ပြည်သူသာအမိ ပြည်သူသာအဖ

အဖွင့်စာမျက်နှာ သမိုင်းအကျဉ်း ဖွဲ့စည်းပုံစည်းမျဉ်း တပ်ပေါင်းစုရေးရာ ဆက်သွယ်ရန်

 

 

  

သုတေသနနှင့်လေ့လာရေးဌာန

ဝေဖန်သုံးသပ်ချက်
အမှတ်စဉ် (၈/၂၀၀၈)

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကြိုတင်ရှင်းလင်းထားသင့်တဲ့ ကိစ္စလေးတစ်ခု
(၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်)

ဒီကနေ့ကာလဟာ ပြည်တွင်းမှာပဲဖြစ်ဖြစ်၊ ပြည်ပမှာပဲဖြစ်ဖြစ် ၂၀၁၀ မတိုင်မီနဲ့ ၂၀၁၀ လွန် ကာလအတွက် ဖိုးကပ်စ်လုပ်ပြီး  ဖြစ်နိုင်ခြေနဲ့ အလားအလာတွေကို လေ့လာစူးစမ်းနေကြတဲ့ ကာလ ဖြစ်ပါတယ်။ ဖြစ်ပေါ် လာသမျှ  ဖြစ်စဉ်ဖြစ်ရပ်တိုင်းကိုလည်း အထက်ကဦးတည်ချက် ယှဉ်တွဲစဉ်းစား နေကြတဲ့ အနေအထားဖြစ်ပါတယ်။

            (နအဖ)စစ်အစိုးရက တစ်ဖက်မှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနဲ့ နိုင်ငံရေး လှုပ်ရှားသူများကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေပြီး၊ အခြားတစ်ဖက်မှာတော့ အပစ်ရပ်တိုင်းရင်း သား အဖွဲ့အစည်းတွေကို လက်နက်အပ်ဖို့၊ တပ်ဖျက်ဖို့၊ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ ဖိအား တွန်းအားတွေ ပေးနေပါတယ်။

            ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ ဘယ်လိုနိုင်ငံရေးပါတီတွေ ပေါ်ထွက်လာမလဲ၊ အရေ အတွက် ဘယ်လောက်ရှိမလဲ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေမှာ ဘယ်လိုအချက်အလက် တွေ ပါနိုင်သလဲ၊ ဘယ်ကာလလောက်မှာ ထုတ်ပြန်ကြေညာလာနိုင်သလဲ၊ ပြည်ပက တချို့တွေ လည်း ၂၀၁၀ ရွေးကောက်ပွဲကို စိတ်ကူးယဉ်နေကြတယ်။ မရဲတရဲ ထုတ်ပြောလာနေကြတယ်။

            ဒီလိုအခြေအနေနဲ့ အချိန်အခါမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ကြေညာချက် တွေမှာ ပါလေ့ရှိတဲ့ အောက်ပါအချက်ကို သေသေချာချာ ရှင်းလင်းထားသင့်တယ်လို့ ကျနော်တို့ ယူဆပါတယ်။

           “၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပြီး ဖျက်သိမ်းခြင်းခံထားရသော တိုင်းရင်းသားနိုင်ငံရေးပါတီများ အပါအဝင် နိုင်ငံရေးပါတီများကို  ပြန်လည်မှတ်ပုံတင်ခွင့်ပေး၍ လွတ်လပ်စွာ စည်းရုံးခွင့် ပေးရန်”

        အထက်ဖေါ်ပြပါအချက်ကို  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၀၈ ခုနှစ်အတွင်း ထုတ်ပြန် ခဲ့တဲ့ အောက်ပါ ကြေညာချက်များတွင် တွေ့ရှိနိုင်ပါတယ်။  

       - (၆၀) ပြည့် လွတ်လပ်ရေးနေ့ ကြေညာချက်
       - (၆၁) ကြိမ်မြောက် ပြည်ထောင်စုနေ့ ကြေညာချက်
       - (၁၈) နှစ်မြောက် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကြေညာစာတမ်း
       - (၆၁) ကြိမ်မြောက် အာဇာနည်နေ့ ကြေညာချက်
       - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခဲ့သည့် (၂၀) နှစ်မြောက် ကြေညာစာတမ်း
       - (၈၈) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကြေညာစာတမ်း  

            တကယ်တော့ ဖေါ်ပြပါအချက်ဟာ ယခင်အခြေအနေနဲ့ အချိန်ကာလတွေမှာ တောင်းဆို သင့် တောင်းဆိုထိုက်တဲ့ တောင်းဆိုချက်တစ်ခုဖြစ်သော်လည်း ယခုကဲ့သို့ ၂၀၁၀ မတိုင်မီနှင့် ၂၀၁၀ လွန်ကာလအတွက် အလားအလာနှင့် ဖြစ်နိုင်ခြေများကို အကဲခတ်စူးစမ်းနေကြသည့် အချိန်တွင် ထိုအချက်နှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ကြိုတင်ရှင်းလင်းထားရန် လိုအပ် ပါတယ်။

ဒီလိုမှ ကြိုတင်ရှင်းလင်းမထားဘူးဆိုရင် ဖွချင်ဆွချင်သူများ၊ လိုရာဆွဲပြောချင်သူများ အတွက် ထောက်ပြကိုးကားစရာ အချက်အလက် ဖြစ်သွားပါလိမ့်မယ်။

 


လတ်တလော လုပ်ငန်းစဉ်နှင့် အထွေထွေ နိုင်ငံရေးသဘောထား

 

အလုပ်သမား၊ လယ်သမားကဏ္ဍ

 

အမျိုးသမီးနှင့် လူငယ်ကဏ္ဍ

 

 
 

 

Copyright © 2007 Democratic Party for a New Society. All Rights Reserved.