ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

July 2020
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  

နှစ် ၇၀ ပြည့် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်

နှစ် ၇၀ ပြည့် အာဇာနည်နေ့အခမ်းအနားကို ယနေ့(၁၉-၇-၂၀၁၇)နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ ကျင်းပခဲ့ပါသည်။ ၎င်းအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင်များ တက်ရောက်ဂါရဝပြုခဲ့ကြပါသည်။

ပါတီစည်းရုံးရေးစာစဉ် ၊ အတွဲ(၁)၊ အမှတ်(၇) ၊ ဇူလိုင်လ၊ ၂၀၁၇

စာစဉ်ရယူရန်  ပါတီစည်းရုံးရေးစာစဉ် ၊ အတွဲ(၁)၊ အမှတ်(၇)

 

DPNS ပြည်ခရိုင်စည်းရုံးရေးကော်မတီ အစည်းအဝေး ကျင်းပ

လူ့ဘောင်​သစ်​ဒီမိုကရက်​တစ်​ပါတီ ပြည်​ခရိုင်​စည်းရုံးရေးကော်မတီ၏ လစဉ်​ပုံမှန်​အစည်းအ​ဝေးကို ၁၅-၇-၂၀၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လက်ရှိ နိုင်ငံရေးအခြေအနေများ၊ ပါတီ​ရှေ့လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများ ၊ ပါတီစည်းရုံးရေးဆိုင်ရာကိစ္စရပ်များအား ​​ဆွေး​နွေးညှိနှိုင်းခဲ့ကြပါသည်။

မန္တလေးတိုင်း တောင်သူလယ်သမားသမဂ္ဂပေါင်းစုံသပိတ်ကို DPNS မှ ငွေလှူဒါန်း

၂၉-၆-၂၀၁၇ ရက်နေ့မှ စတင်ဆင်နွှဲလျက်ရှိသည့် မန္တလေးတိုင်း တောင်သူလယ်သမားသမဂ္ဂပေါင်းစုံသပိတ်အတွက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက သဘောထားကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး ငွေကျပ်တစ်သိန်းလည်း ပေးပို့လှူဒါန်းခဲ့ပါသည်။ ၎င်းအလှူငွေနှင့် ကြေညာချက်တို့အား ၁၃-၇-၂၀၁၇ ရက်နေ့ ညဦးပိုင်းတွင် အောင်မြေသာဇံမြို့နယ် စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က သွားရောက်ပေးပို့ လှူဒါန်းခဲ့ပါသည်။ တောင်သူလယ်သမားသမဂ္ဂပေါင်းစုံသပိတ်၏ အဓိကလိုလားချက်များမှာ သဏ္ဌာန်ပေါင်းစုံဖြင့် ဖမ်းဆီးအရေးယူ အပြစ်ပေးခံနေရသော တောင်သူလယ်သမားများကို အမှုများပိတ်သိမ်း လွှတ်ပေးရေးနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အား တွေ့ဆုံဆွေးနွေး ညှိနှိုင်းခွင့်ရရေးတို့ ဖြစ်ပါသည်။

ပါတီဌါနချုပ်ရဲဘော်များ နှင့် မြင်းခြံ စည်းကော်မတီဝင်များ တွေ့ဆုံဆွေးနွေး

လူ့​ဘောင်​သစ်​ဒီမိုကရက်​တစ်ပါတီဥက္ကဋ္ဌ ဦး​အောင်​မိုး​ဇော်​၊ အတွင်း​ရေးမှူး-၂ ​ဒေါ်နှင်းနှင်း​မွှေးတို့သည်​ ​မြင်းခြံမြို့နယ်​စည်းရုံး​ရေး​ကော်​မတီဝင်​များ၊ ပါတီရဲ​ဘော်​များနှင့်​ ​​တွေ့ဆုံ၍ အစည်း​အေ​ဝးကျင်းပ​ခဲ့ပါသည်​။ ၁၀-၇-၂၀၁၇ ​နေ့လည်​ပိုင်းတွင် မြင်းခြံမြို့နယ်​ DPNS ရုံး၌ ​တွေ့ဆုံခဲ့ကြခြင်းဖြစ်​သည်​။ ​အစည်းအ​​ဝေး​တွင်​ ပါတီဌာနချုပ်​၏ လက်​ရှိ​ဆောင်​ရွက်​​နေမှုများ၊ ပြည်​တွင်းပြည်​ပ မဟာမိတ်​ဆက်​ဆံ​ရေး အ​ခြေအ​နေများ၊ ၂၀၁၇ အတွင်း ​ဆောင်​ရွက်​မည့်​ လုပ်ငန်း​​စဉ်​များကို ရှင်းလင်းတင်​ပြခဲ့ပါသည်။ ​မြင်းခြံရဲ​ဘော်​များကလည်း ​ဒေသတွင်းအ​ခြေအ​နေများ၊ ​ဆောင်​ရွက်​ထားရှိမှုများကို ပြန်​လည်​တင်​ပြ​ပေးကာ ​​ရှေ့လုပ်​ငန်းစဉ်​များကို ​ညှိနှိုင်း​ဆွေး​နွေးခဲ့ကြပါသည်​။

ဧရာဝတီတိုင်းပါတီစည်းရုံးတည်ဆောက်ရေးလုပ်ငန်းအစည်းအဝေးကို ရေကြည်​မြို့နယ်တွင်ကျင်းပ

လူ့​ဘောင်​သစ်​ဒီမိုကရက်​တစ်​ပါတီ ဗဟိုစည်းရုံး​ရေး​ကော်​မတီဝင်​ ဦးတိုးတိုးထွန်းနှင့် ​လူ့​ဘောင်​သစ်​လူငယ်​ဗဟိုလုပ်​ငန်း​ကော်​မတီဝင်များသည်​ ဧရာဝတီတိုင်း​​ဒေသကြီး၊ ဟင်္သာတခရိုင်​၊ ရေကြည်​မြို့နယ်​ရှိ လူ့ဘောင်​သစ်​ဒီမိုကရက်​တစ်​ပါတီဝင်​များ၊ ဧရာဝတီတိုင်း လုပ်​ငန်း​ကော်​မတီဝင်​များနှင့်​ ၂၀၁၇၊ ဇူလို​င်​လ ၉ ရက်​​နေ့တွင်​ အစည်းအ​ဝေးကျင်းပခဲ့ပါသည်​။ အစည်းအ​ဝေးတွင်​ ဌာနချုပ်ရဲ​​ဘော်များက လက်​ရှိနိုင်​ငံ​ရေးအ​ခြေအ​နေများ၊ ​ဆောင်​ရွက်​လျက်​ရှိသည့်​ ကိစ္စရပ်​များ၊ ၂၀၁၇ အတွင်း ​ဆောင်​ရွက်​မည့်​ ပါတီလုပ်​ငန်းစဉ်​များ၊ လူ့​ဘောင်​သစ်​လူငယ်​၏ မူဝါဒနှင့်​ လုပ်​ငန်းစဉ်​များကို ရှင်းလင်း​​တင်​ပြခဲ့ကြပါသည်​။ ဧရာဝတီတိုင်းရဲ​ဘော်​များကလည်း ​ဒေသအ​ခြေအ​နေများကို ပြန်​လည်​တင်​ပြခဲ့ကြပြီး ​ဒေသဆိုင်​ရာလုပ်​ငန်းစဉ်​များကို ​ဆွေး​နွေး​ခဲ့ကြပါသည်​။

ရွှေတောင်မြို့နယ်ရုံးဖွင့်ခြင်း(၂)နှစ်ပြည့်နှင့်၇ဇူလိုင်အခမ်းအနားကိုရွှေတောင်မြို့တွင်ကျင်းပ

၇၊ ၇၊ ၂၀၁၇ ရက်​​နေ့တွင်​ ကျ​ရောက်​သည့်​ ၅၅ နှစ်​​မြောက်​ ၇-ဇူလိုင်​ အခမ်းအနားကို လူ့​ဘောင်​သစ်​ဒီမိုကရက်​တစ်​ပါတီ ​ရွှေ​တောင်​မြို့နယ်​ ရုံး၌ ကျင်းပခဲ့ပါသည်​။ မြို့နယ်​ရုံးဖွင့်​လှစ်​ခြင်း ၂ နှစ်​ပြည့်​အခမ်းအနားကိုပါ ပူးတွဲကျင်းပခဲ့ခြင်းဖြစ်​​​သည်​။ ပြည်​ခရိုင်​မှိုင်းငြိမ်းကွန်​ရက်​၊ ဗကသများအဖွဲ့ချုပ်​၊ ​နိုင်​ငံ​​ရေးအကျဉ်းသား​​ဟောင်းများအဖွဲ့ အစရှိသည့် ​​နိုင်​ငံ​ရေးအင်​အားစုအသီးသီး တက်​​ရောက်​ဂုဏ်​ပြုခဲ့ကြပါသည်​။
အခမ်းအနားသို့ တက်​​ရောက်​လာကြသည့်​ အင်​အားစုအသီးသီးက အမှတ်​တရစကား ​ပြောကြားခဲ့ကြပြီး ပါတီဗဟိုစည်းရုံး​ရေး​ကော်​မတီဝင်​ ဦး​အောင်​မြင့်​စိန်​ကလည်း​ ဂုဏ်​ပြုအမှတ်​တရစကား ​ပြောကြား​ခဲ့ပါသည်​။ လူ့ ​ဘောင်​သစ်​ဒီမိုကရက်​တစ်​ပါတီဌာနချုပ်​၊ ​လူ့ ​ဘောင်​သစ်​လူငယ်​နှင့် အခြားအဖွဲ့အစည်းများမှ​​ ပေးပို့လာသည့်​ သဝဏ်​လွှာများကို ဖတ်ကြားပြီး​နောက်​ မြို့နယ်​စည်းရုံး​ရေး​ကော်​မတီဥက္ကဋ္ဌ ဦးမိုးမင်းဦးက ​ကျေးဇူးတင်​စကား​ ပြောကြား၍ အခမ်းအနားကို ရုပ်​သိမ်းခဲ့ပါသည်​။

သမဂ္ဂရင်ပြင်တွင်ကျင်းပသည့်(၅၅)နှစ်မြောက်၇-ဇူလိုင်အခမ်းအနားသို့တက်ရောက်

၇၊ ၇၊ ၂၀၁၇ ရက်​​နေ့တွင်​ ကျ​ရောက်​သည့်​ ၅၅ နှစ်​​မြောက်​ ၇-ဇူလိုင်​ အခမ်းအနားကို ရန်​ကုန်​တက္ကသိုလ်​ တကသမြက်​ခင်းပြင်​ရှိ ဗိုလ်​​အောင်​​ကျော်​အထိမ်းအမှတ်​​ကျောက်​တိုင်​၌ ကျင်းပခဲ့ပါသည်​။ ဗကသများအဖွဲ့ချုပ်​၊ ​ပညာ​ရေးတက္ကသိုလ်​​ ​ကျောင်းသားများသမဂ္ဂ၊ ဆေးတက္ကသိုလ်​ ၂ ​​ကျောင်းသားများသမဂ္ဂ၊ ​​ရန်ကုန်​တောင်​ပိုင်းခရိုင်​​ ကျောင်းသားများသမဂ္ဂ၊ လူ့ ​ဘောင်သစ်ဒီမိုကရက်တစ်​ပါတီ၊ လူ့ ​ဘောင်​သစ်​လူငယ်​၊ ၇၄-၇၅-၇၆ နိုင်​ငံ​ရေးအင်​အားစုများ အစရှိသည့် ​​​ကျောင်းသား​မျိုးဆက်အသီးသီး၊ နိုင်​ငံ​ရေးအင်​အားစုအသီးသီး တက်​​ရောက်​ဂုဏ်​ပြုခဲ့ကြပါသည်​။
အခမ်းအနား၌ ၇-ဇူလိုင်​တွင်​ ကျဆုံးခဲ့သည့်​ ကျောင်းသားရဲဘော်များအား ဦးညွှတ်​အလေးပြုပြီး​နောက်​ ဗကသများအဖွဲ့ ချုပ်၏ သဘောထားကြေငြာချက်ကို ဖတ်ကြားခဲ့ပါသည်​။ သမဂ္ဂအဆောက်အဦနှင့် ပတ်သတ်သည့် ဗကသများအဖွဲ့ ချုပ်၏ သဘောထားကိုလည်း ဗကသဗဟိုလုပ်​ငန်း​ကော်​မတီဝင်​ ကို​အောင်​ထက်​​အောင်​က ​ပြောကြားခဲ့ပါသည်။ လူ့ ဘောင်​သစ်​ဒီမိုကရက်​တစ်​ပါတီနှင့်​ လူ့ ​ဘောင်​သစ်​လူငယ်​တို့ကလည်း သဝဏ်​လွှာများ ​ပေးပို့ဂုဏ်​ပြုခဲ့ကြပါသည်​။

ဆရာကြီးသခင်​ကိုယ်​​တော်​မှိုင်း ဂူဗိမာန်​​စောင့်​​ရှောက်​​ရေးအဖွဲ့နှင့်​ ​မှိုင်း ငြိမ်းကွန်​ရက်​တို့၏ အစည်းအ​ဝေးကျင်းပ

ဆရာကြီးသခင်​ကိုယ်​​တော်​မှိုင်း ဂူဗိမာန်​​စောင့်​​ရှောက်​​ရေးအဖွဲ့နှင့်​ ဆရာကြီးသခင်​ကိုယ်​​တော်​မှိုင်း ငြိမ်းချမ်း​ရေးကွန်​ရက်​တို့၏ အစည်းအ​ဝေးကို ရန်​ကုန်​မြို့၊ ​ရွှေတိဂုံဘုရားလမ်းရှိ သခင်​ကိုယ်​​တော်​မှိုင်းဂူဗိမာန်​၌ ၂၊ ၇၊ ၂၀၁၇ ​နေ့လည်​ပိုင်းတွင်​ ပြုလုပ်​ခဲ့ပါသည်​။ အစည်းအ​ဝေး၌ ဇူလိုင်​လ ၂၃ ရက်​​နေ့တွင်​ ကျ​ရောက်​မည့်​ သခင်​ကိုယ်​​တော်​မှိုင်းကွယ်​လွန်​ခြင်း ၅၃ နှစ်​​မြောက်​ အထိမ်းအမှတ်​အခမ်းအနား ကျင်းပ​ရေးအတွက်​ ​ဆွေး​နွေးညှိနှိုင်း​ခဲ့ကြပါသည်​။

သခင်​ဗဟိန်းနှစ်​တစ်​ရာပြည့်​အထိမ်းအမှတ်​ အခမ်းအနားနှင့်​ အိုး​ဝေပညာဒါန​ကျောင်းဖွင့်​ပွဲ ကျင်းပ

သခင်​ဗဟိန်းနှစ်​တစ်​ရာပြည့်​အထိမ်းအမှတ်​ အခမ်းအနားနှင့်​ အိုး​ဝေပညာဒါန​ကျောင်းဖွင့်​ပွဲကို ၂၀၁၇ ဇွန်​လ ၂၇ ရက်​​နေ့ နံနက်​ပိုင်းက ပဲခူးတိုင်း​ဒေသကြီး၊ ပြည်​မြို့၌ ကျင်းပပြုလုပ်​ခဲ့ပါသည်​။ အခမ်းအနားသို့ ဆရာကြီးသခင်​ကိုယ်​​တော်​မှိုင်းငြိမ်းချမ်း​ရေးကွန်​ရက်​၊ လူ့​ဘောင်​သစ်​ဒီမိုကရက်​တစ်​ပါတီ အစရှိသည့်​ အဖွဲ့အစည်းများနှင့်​ နိုင်​ငံ​ရေးအကျဉ်းသား​ဟောင်းများ၊ သခင်​ဗဟိန်းကို ချစ်​ခင်​​လေးစားကြသူများ တက်​​ရောက်​ခဲ့ကြပါသည်​။ အခမ်းအနားတွင်  လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဗဟိုစည်းရုံးရေးကော်မတီဝင် ဦးအောင်မြင့်စိန်က ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ပါသည်။ သခင်ဗဟိန်းအမှတ်တရ ဂုဏ်ပြု​ကဗျာများကို ရွတ်​ဆိုပြီး ပေးပို့လာသော သ၀ဏ်လွှာများကိုလည်း ဖတ်ကြားခဲ့ကြပါသည်​။ ​​​​​​လူ့​ဘောင်​သစ်​ဒီမိုကရက်​တစ်​ပါတီမှ ​ပေးပို့​သော သဝဏ်​လွှာကို ​ရွှေ​တောင်​မြို့နယ်​ဥက္ကဋ္ဌ ဦးမိုးမင်းဦးက ဖတ်​ကြားခဲ့ပါသည်​။