|
ဒီချုပ်လူငယ်များနှင့်ပတ်သက်၍ (၂၀၀၈
ခုနှစ်၊
အောက်တိုဘာလ ၃၀ ရက်)
၂ဝဝ၈ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်၊
ဗုဒ္ဓဟူးနေ့ည၊ ဘီဘီစီ ၏ ‘လွတ်လပ်အတွေး
ဆွေးနွေးဖလှယ်ကဏ္ဍ’ တွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊
လူငယ်လုပ်ငန်းအဖွဲ့ ပြန်လည်ဖွဲ့စည်းမှု
ကိစ္စနှင့်ပတ်သက်ပြီး ကျွန်တော်တို့
ပါဝင်ဆွေးနွေးခွင့် ရရှိပါသည်။
ဆွေးနွေးရမည့်ကိစ္စက ကျယ်ပြန့် ပြီး၊
ဆွေးနွေးခွင့်ရသည့်အချိန်က
တိုတောင်းလွန်းလှသဖြင့်
လိပ်ပတ်လည်အောင် ပြောခွင့်မရလိုက် ပါ။
သို့အတွက်
ရရှိသည့်အချိန်အတိုင်းအတာအတွင်း
လိုရင်းကို အတော်အတိုချုံးပြီး
ပြောလိုက်ရပါ သည်။ ယခု
ထိုကိစ္စနှင့်ပတ်သက်ပြီး
ကျွန်တော်တို့ပါတီ၏
သဘောထားအမြင်အပြည့်အစုံကို ဖေါ်ပြ
လိုက်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုက
လူငယ်လုပ်ငန်းအဖွဲ့ပြန်လည်ဖွဲ့စည်းခြင်းကို
ကျွန်တော်တို့ပါတီက
နှစ်ထောင်းအားရကြိုဆိုပါသည်။ လူငယ်သည်
ရဲရင့်သူ၊ တက်ကြွလှုပ်ရှားသူ၊
စွန့်လွှတ်စွန့်စားမှုကို
မြတ်နိုးခုန်မင်သူမဟုတ်ပါလော။
ထိုသို့သော လူငယ်များကို
ပြန်လည်စည်းရုံး စုဖွဲ့ရန်
ကြိုးပမ်းခြင်းကို ကျွန်တော်တို့
နှစ်ထောင်းအားရ ကြိုဆိုရပါမည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို
လက်ရှိဦးဆောင်နေသည့်
အီးစီလူကြီးများသည် အသက် အရွယ်၊
အမြော်အမြင်၊ အတွေ့အကြုံနှင့်
ဖြတ်သန်းမှု ကြီးမားသူများဖြစ်ပါသည်။
ယင်းသို့သော အမြော်အမြင်၊
အတွေ့အကြုံများကို ရဲရင့်သော၊
တက်ကြွသော၊ စွန့်လွှတ်စွန့်စားလိုသော
လူငယ်ထု နှင့်
မုချပေါင်းစပ်ရမည်သာဖြစ်ပါသည်။
ယင်းသို့ပေါင်းစပ်နိုင်လျှင်
အင်အားဖြစ်ထွန်းလာမည်မှာ
အသေအချာဖြစ်ပါသည်။
သို့သော်လည်း ‘လူငယ်တစ်ရာကျော်
နှုတ်ထွက်လွှာတင်ထားသည်၊ နှုတ်ထွက်ကြမည်’
ဟူသော သတင်းများ
ကျယ်ကျယ်လောင်လောင်ကြားသိလာရပါသည်။
ယင်းသို့ လူသိရှင်ကြား
ကျယ်ပြန့်လာသည်မှာ မသင့်တော်သည့်ကိစ္စ
ဖြစ်ပါသည်။ တကယ်တော့ ထိုပြဿနာသည်
အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်၏
စည်းရုံးရေးဘောင်ထဲတွင်
ဖြေရှင်းရမည့်ကိစ္စ၊
ဖြေရှင်း၍ရနိုင်သည့် ကိစ္စ
သာဖြစ်ပါသည်။ အချိန်ယူ၍ အေးအေးဆေးဆေး
ညှိနှိုင်းဆွေးနွေးလိုက်လျှင်
ပြေလည်သွားမည့်ကိစ္စ ဟု မြင်ပါသည်။
ယခုလို ‘နှုတ်ထွက်လွှာ တင်ထားသည်၊
နှုတ်ထွက်ကြမည်’ လူသိရှင်ကြား ထုတ်ဖေါ်
ကြခြင်းမှာ သင့်လျော်မှုမရှိပါ။
အထူးသဖြင့် ယနေ့လိုအခြေအနေနှင့်
အချိန်ကာလမျိုးတွင် မသင့်တော်သည့်ကိစ္စ
ဖြစ်ပါ သည်။ လူကြီးကမှားပြီး၊
လူငယ်ကမှန်သည်ဟု
အမှားအမှန်ခွဲခြားရမည့် အနေအထားလည်း
မဟုတ် ပါ။ လူငယ်လုပ်ငန်းအဖွဲ့ကို
ဖွဲ့စည်းရာတွင်
မည်သည့်နည်းလမ်းပုံစံဖြင့်
ဖွဲ့စည်းလိုက်လျှင် လူငယ်များ
စည်းလုံးညီညွတ်လာစေပြီး၊
ပြည်သူလူထုအတွက်၊ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်လုပ်ငန်းများကို
အောင်မြင်စွာ အကောင်အထည်
ဖော်ဆောင်ရွက်သွားနိုင်ရေးအတွက်ဆိုသည့်
ဦးတည်ချက် ရလဒ် ကောင်း
ရရှိနိုင်ရေးကိုသာ တည့်တည့်မတ်မတ်
အာရုံစူးစိုက်ထားရမည်ဖြစ်ပါသည်။
ယနေ့အခြေအနေနှင့်
အချိန်ကာလဆိုသည်မှာ ‘အနုနည်းကလည်း
မအောင်မြင်၊
လက်နက်ကိုင်တော်လှန်ရေးနည်းနဲ့လည်းမရ၊
တွေ့ဆုံဆွေးနွေးရေးကလည်း အလုပ်မဖြစ်’
ဟု ရွာလည်ပြီးလမ်းပျောက်နေသူများ၊
‘ဘာမှစဉ်းစားမနေကြနဲ့ (နအဖ) စစ်အစိုးရ
လမ်းပြမြေပုံအတိုင်း လိုက်လုပ်ကြ၊
၂ဝ၁ဝ ရွေးကောက်ပွဲမှာပါဝင်ကြ’ဆိုပြီး
အရှုံးပေးအညံ့ခံရေးသမားတွေက ဒူးထောက်
ရေးအတွေးအခေါ်ကို ဝါဒဖြန့်နေသည့်
အခြေအနေဖြစ်ပြီး၊ (နအဖ) စစ်အစိုးရက
အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်နှင့်
နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို
ပြင်းပြင်းထန်ထန် အကြမ်းဖက်ဖိနှိပ်နေ
သည့် အချိန်ကာလဖြစ်ပါသည်။
သို့ပါ၍ အခြေအနေနှင့်အချိန်ကာလ၏
ထူးခြားမှုရှိသော အနေအထားကို ထည့်သွင်း
စဉ်းစားပြီး
တည်ရှိဖြစ်ပေါ်နေသောပြဿနာကို
ကိုင်တွယ်ကြရမည်သာဖြစ်ပါသည်။ သို့မှသာ
အဖြေကောင်းနှင့် ရလဒ်ကောင်းကို
ကျွန်တော်တို့ ရရှိနိုင်ပါလိမ့်မည်။
ယင်းသို့ အခြေအနေနှင့် အချိန် ကာလ၏
ထူးခြားချက်ကို မိမိရရဆုပ်ကိုင်မိဖို့
လိုအပ်ပါသည်။ သို့မဟုတ်ပါက
အပျက်ပျက်နှင့်
နှာခေါင်းသွေးထွက်ရမည့်ကိစ္စ
ဖြစ်သွားပါလိမ့်မည်။ (နအဖ)
စစ်အစိုးရသည် ကုလသမဂ္ဂ အထူး
ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီကိုပင်
အသုံးချပြီး
ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့သွားကာ
လော်စပီကာဖြင့်အော်ခဲ့သည်မှာ
အားလုံးမျက်မြင်ကိုယ်တွေ့ပင်မဟုတ်ပါလား။
ယခုကိစ္စတွင်လည်း မဆိုင်းမတွ
ဝင်ရောက်အသုံးချမည်ဆိုသည်မှာ
ပြေးကြည့်နေစရာပင် မလိုပါ။ ယင်းကို
သတိရှိကြရပါမည်။ အားလုံးက
ယင်းအချက်ကို စိုးရိမ်နေကြသည်။
‘(နအဖ)က
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးထဲအထိ
ထိုးဖောက်ထားပြီး၊ ဘာကိုမျှ စိတ်ချ
၍မရ၊ ဥက္ကဌကိုယ်တိုင်
လက်နှိပ်စက်သယ်လာရပြီး
စာရိုက်နေရသည်’ဟုဆိုသည့်
ထူးခြားချက်ကို အထူးသတိပြုဖို့
လိုပါလိမ့်မည်။
ပါတီအဖွဲ့အစည်းတစ်ရပ်၊
တိုင်းနိုင်ငံတစ်ခုသည်
ဒီမိုကရေစီကိုကျင့်သုံးရာ၌ တသတ်မတ်
တည်း တစ်ပုံစံတည်း
မပြောင်းမလဲကျင့်သုံး၍မဖြစ်နိုင်ပါ။
အခြေအနေအချိန်ကာလ၏ ထူးခြားချက်
များကို ထည့်သွင်းစဉ်းစားပြီး
တွက်ချက်ကိုင်တွယ်ရမည်သာဖြစ်ပါသည်။
တော်လှန်ရေးကာလ အတွင်း
နိုင်ငံရေးပါတီအဖွဲ့အစည်းတစ်ခု၏
ဒီမိုကရေစီကျင့်သုံးပုံနှင့်
စစ်တွင်းကာလ နိုင်ငံတစ်ခု၏
ဒီမိုကရေစီကျင့်သုံးပုံတို့ကို
လေ့လာကြည့်လျှင် ယင်းအချက်ကို
သိနိုင်ပါသည်။
ယခုကိစ္စတွင် ကွဲလွဲသူ
လူငယ်တို့ဘက်ကလည်း ယခုပြဿနာမှာ
‘နိုင်ငံရေးအရ ကွဲလွဲခြင်းမဟုတ်၊
ဖွဲ့စည်းမှုဆိုင်ရာ
နည်းလမ်းပြဿနာသာဖြစ်သည်’ဟု
ဆိုထားသဖြင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏
စည်းရုံးရေးဘောင်ထဲတွင်
ညှိနှိုင်းဖြေရှင်းရမည့်ကိစ္စ၊
ဖြေရှင်းရနိုင်သည့်ကိစ္စဟု လူ့ဘောင်သစ်
ဒီမို ကရက်တစ်ပါတီက သဘောထားပါသည်။
|