|
သိမ်ဖျဉ်းသေးနုတ်ပြီး
ဆိုးညစ်သော လုပ်ဆောင်မှု
(၂၀၀၉
ခုနှစ်၊
မေလ
၁၅ ရက်)
အခြေအနေကား အိမ်ချုပ်ချထားသည့်
အနေအထားမှ အင်းစိန်ထောင်သို့ပို့ပြီး
ထောင်ချပစ်မည့် အခြေအနေသို့
ရောက်ရှိလာခဲ့ပါပြီ။ ထို့အပြင် (နအဖ)
စစ်အစိုးရ၏ အကြမ်းဖက်ဖိနှိပ်မှုနှင့်
ဆိုးညစ်မှု များမှာ ကမ်းကုန်အောင်
ပွင့်ကျခဲ့ပြီလည်းဖြစ်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
လွန်ခဲ့သည့် ဧပြီလ (၂၈/၂၉)
ရက်များတွင် အစည်းအဝေး ပြုလုပ်ခဲ့သည်။
ယင်းအစည်းဝေးပွဲကို (နအဖ)
စစ်အစိုးရဘက်က နှောင့်ယှက်မှုမရှိ ခဲ့။
ယင်းသို့ နှောင့်ယှက်မှုမရှိခြင်းမှာ
(နအဖ) စစ်အစိုးရက
သဘောထားကြီးလွန်းလှ၍မဟုတ်။ ဒီတစ်ခါ
အစည်းဝေးတွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂
ခြမ်းကွဲလိမ့်မည် ဟူသော အပိုင်တွက်
ကိန်းနှင့်
လွှတ်ပေးလိုက်ခြင်းသာဖြစ်သည်။
စေတနာဆိုးဖြင့် “ဟ”
ပေးလိုက်ခြင်းသာဖြစ်သည်။
သို့သော်လည်း
ထိုအစည်းဝေးတွင် (နအဖ)
စစ်အစိုးရဆင်ထားသည့် အကွက်၊ တွက်ထား
သည့် တွက်ကိန်းအတိုင်း ဖြစ်မလာခဲ့။
(နအဖ) စစ်အစိုးရ ဆင်ထား/တွက်ထားသလို
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
ကွဲပြဲမသွားဘဲ ပျော့ပြောင်း၍
အမြော်အမြင်ရှိသော
“ရွှေဂုံတိုင်ကြေညာချက်”
ထွက်လာခဲ့ပါသည်။
မေလနှောင်းပိုင်းတွင်
ဒေါ်အောင်ဆန်းစုကြည်ကို
အိမ်ချုပ်ချထားရာမှ လွှတ်ပေးရတော့ မည်။
လွှတ်မပေး၍မရတော့။ (နအဖ) စစ်အစိုးရက
လွှတ်မပေးချင်။ တိုင်းပြည်နှင့်
ပြည်သူ့အကျိုးကို ရှေ့ရှုထားသည့်
ရွှေဂုံတိုင်ကြေညာချက်ကလည်း ထွက်လာပြီ။
မကြာခင် လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်လည်း
ပြန်လွတ်လာတော့မည်။ သို့ဖြင့် ၂၀၀၉
ခုနှစ်၊ မေလသည် ထိုသို့သော
မျှော်လင့်ချက်များဖြင့်
ဝင်းပနေတော့သည်။
“ရွှေဂုံတိုင်ကြေညာချက်”
ကို စွဲကိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်က
လူထုကို စည်းရုံး လှုပ်ရှားလာခဲ့သော်
(နအဖ) စစ်အစိုးရ၏
ဖွဲစည်းပုံအခြေခံဥပဒေ (၂၀၀၈)
သည်လည်းကောင်း၊ (၂၀၁၀) ရွေးကောက်ပွဲ
အိပ်မက်သည်လည်းကောင်း ကြီးမားသော
စိန်ခေါ်မှုနှင့်ရင်ဆိုင်ရတော့မည်။
ယင်းအချက်သည် (နအဖ)စစ်အစိုးရအတွက်
ထိတ်လန့်တုန်လှုပ်ဖွယ်ရာ
ကိစ္စကြီးဖြစ်သည်။
ယင်းသို့သော အခြေအနေတွင်
ခိုးကြောင်ခိုးဝှက် ရေကူးဝင်လာသည့်
“ယက်တော” သည် ရေနစ်တော့မည့် (နအဖ)
စစ်အစိုးရအတွက် “ကောက်ရိုးတမျှင်”
ဖြစ်ခဲ့ပုံရသည် သို့တည်းမဟုတ်
“ယက်တော” နှင့် (နအဖ) စစ်အစိုးရတို့
လက်ဝါးချင်းရိုက် အကွက်ဆင်ခဲ့ပုံလည်း
ဖြစ်နိုင်စရာ ရှိသည်။
တကယ်တော့ (နအဖ) စစ်အစိုးရ
အကြောက်ရွံ့ဆုံးကိစ္စမှာ
“ရွှေဂုံတိုင်ကြေညာချက်” နှင့်
လွတ်မြောက်လာမည့်
ဒေါ်အောင်ဆန်းစုကြည်တို့
ပေါင်းစပ်သွားပြီး ပြည်သူလူထုကြီး
နိုးကြားထကြွ လာကာ
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နှင့်
(၂၀၁၀) ရွေးကောက်ပွဲ ထိပါးခံရမည့်
ကိစ္စသာဖြစ် သည်။ ဗိုလ်သန်းရွှေက
အထိပါးမခံနိုင်ဟု မတ်လ (၂၇) ရက်နေ့က
ဗြောင်ပြောထားပြီးလည်း ဖြစ် သည်။
သို့အတွက် ယခုကဲ့သို့
မတရားသဖြင့် (ပုဒ်မ ၂၂ အရ)
စွဲချက်တင်လိုက်ခြင်းဖြစ်သည်။
ထိုသို့ မတရားသဖြင့်
စွဲချက်တင်လိုက်သဖြင့် အခြေအနေက
ပိုပြီးတင်းမာရှုပ်ထွေးလာ သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
တိုင်းပြည်နှင့်လူထုအကျိုး ရှေ့ရှုပြီး
သင့်မြတ်ပြေလည်ရေး လက်ကို
ကမ်းလှမ်းခဲ့သည်။ သို့သော်လည်း (နအဖ)
စစ်အစိုးရက အာဏာကိုဖက်တွယ်ပြီး အညှိုး
အာဃာတဖြင့်
ကျောခိုင်းပစ်ပယ်ခဲ့ပြန်ပြီ။
သို့ပါ၍
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်
ဒေါ်အောင်ဆန်းစုကြည်တို့အပေါ်
ထားရှိသည့် ပြည်သူလူထု၏ ထောက်ခံမှု၊
စာနာထောက်ထားမှုများကို
ခိုင်မာညီညွတ်သော အင်အားအဖြစ်
ပြောင်းပြီး (နအဖ) စစ်အစိုးရ၏
ဖိနှိပ်မှုမှန်သမျှကို ပြတ်ပြတ်သားသား
ဆန့်ကျင်ကြရန်မှတပါး
အခြားနည်းလမ်းမရှိတော့ပါ။ |