ပြည်သူသာအမိ ပြည်သူသာအဖ

အဖွင့်စာမျက်နှာ သမိုင်းအကျဉ်း ဖွဲ့စည်းပုံစည်းမျဉ်း တပ်ပေါင်းစုရေးရာ ဆက်သွယ်ရန်

 

 

  

သုတေသနနှင့်လေ့လာရေးဌာန

ဝေဖန်သုံးသပ်ချက်
အမှတ်စဉ် (၃/၂၀၀၉)

 

နှစ်ဦးနှစ်ဖက်လက်ခံနိုင်ပြီး လက်တွေ့အလုပ်ဖြစ်နိုင်မည့် အဆိုပြုမှုတစ်ရပ်လိုအပ်ပါသည်
(၂၀၀၉ ခုနှစ်၊ ဇန်ဝါရီလ ၂၈ ရက်)

မကြာမီ မစ္စတာဂမ်ဘာရီ မြန်မာပြည်လာမည်ဟု မီဒီယာသတင်းများက ဆိုသည်။ မစ္စတာဂမ်ဘာရီ၏ ယခုတစ်ကြိမ်ခရီးစဉ်သည် သတ္တမအကြိမ်မြောက် မြန်မာပြည်ခရီးစဉ် ဖြစ်လိမ့်မည်။ သို့သော်လည်း ထူးခြားသည့် ဖြစ်ထွန်းမှုများကို မတွေ့ရသေးပါ။

            (နအဖ)စစ်အစိုးရက “၂၀၁၀ ရွေးကောက်ပွဲအတွက် ကျွမ်းကျင်မှုအကူအညီ” ခေါ်တောင်း လေသလားလို့ တွေးမိပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က “၂၀၁၀ရွေးကောက်ပွဲအကြောင်း ပြောမည်ဆိုလျှင် နားပိတ်ထားမည်” ဟု ပြောသံကြားရပါသည်။

            (နအဖ)စစ်အစိုးရက လမ်းပြမြေပုံအတိုင်း ခရီးဆက်နေသည်။ ၂၀၁၀ ရွေးကောက်ပွဲ ပြုလုပ်မည်။ အခြားနည်းလမ်းမရှိဟုပြောကာ ခေါင်းမာမြဲခေါင်းမာနေသည်။

            အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ခေါ်ပေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည် သုံးသပ်ရန် (နအဖ)စစ်အစိုးရထံ အကြံပြုထားသည်။

၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး  “၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်တွေကို တစုံတရာ အသိအမှတ်မပြုဘဲနဲ့ နောက်ရွေးကောက်ပွဲတွေကို ထည့်သွင်းစဉ်းစားခြင်းမပြုနိုင်ဘူး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်(Stand) က ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲပါ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အတိအလင်း ပြောထားပါသည်။

ယင်းသို့သောအခြေအနေတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရုံးအနေဖြင့် (နအဖ)စစ်အစိုးရနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ နှစ်ဦးနှစ်ဖက်လက်ခံနိုင်ပြီး၊ လက်တွေ့အလုပ် ဖြစ်နိုင်မည့် အဆိုပြုမှုတစ်ရပ်ကို တင်ပြပေးစေလိုပါသည်။

ယင်းသို့ဆိုလျှင် တိုင်းပြည်နှင့်လူထုအတွက် အကျိုးရှိမည့် သင့်မြတ်ပြေလည်ရေးလမ်းစ တစ်ခု ရရှိလာနိုင်လိမ့်မည်ဟု ကျွန်တော်တို့ မျှော်လင့်မိပါသည်။

ငွေပေး၍ (နအဖ)စစ်အစိုးရ ပြောင်းလဲလာလိမ့်မည်မဟုတ်ပါ။ ယုံမှတ်၍ ငွေများပေးလိုက် လျှင် (နအဖ)စစ်အစိုးရလက်ထဲသာ ရောက်သွားမည်။ လိုအပ်နေသော ပြည်သူများထံ ရောက်လိမ့် မည်မဟုတ်ပါ။ အုပ်ချုပ်မှုကိစ္စအဝဝကို စစ်ဗျူရိုကရေစီယန္တယားဖြင့် အဖက်ဖက်က ထိန်းချုပ်ထား ခြင်းဖြစ်ပါသည်။ နာဂစ်မုန်းတိုင်းဒဏ်ခံ ပြည်သူများအတွက်ပေးသည့် ပြည်တွင်းပြည်ပ အကူအညီ များကို (နအဖ)စစ်အစိုးရက မည်သို့ထိန်းချုပ်ကိုင်တွယ်ခဲ့ပြီး အလှူလက်ဖက်နှင့် မျက်နှာလုပ်ခဲ့သည် ကို သာဓကပြုပါသည်။

 


လတ်တလော လုပ်ငန်းစဉ်နှင့် အထွေထွေ နိုင်ငံရေးသဘောထား

 

အလုပ်သမား၊ လယ်သမားကဏ္ဍ

 

အမျိုးသမီးနှင့် လူငယ်ကဏ္ဍ

 

 
 

 

Copyright © 2007 Democratic Party for a New Society. All Rights Reserved.