|
အဆင့်တိုင်း
တိုက်ဖျက်နေပါသည် (၂၀၀၈
ခုနှစ်၊
ဖေဖော်ဝါရီလ
၂၁ ရက်)
၁။ (နအဖ) စစ်အစိုးရ၏ “၅၄
ဦးကော်မရှင်”က အခြေခံဥပဒေ(မူကြမ်း)
ရေးဆွဲခြင်းကို အပြီးသတ်ခဲ့ပြီ။
၂။
ယင်းအခြေခံဥပဒေ(မူကြမ်း)ကို လာမည့်
မေလ(၂၀၀၈)တွင် “ပြည်လုံးကျွတ်
ဆန္ဒခံယူပွဲ ကြီး” ပြုလုပ်၍
အတည်ပြုမည်ဟု ထုတ်ဖော်ပြောကြားထားသည်။
သို့သော်လည်း “ပြည်လုံးကျွတ်
ဆန္ဒခံယူပွဲကြီး”ကို မည်သို့သော
နည်းလမ်း၊ မည်သို့သောပုံစံဖြင့်
ကျင်းပပြုလုပ်မည်ကို ယခုအချိန် အထိ
တိကျရှင်းလင်းစွာ
ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါ။
၃။ မည်သည့်နည်းလမ်း၊
မည်သည့်ပုံစံကို ကျင့်သုံးလာသည်ဖြစ်စေ
ပြည်သူများ၊ ပြည်တွင်း ပြည်ပရှိ
နိုင်ငံရေးအဖွဲ့အစည်းများ၊
နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအနေဖြင့်
(နအဖ)စစ်အစိုးရက ချပြလာမည့်
အခြေခံဥပဒေ(မူကြမ်း)ကို
ပြတ်ပြတ်သားသား
ဆန့်ကျင်ပယ်ချသွားနိုင်ရန်သာ ဖြစ်
သည်။ အားလုံးက ယင်းဦးတည်ချက်ကို
ပထမဦးစွာ ရှင်းရှင်းလင်းလင်းရှိစေရန်
လိုအပ်ပါသည်။ တဆက်တည်းမှာလည်း ထိုသို့
ပြတ်ပြတ်သားသား
ဆန့်ကျင်ပယ်ချသွားနိုင်ရန်အတွက်
လိုအပ် သော
အခြေအနေအကြောင်းအချက်များကိုလည်း
ဘက်ပေါင်းစုံက ပြင်ဆင်ထားကြရမည်သာ
ဖြစ်သည်။
၎။ ထိုသို့ ပြတ်ပြတ်သားသား
ဆန့်ကျင်ပယ်ချသွားနိုင်ရန်အတွက်
လိုအပ်သော အခြေအနေ
အကြောင်းအချက်များကို ဖော်ထုတ်ခြင်း၊
တောင်းဆိုခြင်း၊ ပြင်ဆင်ခြင်းများသည်
ချပြလာမည့် အခြေခံဥပဒေ(မူကြမ်း)ကို
လက်ခံ အသိအမှတ်ပြုရာရောက်သည်ဟု
အချို့က လွဲမှားစွာ ထင်မြင်
ယူဆနေကြသည်။
၅။ မည်သည့်ကိစ္စကို
ဆောင်ရွက်သည်ဖြစ်စေ၊
ဖြစ်ပေါ်တည်ရှိနေသည့် ပကတိအခြေအနေ
နှင့် ကင်းလွတ်၍
စဉ်းစားနိုင်သည်မဟုတ်၊
ဆောင်ရွက်နိုင်လိမ့်မည်လည်း မဟုတ်ချေ။
ဒါဆိုလျှင် ၃ပွင့်ဆိုင်
တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရန်၊
အမျိုးသားပြန်လည်သင့်မြတ်ရေး
ပြုလုပ်ရန် တောင်းဆို နေခြင်းကို
ကျွန်တော်တို့
မည်သို့နားလည်ကြမည်နည်း။ ၃
ပွင့်ဆိုင်ဆွေးနွေးရေး တောင်းဆိုချက်
သည် လက်ရှိစစ်အစိုးရကို
ဆွေးနွေးဖက်အပွင့်တစ်ပွင့်အဖြစ်
အသိအမှတ်ပြုခြင်း မဟုတ်ပါလား။ ၁၉၉၀
ပြည့် ရွေးကောက်ပွဲရလဒ်အတိုင်းသာ
ဆောင်ရွက်မည်ဆိုလျှင်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သို့
အာဏာလွှဲပြောင်းပေးရန်သာရှိသည်။
သို့သော်လည်း လက်တွေ့အခြေအနေသည်
ယင်းသို့ ဖြစ်ပေါ်လာခဲ့သည်မဟုတ်။
၆။ ကျွန်တော်တို့သည် ၁၉၉၀
ပြည့် ရွေးကောက်ပွဲရလဒ်အတိုင်း
အနိုင်ရပါတီ(ဒီချုပ်)အား
အာဏာလွှဲပြောင်းပေးရန် (န၀တ)စစ်အစိုးရက
မဆောင်ရွက်ခဲ့သဖြင့်
ဆန့်ကျင်ကန့်ကွက်ခဲ့ကြပြီ။ ထို့နောက်
(န၀တ)စစ်အစိုးရက ကြေညာချက် အမှတ်
(၁/၉၀) ကြေညာခဲ့သည်။ ထို့အပြင် ကြေညာ
ချက်အမှတ် (၁၁/၉၂) အရ အမျိုးသားညီလာခံ
ကျင်းပလာသောအခါတွင်လည်း အတုအယောင်
ညီလာခံသာ ဖြစ်သည်။ ထိုညီလာခံက
ရရှိချက်များသည်လည်း အတုအယောင်
ရရှိချက်များသာ ဖြစ်သည်ဟု
ထပ်မံဖွင့်ချခဲ့ကြသည်။ ယခု
ထိုအတုအယောင်ရရှိချက်များဖြင့်
ရေးဆွဲထားသည့် အခြေခံဥပဒေ(မူကြမ်း)ကို
အတည်ပြုနိုင်ရန် ချပြလာတော့မည်။
ယင်းသို့ချပြလာခြင်းကို ပြတ်ပြတ်
သားသား ဆန့်ကျင်ကြရမည်သာဖြစ်သည်။
သို့အတွက် ဘက်ပေါင်းစုံက
ဆန့်ကျင်ကန့်ကွက်နိုင်ရန် လိုအပ်သော
အခြေအနေအကြောင်းအချက်များကို
တောင်းဆိုနေခြင်းဖြစ်ပါသည်၊
ပြင်ဆင်နေခြင်း ဖြစ်ပါသည်။ ယင်းသည်
ကျွန်တော်တို့ပြောခဲ့သည့်အတိုင်း
လမ်းပြမြေပုံကို အဆင့်တိုင်းတွင်
တိုက်ဖျက်နေခြင်းဖြစ်ပါသည်။
၇။ “ဗဟုဖွံ့ဖြိုးရေးအဖွဲ့”က
ဦးအောင်သူငြိမ်း၏ ပြောကြားချက်ဖြင့်
နိဂုံးချုပ်လိုက်ပါသည်။
“ကျနော်ထင်တယ်၊ လာမယ့်
ရက် ၉၀ လောက်အတွင်းမှာ ဖြစ်မယ်ဆိုတော့
အချိန်က သိပ် တိုတောင်းနေပါပြီ။
အဲတော့ (NLD)အနေနဲ့ လုပ်နိုင်တာကတော့
ကျနော်မြင်တာ ဒီဆန္ဒခံယူပွဲကို လူထုကို
အဆုံးဖြတ်ခံခိုင်းတာကတော့
အကောင်းဆုံးပဲထင်ပါတယ်။ အခုဟာက
(နအဖ)စစ်အစိုးရ က မညှိနှိုင်းတော့ဘဲနဲ့
သူ့ဖာသာနဲ့သူသွားတော့မယ့်
ပုံစံမျိုးလည်း ဖြစ်နေပါပြီ။
အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်အနေနဲ့တော့ မဲမလိမ်အောင်၊
မညစ်အောင် စသည်ဖြင့် ဒါမျိုး
ဘယ်လိုလုပ်နိုင်မလဲပေါ့။ နောက်တခုက
နိုင်ငံတကာ စောင့်ကြည့်မှုတွေရအောင်
တောင်းဆိုတာမျိုးတို့၊ ဒါ အနိမ့်ဆုံး
လုပ်နိုင် မယ်လို့တော့ ထင်ပါတယ်။”
“ဆန္ဒခံယူပွဲကို လုံးဝ
မသွားတာထက်စာရင်တော့
လူကိုယ်တိုင်သွားပြီးတော့ ကန့်ကွက်မဲ
ပေးတာက ပိုပြီးတော့
ထိရောက်လိမ့်မယ်လို့ ယူဆပါတယ်။”
(ဗဟုဖွံ့ဖြိုးရေးအဖွဲ့က
ဦးအောင်သူငြိမ်း ၏ ဘီဘီစီသို့
ပြောကြားချက်/ ဖေဖော်ဝါရီ ၁၉) |