ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

DPNS မြင်းခြံရွေးကောက်ပွဲအောင်နိုင်ရေး(၉၊ ၉၊ ၂၀၁၈)

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ၌ မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်နေရာတွင် DPNS ကိုယ်စားလှယ်လောင်းအဖြစ် ဦးဖြိုးဟန် ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိပါသည်။ ပြည်သူသာအမိ ပြည်သူသာအဖ ဆိုသည့် ပါတီဆောင်ပုဒ်နှင့်အညီ စက်တင်ဘာ ၉ ရက်နေ့တွင် ဦးဖြိုးဟန်နှင့် ပါတီရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် မြင်းခြံမြို့ပေါ်အမှတ် ၁၇၊ ၁၈၊ ၇(ခ)၊ ၄(အေးကျင်း) ရပ်ကွက်များရှိ ပြည်သူများထံသို့ အရောက်သွားခဲ့ကြပါသည်။ ထိုသို့ သွားရောက်၍ လက်ကမ်းစာစောင်များဝေငှရင်း ပါတီ၏ရပ်တည်ချက်နှင့် မူဝါဒများကို ပြည်သူများအား ရှင်းလင်းတင်ပြခဲ့ကြပါသည်။

SYCB-Youth Training Center တွင် ဖက်ဒရယ်စနစ်အကြောင်းသင်တန်းပြုလုပ်

SYCB-Youth Training Center တွင် ၂၀၁၈ စက်တင်ဘာ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ ဖက်ဒရယ်စနစ်အကြောင်း ၅ ရက်တာသင်တန်း ပြုလုပ်ခဲ့ပါသည်။ ၎င်းသင်တန်းသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဒေါ်နိုးနိုးထက်စံ သွားရောက်၍ သင်တန်းပို့ချခဲ့ပါသည်။

DPNS မြင်းခြံရွေးကောက်ပွဲအောင်နိုင်ရေး(၈၊ ၉၊ ၂၀၁၈)

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ၌ မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်နေရာတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ဦးဖြိုးဟန် ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိပါသည်။ စက်တင်ဘာ ၈ ရက်နေ့တွင် ဦးဖြိုးဟန်နှင့် ပါတီရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် ပြည်သူသာအမိ ပြည်သူသာအဖ ဆိုသည့် ပါတီဆောင်ပုဒ်နှင့်အညီ မြင်းခြံမြို့ပေါ်ရှိ အမှတ် ၁၆၊ အမှတ် ၁၊ အမှတ် ၂ ရပ်ကွက်နေပြည်သူများထံသို့ အရောက်သွားခဲ့ကြပါသည်။ ထိုသို့ သွားရောက်၍ လက်ကမ်းစာစောင်များဝေငှရင်း ပြည်သူများနှင့် တရင်းတနှီး တွေ့ဆုံခဲ့ကြပါသည်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ မြင်းခြံမြို့နယ်စည်းရုံးရေးခရီးစဉ်(၇၊၉၊၂၀၁၈)

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ၌ မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်နေရာတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ဦးဖြိုးဟန်(ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်) ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိပါသည်။ စက်တင်ဘာ ၇ ရက်နေ့တွင် ဦးဖြိုးဟန်နှင့် ပါတီရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် မြင်းခြံမြို့ပေါ်ရှိ အမှတ် ၁၂၊ အမှတ် ၁၃၊ အမှတ် ၁၄၊ အမှတ် ၁၅ ၊ အမှတ် ၁၉ ရပ်ကွက်များသို့ သွားရောက်၍ လက်ကမ်းစာစောင်များဝေငှရင်း မဲဆွယ်စည်းရုံးခဲ့ကြပါသည်။

 

 မြင်းခြံမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် စည်းရုံးရေးလုပ်ငန်းများ

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး တတိယမြောက်နေ့ဖြစ်သည့် စက်တင်ဘာ ၅ ရက်နေ့တွင် မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်(ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်)နှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် မြင်းခြံမြို့ပေါ်ရှိ အမှတ် ၁၉ ရပ်ကွက်၊ အေးမြသီတာဈေးနှင့် စည်ပင်သာယာဈေးများသို့သွားရောက်၍ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် မဲဆွယ်စည်းရုံးခဲ့ကြပါသည်။ ဈေးအတွင်းရှိ ပါတီလိုလားထောက်ခံသူများကလည်း ၀ိုင်းဝန်းကူညီပေးခဲ့ကြပါသည်။

 

 မြင်းခြံမြို့နယ်ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် စည်းရုံးရေးလုပ်ငန်းစဉ်များ

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ၌ မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်နေရာတွင် DPNS ပါတီကိုယ်စားလှယ်လောင်းအဖြစ် ဦးဖြိုးဟန်(ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်) ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိပါသည်။ ရွေးကောက်ပွဲ အောင်နိုင်ရေး ဒုတိယမြောက်နေ့ဖြစ်သည့် စက်တင်ဘာ ၄ ရက်နေ့တွင် ပါတီရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များက မြင်းခြံမြို့ပေါ်ရှိ အမှတ် ၂၊ အမှတ်၂၀၊ အမှတ် ၄ ရပ်ကွက်များသို့ အိမ်တိုင်ရာရောက်စနစ်ဖြင့် မဲဆွယ်စည်းရုံးခဲ့ကြပါသည်။ မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီ၏ လုပ်ငန်းစဉ်အဖြစ် အမှတ်(၂)ရပ်ကွက်တွင်လည်း ရပ်ကျေးဆိုင်းဘုတ် တင်ခဲ့ပါသည်။

 

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ၌ မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်နေရာတွင် DPNS ပါတီကိုယ်စားလှယ်လောင်း ၀င်ရောက်ယှဉ်ပြိုင်

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ၌ မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်နေရာတွင် DPNS ပါတီကိုယ်စားလှယ်လောင်းအဖြစ် ဦးဖြိုးဟန်(DPNS ဗဟိုစည်းရုံးရေးကော်မတီဝင်) ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိပါသည်။ ရွေးကောက်ပွဲ အောင်နိုင်ရေး စတင်သည့် စက်တင်ဘာ ၃ ရက်နေ့တွင် ပါတီရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များက မြင်းခြံမြို့ပေါ်ရှိရပ်ကွက်များသို့ တအိမ်တက်ဆင်း၊ တလမ်းဝင်တလမ်းထွက် မဲဆွယ်စည်းရုံးခဲ့ကြပါသည်။ ပြည်သူ့အတွက် မှန်ကန်သောရွေးချယ်မှုဖြစ်စေရန် ဦးဖြိုးဟန်ကို မဲပေးကြဖို့ ပါတီအနေဖြင့် အလေးအနက် မေတ္တာရပ်ခံ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။