုးသမီးလုပ်ငန်းကော်မတီအစီရင်ခံစာ တင်သွင်းခြင်း၊ လူ့ဘောင်သစ်လူငယ်အစီရင်ခံစာတို့ကို တင်သွင်းခဲ့ကြပြီး ကိုယ်စားလှယ်များက အစီရင်ခံစာများအပေါ် ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြပါသည်။

အစည်းအဝေး ဒုတိယနေ့တွင် ဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေး (၂/၂၀၁၈)က သုံးသပ်တင်ပြသော ပါတီဖွဲ့စည်းပုံစည်းမျဉ်းနှင့် မူဝါဒများကို တင်ပြဆွေးနွေး၍ အတည်ပြုခဲ့ကြပါသည်။ စုံညီအစည်းအဝေး လုပ်ထုံးလုပ်နည်းများကို ဝိုင်းဝန်းဆွေးနွေး အတည်ပြုပြီးနောက် အဖွဲ့ဝင် ၅ ဦးပါဝင်သည့် ရွေးချယ်တင်မြှောက်ရေးကော်မရှင်ဖွဲ့စည်းကာ ဗဟိုကော်မတီအသစ်ကို ရွေးချယ်တင်မြှောက်ခဲ့ကြပါသည်။

အစည်းအဝေး အစည်းအဝေးတွင် ရွေးချယ်တင်မြှောက်ခံ ဗဟိုကော်မတီအစည်းအဝေး ၁/၂၀၁၈ ၏ ရရှိချက်များ၊ ဆုံးဖြတ်ချက်များကို အတည်ပြုခဲ့ကြပါသည်။ ထို့နောက် ဗဟိုကော်မတီဝင်များက ပါတီ၏ သစ္စာဓိဋ္ဌာန် ၅ ချက်ကို ရွတ်ဆို၍ အဓိဋ္ဌာန်ပြုခဲ့ကြပါသည်။ နိုင်ငံရေးဦးတည်ချက် ၅ ရပ်၊ လတ်တလောလုပ်ငန်းစဉ်ကြီး ၃ ရပ် အပါအဝင် ပါတီ၏ အခြေခံမူဝါဒများနှင့် စုံညီအစည်းအဝေး၏ ထုတ်ပြန်ကြေညာချက်တို့ကို သဘာပတိများ၏ ခွင့်ပြုချက်ဖြင့် အတည်ပြုပြီးနောက် အစည်းအဝေး အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ စုံညီအစည်းအဝေး၏ ထုတ်ပြန်ကြေညာချက်

၂၀၁၈၊ ဒီဇင်ဘာလ၊ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ သုံးရက်တာ ကျင်းပခဲ့သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ စုံညီအစည်းအဝေး၏ ထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်လိုက်ပါသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာစုံညီအစည်းအဝေးသတင်းဖော်ပြချက်များ

၂၀၁၈၊ ဒီဇင်ဘာ ၁၉ မှ ၂၁ အထိ ပြင်ဦးလွင်မြို့၊ အာရှအလင်းရောင်ဖောင်ဒေးရှင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာစုံညီအစည်းအဝေးနှင့်ပတ်သက်၍ ဒီဇင်ဘာ ၂၀၊၂၁၊ ၂၆ ရက်နေ့များတွင် Daily ELEVEN Newspaper ၏ သတင်းဖော်ပြချက်များ

ဦးသန့်​အရေးအခင်း ၄၄ နှစ်မြောက် နှစ်​ပတ်​လည်​​ အထိမ်းအမှတ်အခမ်းအနား တက်ရောက်

ဦးသန့်​အရေးအခင်း ၄၄ နှစ်မြောက် နှစ်​ပတ်​လည်​​ အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၈၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပုဇွန်​​တောင်​​မြို့နယ် ရွှေ​တောင်​​ကျောင်းတိုက်တွင်​ ကျင်းပခဲ့ရာ မိတ်ဆွေအင်အားစုများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားအပြီးတွင် ရွှေတိဂုံဘုရားလမ်းရှိ ဦးသန့်​ဂူဗိမာန်​သို့ သွားရောက်ပြီး ဂုဏ်​ပြုပန်းခြင်းချ၍ အ​လေးပြုခဲ့ကြပါသည်​။

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)၏ ၁၉ နှစ်ပြည့်အခမ်းအနား တက်ရောက်

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)၏ ၁၉ နှစ်ပြည့်အခမ်းအနားကို ၂၀၁၈၊ ဒီဇင်ဘာလ၊ ၉ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီအပါအဝင် မဟာမိတ်အဖွဲ့အစည်းများမှခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။ ပါတီ၏သဝဏ်လွှာကိုလည်း ပေးပို့ဂုဏ်ပြုခဲ့ပါသည်။

မျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)၏ ၁၉ နှစ်ပြည့်အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ

၂၀၁၈၊ ဒီဇင်ဘာလ၊ ၉ ရက်နေ့တွင်ကျရောက်သည့် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)၏ ၁၉ နှစ်ပြည့်အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီက သဝဏ်လွှာပေးပို့ဂုဏ်ပြုခဲ့ပါသည်။