ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၂၅၁)၊ တတိယထပ်၊ ဆိပ်ကမ်းသာလမ်း (အပေါ်ဘလောက်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၉၅) ဝ၉၂၅၀၅၆၆၀၁၈
အီးမေးလ် - hqdpns@gmail.com
Facebook - Democratic Party for a New Society

DPNS နှင့် YNS အစည်းအဝေးကျင်းပ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များနှင့် လူ့ဘောင်သစ်လူငယ်ခေါင်းဆောင်များသည် ၂၀၁၇၊ မေလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် အစည်းအဝေး ပြုလုပ်ခဲ့ကြပါသည်။ အစည်းအဝေးတွင် လူ့ဘောင်သစ်လူငယ်ခေါင်းဆောင်များက ၎င်းတို့၏ ဆောင်ရွက်ထားမှုများ၊ လက်တွေ့လုပ်ဆောင်ရာတွင် ကြုံတွေ့ရသည့် အခြေအနေများ၊ စိန်ခေါ်မှုများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ပါတီခေါင်းဆောင်များကလည်း လိုအပ်ချက်များကို ပြန်လည်အကြံပြု ဆွေးနွေးပေးခဲ့ကြပါသည်။

IRI ၏ နိုင်ငံရေးပါတီအကယ်ဒမီသင်တန်းတက်ရောက်

IRI က စီစဉ်ကျင်းပသည့် နိုင်ငံရေးပါတီအကယ်ဒမီသင်တန်းကို ၁၂၊၅၊၁၇ ရက်နေ့တွင် ဘားအံမြို့ သီရိဘားအံဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ သင်တန်းတွင် နိုင်ငံရေးပါတီများ၏ အခြေခံအုတ်မြစ် အားကောင်းခိုင်မာရေး၊ ရွေးကောက်ပွဲကြားကာလ လုပ်ငန်းစဉ်များ၊ ပါတီရုံးခွဲများ၏ လုပ်ငန်းများ၊ ပြည်သူဗဟိုပြု လုပ်ငန်းများ၊ မည်သို့မည်ပုံ ချဉ်းကပ်လုပ်ဆောင်မည့်အချက်များ၊ ပါတီတရပ် ရပ်တည်ရှင်သန်ကြီးထွားရေးနှင့် သက်ဆိုင်သောအချက်များ၊ မဲဆန္ဒရှင်များနှင့် ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရေးလုပ်ငန်းများ၊ မဲဆွယ်ရေးလုပ်ငန်းများအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ သင်တန်းသို့ လူ့ဘာင်သစ်ဒီမိုကရက်တစ်ပါတီ(ဘားအံမြို့နယ်) အပါအဝင် နိုင်ငံရေးပါတီများ တက်ရောက်ခဲ့ကြပါသည်။

SocDem Asia ၏ နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းတက်ရောက်

SocDem Asia ၏ စီစဉ်မှုဖြင့် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင်ပြုလုပ်သော နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းကို မြန်မာနိုင်ငံမှ ကိုမျိုးစော့ (လူ့ဘောင်သစ်လူငယ်)နှင့် ကိုစိုင်းလောင်ကွန်း( SNLD)တို့ တက်ရောက်လျက်ရှိပါသည်။ ၁၁၊ ၅၊ ၁၇ ရက် နေ့လည်ပိုင်းတွင် ဖိလစ်ပိုင်အောက်လွှတ်တော်သို့ သွားရောက် လေ့လာခဲ့ရာ အောက်လွှတ်တော်တာဝန်ရှိသူတစ်ဦးက ဖိလစ်ပိုင်နိုင်ငံ၏ ဥပဒေပြုပုံအဆင့်ဆင့်၊ လွှတ်တော်ကိုယ်စားလှယ်နှင့် ပါတီကြား ဆက်ဆံရေး၊ ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံရေးအခြေအနေအကျဉ်းတို့ကို ရှင်းပြဆွေးနွေးပေးခဲ့ပါသည်။


မိမိတို့ဘက်မှလည်း မြန်မာ့နိုင်ငံရေးအခြေအနေ၊ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအကျပ်အတည်းတို့ကို ပြန်လည်ဆွေးနွေးခဲ့ပါသည်။

DPNS နှင့် ဆွီဒင်ကျောင်းသားလူငယ်များတွေ့ဆုံဆွေးနွေး

မြန်မာပြည်သို့ အလည်အပတ်ခရီးထွက်လာကြသော ဆွီဒင်ကျောင်းသားလူငယ်များနှင့် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ဗဟိုစည်းရုံးရေးကော်မတီဝင်များသည်၉၊၅၊၁၇ ရက်နေ့တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံး၌ တွေ့ဆုံ၍ ပါတီ၏ ဖြတ်သန်းမှုသမိုင်း၊ လက်ရှိ နိုင်ငံရေးအခြေအနေများအပေါ် အမြင်သဘောထားတို့ကို ဆွေးနွေးခဲ့ကြသည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့အစည်းအဝေးတက်ရောက်

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့နှင့် သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်တို့၏ အစည်းအဝေးကို ၂၀၁၇ မေလ ၇ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်၌ ကျင်းပခဲ့ပါသည်။

NNER တတိယအကြိမ်မြောက်ညီလာခံ နောက်ဆုံးနေ့ကျင်းပ

“ဖက်ဒရယ်ပညာရေးစနစ်နှင့် လူထုအခြေပြုလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပသည့် NNER တတိယအကြိမ်ညီလာခံ နောက်ဆုံးနေ့ကို ၆၊၅၊၂၀၁၇ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သာသနာ ၂၅၀၀ ကျောင်း၌ုပြုလုပ်ခဲ့ပါသည်။ ပညာရေးစီမံကိန်းရေးဆွဲခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စများတွင် လူထုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို ESPBAE မှ Ms. Helen Dabu၊ Mr. Rene Raya နှင့် ဒေါက်တာသိန်းလွင်တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ပညာရေးလုပ်ငန်းကို လက်တွေ့ဆောင်ရွက်နေကြသည့် ပညာရှင်များက မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဌာနေတိုင်းရင်းသားပညာရေးနှင့် လူထုအခြေပြု ပညာရေးလုပ်ငန်းများ ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ NNER ကိုယ်စားပြုကော်မတီဝင်များ၊ လုပ်ငန်းအဖွဲ့ဝင်များ၊ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ်များ၊ ပြည်နယ်ကျောင်းသားသမဂ္ဂများ၊ ဗကသများအဖွဲ့ချုပ်၊ လူ့ဘောင်သစ်လူငယ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဒေသခံများ၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးကို စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

NNER တတိယကြိမ်မြောက်ညီလာခံ ဒုတိယနေ့ စတင်ကျင်းပ

“ဖက်ဒရယ်ပညာရေးစနစ်နှင့် လူထုအခြေပြုလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပသည့် NNER တတိယအကြိမ်ညီလာခံ ဒုတိယနေ့ကို ၅၊၅၊၂၀၁၇ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သာသနာ ၂၅၀၀ ကျောင်း၌ ဆက်လက်ပြုလုပ်ခဲ့ပါသည်။ ညီလာခံအဖွင့်အမှာစကားကို သဘာပတိ ဆရာကိုတာနှင့် မွန်ပြည်နယ် NNER မှ ဆရာဦးမြသွင်တို့က ပြောကြားခဲ့ကြပါသည်။ NNER ဆောင်ရွက်ချက်များကို ဥက္ကဋ္ဌ ဒေါက်တာသိန်းလွင်က ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် ပညာရေးမူဝါဒဆိုင်ရာ ပြင်ဆင်ချက်များကို ဆွေးနွေးခဲ့ကြပါသည်။ နေ့လည်ပိုင်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ပညာရေးကဏ္ဏအခြေအနေများကို ကိုအောင်သူငြိမ်း၊ ကိုရဲ၊ ကိုမင်းဇင်၊ ဒေါက်တာညိုညိုသင်း၊ ဒေါက်တာသိန်းလွင်၊ ဒေါက်တာကျော်သူတို့က ဆွေးနွေးတင်ပြခဲ့ကြပါသည်။ ဖက်ဒရယ်ပညာရေးနှင့် လူထုအခြေပြု ပညာရေးလုပ်ငန်းများကို အသိအမှတ်ပြုရန်နှင့် အားပေးမြှင့်တင်ရန်အတွက် လိုအပ်ချက်များကို ညီလာခံတက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။

အစည်းအဝေးသို့ NNER ကိုယ်စားပြုကော်မတီဝင်များ၊ လုပ်ငန်းအဖွဲ့ဝင်များ၊ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ်များ၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးကို စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

 

NNER တတိယကြိမ်မြောက်ညီလာခံပထမနေ့စတင်ကျင်းပ

“ဖက်ဒရယ်ပညာရေးစနစ်နှင့် လူထုအခြေပြုလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပသည့် NNER တတိယအကြိမ်ညီလာခံကို ၄၊၅၊၂၀၁၇ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သာသနာ ၂၅၀၀ ကျောင်း၌ စတင်ပြုလုပ်ခဲ့ပါသည်။ ညီလာခံပထမနေ့တွင် ကိုယ်စားပြုကော်မတီနှင့် လုပ်ငန်းအဖွဲ့များ၏ အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးအဖွင့်အမှာစကားကို သဘာပတိ ဆရာကြီးနိုင်ငွေသိန်းနှင့် ဥက္ကဋ္ဌ ဒေါက်တာသိန်းလွင်တို့က ပြောကြားခဲ့ကြသည်။ ထို့နောက် ညီလာခံအစီအစဉ်များကို ဆွေးနွေးအတည်ပြုခြင်း၊ ကိုယ်စားပြုကော်မတီ အစီရင်ခံစာနှင့် ပညာရေးမူဝါဒဆိုင်ရာ ပြင်ဆင်ချက်များ၊ တင်သွင်းမည့်အဆိုများ၊ NNER ၏ မဟာမိတ်မူဝါဒတို့ကို တင်ပြဆွေးနွေးခဲ့ကြပါသည်။ နေ့လည်ပိုင်းတွင် ‘ပညာရေးအသုံးစရိတ်ကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် တိုက်တွန်းနှိုးဆော်ခြင်း’ဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ခဲ့ရာ APSBAE မှ Ms. Helen Dabue နှင့် Mr. Rene Raya တို့က နိုင်ငံတကာ အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။ အစည်းအဝေးသို့ NNER ကိုယ်စားပြုကော်မတီဝင်များ၊ လုပ်ငန်းအဖွဲ့ဝင်များ၊ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

DPNS ပြည်ခရိုင် အစည်းအဝေးကျင်းပ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပြည်ခရိုင်အစည်းအဝေးကို ၂၀၁၇၊ မေလ ၁ ရက်နေ့တွင် ပေါက်ခေါင်းမြို့နလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပြည်ခရိုင်အစည်းအဝေးကို ၂၀၁၇၊ မေလ ၁ ရက်နေ့တွင် ပေါက်ခေါင်းမြို့နယ်၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် လက်ရှိနိုင်ငံရေးအခြေအနေများနှင့် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

၁၂၇ ကြိမ်မြောက် မေဒေးနေ့ အခမ်းအနား

၁၂၇ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့(မေဒေးနေ့) အခမ်းအနားနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဖွဲ့စည်းခြင်းအခမ်းအနားကို ၁၊၅၊၁၇ ရက်နေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ကျင်းပခဲ့ပါသည်။ အလုပ်သမားအခွင့်အရေးများအတွက် ခေတ်အဆက်ဆက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသည့် အလုပ်သမားရဲဘော်များအား အလေးပြု ၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။ အခမ်းအနားတွင် ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ ဦးကျော်မျိုးက အဖွင့်စကားပြောကြားပြီးနောက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အမှတ်တရစကား ပြောကြားပေးခဲ့ပါသည်။ ကိုကျော်ကိုကိုက မေဒေးနေ့သမိုင်းကြောင်းကို ရှင်းလင်းတင်ပြပြီးနောက် ပေးပို့လာသည့် သဝဏ်လွှာများကိုလည်း ဖတ်ကြားခဲ့ကြပါသည်။

Page 2 of 2012345...1020...Last »