ပြည်သူသာအမိ ပြည်သူသာအဖ

အဖွင့်စာမျက်နှာ သမိုင်းအကျဉ်း ဖွဲ့စည်းပုံစည်းမျဉ်း တပ်ပေါင်းစုရေးရာ ဆက်သွယ်ရန်

 

 

  

သုတေသနနှင့်လေ့လာရေးဌာန

ဝေဖန်သုံးသပ်ချက်
အမှတ်စဉ် (၆/၂၀၀၉)

 

ရဲရဲလုပ်ကြပါစို့
(၂၀၀၉ ခုနှစ်၊ မေလ ၂၇ ရက်)

ပုဒ်မ ၁၀(က)၊ ပုဒ်မ ၁၀(ခ) တို့နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်းမဟုတ်။ 

 ပုဒ်မ ၁၀(က) ကို ပုဒ်မ ၁၀(ခ) သို့၊ ပုဒ်မ ၁၀(ခ) ကို ပုဒ်မ ၁၀(က) သို့ လိုသလို ကုလား ဖန်ထိုးနိုင်ကြောင်းနှင့် မထင်ရင် မထင်သလို [ပုဒ်မ ၁၀(က) အရ] ဆက်လက်ဖမ်းဆီးချုပ်နှောင်ထား နိုင်သလို [ပုဒ်မ ၁၀(ခ)] အရလည်း ဆက်လက်၍ တားဆီးထားနိုင်ကြောင်း (နအဖ)စစ်အစိုးရက သတင်းတပ်ဖွဲ့မှူး ရဲမှူးချုပ်မြင့်သိန်းကို သုံးပြီး ခြိမ်းခြောက်လိုက်ခြင်းသာဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ၆ လ ဆက်လက်ဖမ်းဆီးထားနိုင်သေးသလို၊ နောက်ထပ် ၅ နှစ်သက်တမ်း(တည်ဆဲဥပဒေအရ) ထပ်တိုးနိုင်ကြောင်း ပြောလိုက်ခြင်းဖြစ်သည်။ ထို့အပြင် “ယက်တော” ခိုးဝင်လာမှုဖြင့် ဆက်စပ် ခြိမ်းခြောက်ထားသေးသည်။  

(နအဖ)စစ်အစိုးရ၏ တည်ဆဲဥပဒေဆိုသည်မှာ မတရားဖိနှိပ်အနိုင်ကျင့်ထားသည့် အမိန့် ဥပဒေများသာဖြစ်သည်။

သို့အတွက် အင်းစိန်ထောင်တရားရုံးအတွင်း ရင်ဆိုင်နေသည့် နည်းလမ်းမျှဖြင့် မလုံလောက်နိုင်ပါ။

ပြည်သူလူထု၏ စာနာထောက်ခံမှုအင်အားဖြင့် ဝန်းရံဖေးကူလာနိုင်မှသာလျှင် (နအဖ)စစ်အစိုးရ၏ မတရား အနိုင်ကျင့်ဖိနှိပ်မှုကို ရင်ဆိုင်နိုင်ပါလိမ့်မည်။ 

သို့ပါ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူလူထုထံ တချိန်တခါက တင်ပြခဲ့ဖူးသည့် “မတရားသည့် အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ” ဟူသည့် လမ်းအတိုင်း လိုက်မှဖြစ်တော့ မည်။

ယင်းသို့မဟုတ်လျှင် စင့်နှီးတုန်းပေါ် လည်စင်းပေးရသည့် သိုးငယ်များပမာဖြစ်လိမ့်မည်။

ဒေါ်အောင်ဆန်းစုကြည်က ရဲရဲလုပ်ဖို့ ပြောထားပြီးဖြစ်သည်။

သို့အတွက် အင်အားစုအားလုံးက ရဲရဲလုပ်ကြရမည်။ ပြည်သူလူထုပါဝင်လာအောင် စည်းရုံး ကြရမည်။

 


လတ်တလော လုပ်ငန်းစဉ်နှင့် အထွေထွေ နိုင်ငံရေးသဘောထား

 

အလုပ်သမား၊ လယ်သမားကဏ္ဍ

 

အမျိုးသမီးနှင့် လူငယ်ကဏ္ဍ

 

 
 

 

Copyright © 2007 Democratic Party for a New Society. All Rights Reserved.