ပြည်သူသာအမိ ပြည်သူသာအဖ

အဖွင့်စာမျက်နှာ သမိုင်းအကျဉ်း ဖွဲ့စည်းပုံစည်းမျဉ်း တပ်ပေါင်းစုရေးရာ ဆက်သွယ်ရန်

 

 

  

သုတေသနနှင့်လေ့လာရေးဌာန

ဝေဖန်သုံးသပ်ချက်
အမှတ်စဉ် (၂/၂၀၀၉)

 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသို့
(၂၀၀၉ ခုနှစ်၊ ဇန်ဝါရီလ ၁၉ ရက်)

၁၉၉၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရလဒ်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီး၏ အရေးကြီးသော အောင်သီးအောင်ပွင့်တစ်ခုပင်ဖြစ်ပါသည်။ ယင်းကို(န၀တ-နအဖ) စစ်အုပ်စုက ဖျက်သိမ်းပစ်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့သည်။ ကြိုးပမ်းနေဆဲ ဖြစ်သည်။

ပြည်သူများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားပြု ပါဝင်အရွေးခံခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်များကို တခဲနက်ရွေးချယ်ခဲ့ကြခြင်းဖြင့် ပြည်သူတို့၏ ထက်သန်ပြင်းပြလှ သော ဒီမိုကရေစီလိုလားမှုဆန္ဒကို ဖေါ်ထုတ်ပြသခဲ့ပါသည်။

သို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလံတော်အောက်မှ ရွေးချယ်ခြင်းခံခဲ့ကြရ သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ်ကို ဦးတည်ချက် ထားသည့် အခြားနိုင်ငံရေးပါတီများမှ ရွေးချယ်ခြင်းခံကြရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များ၊ တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည်  မဖြစ်မနေ ထမ်းဆောင်ရမည့် တာဝန်ကြီး ၃ ရပ် တည်ရှိနေပါသည်။  

  • ၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်ကို ထိန်းသိမ်းကာကွယ် အကောင်အထည်ဖေါ်ရမည့်တာဝန်

  • ပြည်သူများ၏ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေးတာဝန်

  • အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်အတူတကွ ရပ်တည်ရမည့်တာဝန်

ထိုတာဝန်ကြီး ၃ ရပ်ကို ဆောင်ရွက်အကောင်အထည်ဖေါ်သည်ဆိုရာ၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ပြည်တွင်းပြည်ပ နိုင်ငံရေးအခြေအနေများနှင့် လိုက်လျောကိုက်ညီစွာ ထမ်းဆောင်သွားရန်လည်း လိုအပ်ပါသည်။

သို့ပါ၍ မကြာမီ အိုင်ယာလန်နိုင်ငံ၊ ဒပ်ဗလင်မြို့၌ ကျင်းပမည့် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များအဖွဲ့ (MPU) စတုတ္တအကြိမ်ညီလာခံ၊ နောက်ဆက်တွဲ အစည်းဝေးတွင် အထက်ဖေါ်ပြပါ တာဝန်ကြီး ၃ ရပ်ကို မျက်ခြေမပြတ် ထမ်းဆောင်နိုင်ပါစေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များသို့ တိုက်တွန်းအပ်ပါသည်။

 


လတ်တလော လုပ်ငန်းစဉ်နှင့် အထွေထွေ နိုင်ငံရေးသဘောထား

 

အလုပ်သမား၊ လယ်သမားကဏ္ဍ

 

အမျိုးသမီးနှင့် လူငယ်ကဏ္ဍ

 

 
 

 

Copyright © 2007 Democratic Party for a New Society. All Rights Reserved.