|
မစၥတာဂမ္ဘာရီက
မည်သို့ပြောင်းလဲစေနိုင်ပါမည်နည်း (၂၀၀၈
ခုနှစ်၊
မတ်လ ၄ ရက်)
ကျွန်တော်တို့လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က
“ပြည်သူများအနေဖြင့်
အကောင်းဆုံးကိုမျှော်လင့်ပြီး
အဆိုးဆုံးအတွက် အသင့်ပြင်ထားကြရမည်”ဟု
ရရှိလာသည့် အခိုက်အတန့်ကာလကလေးတွင်
တိုင်းပြည်နှင့် လူထုထံ သတိပေးစကား
ပြောကြားသွားခဲ့သည်။
ကျွန်တော်တို့ပြည်သူများသည် ယခုအခါ
ရင်ဆိုင်ရတော့မည့် အဆင့်(၄)အတွက်
ပြင်ဆင် နေကြပါသည်။ ယင်း အဆင့်(၄)
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲသည်
လာမည့်မေလတွင် ကျင်းပမည်ဟု
(နအဖ)စစ်အစိုးရက ထုတ်ပြန်ထားပြီးလည်း
ဖြစ်ပါသည်။
ထိုပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင်
(နအဖ)စစ်အစိုးရ ချပြလာမည့်
ဖွဲ့စည်းပုံအခြေခံဥပဒေ
မူကြမ်းဆိုသည်မှာ
(နအဖ)စစ်အစိုးရစိတ်ကြိုက်
တစ်ဖက်သတ်ရေးဆွဲထားသည့်
မူကြမ်းဖြစ်သည်ကို
ပြည်တွင်းပြည်ပအားလုံးက
သိရှိထားကြပြီးဖြစ်သည်။ သို့အတွက်
ပြည်တွင်းပြည်ပအင်အားစု အားလုံးက
ထိုဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို
ခါးခါးသီးသီး ဆန့်ကျင်ကြောင်း၊
ဆန္ဒခံယူပွဲ ပြုလုပ် လာပါက
ပြည်သူများအနေဖြင့် “မဲရုံသို့သွား၍
ဆန့်ကျင်မဲပေး ကန့်ကွက်ကြရန်”
လှုံ့ဆော် စည်းရုံးနေ ပါသည်။
ထိုသို့သောအချိန်အခါတွင်
ကုလသမဂ္ဂအထူးသံတမန်ကြီး မစ္စတာဂမ်ဘာရီ
တစ်ယောက် မြန်မာပြည်သို့ တတိယအကြိမ်
ရောက်ရှိလာတော့မည်ဟု ကြားသိရပါသည်။
ကုလသမဂ္ဂက ပြောကြားနေသည့်
“ဖွဲ့စည်းပုံမူကြမ်းရေးဆွဲရာတွင်
အင်အားစုအားလုံး ပါဝင်ရေး”
ဆိုသည်မှာလည်း လက်တွေ့တွင်
ဖြစ်မလာခဲ့ပါ။ ယခု (နအဖ)စစ်အစိုးရ၏
အခြေခံဥပဒေ ရေးဆွဲရေးကော်မရှင်က၂၀၀၈
ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၉ ရက်တွင်
အတည်ပြုမော်ကွန်းတင်
လက်မှတ်ရေးထိုးထားပြီးဖြစ်သည့်
မူကြမ်းကို မည်သို့ ပြန်လည်သုံးသပ်
ပြင်ဆင်နိုင်ပါမည်နည်း။
(နအဖ)စစ်အစိုးရသည် ငါ့မြင်း
ငါစိုင်းဆိုသလို
ထင်ရာစိုင်းနေပြီဖြစ်သည်။
မည်သူမျှတား၍မရ။
လုံခြုံရေးကောင်စီကလည်း တား၍မရခဲ့။
အထွေထွေညီလာခံက ဖျောင်းဖျသည်ကိုလည်း
လက်မခံ ခဲ့။ အိမ်နီးချင်းများက
ကျိတ်ပြီး ဆုံးမတာကိုလည်း
မနာခံခဲ့ချေ။
ယင်းသို့ခေါင်းမာနေသော
(နအဖ)စစ္အစိုးရကို မစၥတာဂမ္ဘာရီက
မည်သို့ပြောင်းလဲစေ နိုင်ပါမည်နည်း။
ကျွန်တော်တို့ပြည်သူများသည်
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင်
(နအဖ)စစ်အစိုးရကို အလဲ ထိုးနိုင်ရန်
ရသည့်အချိန်အတိုင်းအတာအတွင်း
သိပ်သည်းကျစ်လစ်စွာ ပြင်ဆင်ကြရမည်။
သို့မှသာ စစ်အာဏာရှင်စနစ်
ထာဝစဉ်သက်ဆိုးရှည်မည့် လမ်းကြောင်းကို
ဖြတ်တောက်ပစ်နိုင်ပါလိမ့်မည်။
ယင်းဦးတည်ချက်ကို
တည့်မတ်စွာ ရှေ့ရှုကြရမည်။ |