|
ဘန်ကီမွန်း ဘာစွမ်းသလဲ
(၂၀၀၉ ခုနှစ်၊
ဇွန်လ ၃၀ ရက်)
ကုလအတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရသူက
လာမယ့် ဇူလိုင် ၃ ရက်နဲ့ ၎
ရက်နေ့များမှာ မစ္စတာဘန်ကီမွန်း
မြန်မာနိုင်ငံသို့
သွားရောက်မည်ဖြစ်ကြောင်း
ထုတ်ဖေါ်ပြောဆိုတာကို ကြားရပါ တယ်။
ဒါ့အပြင်လည်း အခုလို
ထုတ်ဖေါ်ပြောကြားပါတယ်။ အနာဂတ်အတွက်
မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ရဲ့
လမ်းဆုံလမ်းခွမှာ
မဖြေရှင်းဘဲထားခဲ့လို့မဖြစ်တဲ့
အရေးကြီးဆုံး အချက် ၃ ချက်ရှိတယ်လို့
ကုလအတွင်းရေးမှူးချုပ်က ယူဆကြောင်း၊
အဲဒါတွေကတော့ -
-
ဒေါ်အောင်ဆန်းစုကြည်အပါအဝင်
နိုင်ငံရေးအကျဉ်းသားတွေ
လွတ်မြောက်ရေး၊
-
အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်မှာ
မရှိမဖြစ် အစိတ်အပိုင်းတရပ်
အနေနဲ့ (နအဖ)စစ်အစိုးရနဲ့
အတိုက်အခံအကြား
တွေ့ဆုံဆွေးနွေးမှုတွေ ပြန်စရေး၊
-
အများကလက်ခံယုံကြည်တဲ့
ရွေးကောက်ပွဲအတွက်
အထောက်အကူဖြစ်မယ့်
အခြေအနေကောင်းတွေ
ဖန်တီးရေး စတာတွေဖြစ်ပါတယ်။
အတွင်းရေးမှူးချုပ်ပြောတဲ့
“မြန်မာနိုင်ငံရေးဖြစ်စဉ်မှာ
မဖြေရှင်းဘဲထားခဲ့လို့ မဖြစ်တဲ့
အရေးအကြီးဆုံး အချက် ၃ ချက်”
ဆိုတာနဲ့ပတ်သက်လို့ ကျနော်တို့
အပြည့်အဝ သဘောတူပါတယ်။
သို့သော်လည်း ယခုလာမယ့်
အတွင်းရေးမှူးချုပ်ခရီးစဉ်အတွင်း
ဒီအချက်အလက်တွေ
ဖြစ်ထွန်းလာလိမ့်မယ်လို့တော့
ကျနော်တို့မမျှော်လင့်ပါဘူး။ဘယ်သူတွေနဲ့တွေ့ပြီး
ဘာတွေ ဘယ်လိုပြောကြဆိုကြမှာလဲ
ဆိုတာကိုတော့ စိတ်ဝင်စားပါတယ်။
အထူးသဖြင့် “ဂျွန်ယက်တောအမှု”ကို
ဘယ်လိုအဆုံးသတ်မလဲ။
အကယ်၍ မစ္စတာဘန်ကီမွန်းအနေနဲ့
တိုတောင်းလှတဲ့ သူ့ခရီးစဉ်အတွင်း
ဘာဆိုဘာမှ မဖြစ်မလာဘူးဆိုရင်လည်း
စာရေးဆရာကြီး လူထုစိန်ဝင်းက
ဂမ်ဘာရီခရီးစဉ်ကို သုံးသပ်ပြခဲ့သလို
“ဂုဏ်ထူးဆောင် စာရေးတော်ကြီးနဲ့
(toothless tiger) ကုလသမဂ္ဂ ဘာမျှ
မစွမ်းဆောင်နိုင်ကြောင်း” ထင်ရှားတဲ့
သက်သေပြချက်တစ်ခုအဖြစ်
ကျနော်တို့မှတ်ယူပါမယ်။
“မြန်မာနိုင်ငံရေးဖြစ်စဉ်မှာ
မဖြေရှင်းဘဲထားခဲ့လို့
မဖြစ်တဲ့အရေးအကြီးဆုံး အချက် ၃ ချက်”
ဆိုတာဟာ (နအဖ)စစ်အစိုးရက
ဆောင်ရွက်ဖို့ သဘောထားရှိလာမှသာ
ဖြစ်မြောက်လာနိုင် မှာပါ။
(နအဖ)စစ်အစိုးရဲ့ လက်ရှိသဘောထားကတော့
ရဲချုပ် ခင်ရီကနေတဆင့် ပြောသွားတဲ့
မက်ဆေ့ခ်ျထဲမှာ
“ဒေါ်အောင်ဆန်းစုကြည်ကို
ထောင်ချပစ်ဖို့ပဲ” ဆိုတာ
ရှင်းနေပါတယ်။
မစ္စတာဘန်ကီမွန်း ဘာစွမ်းသလဲ။
ကျနော်တို့စောင့်ကြည့်ကြပါစို့။
××××× |