|
ကြေညာချက်
(၁/၂၀၀၈) နဲ့
(၂/၂၀၀၈
) အပေါ် ထားရှိသင့်သည့် သဘောထား
(၂၀၀၈
ခုနှစ်၊
ဖေဖော်ဝါရီလ ၁၀ ရက်)
၁။
မနေ့က( ၉
ဖေဖေါ်ဝါရီ) (နအဖ) စစ်အစိုးရ၊
တွင်း(၁) ဒုတိယဗိုလ်ချုပ်ကြီး
သီဟသူရ တင်အောင်မြင့်ဦး လက်မှတ်ထိုးပြီး၊
ကြေညာချက် ၂
စောင်
ထုတ်ပြန်ခဲ့ပါသည်။
၂။
ကြေညာချက် (၁/၂၀၀၈)
က
‘၅၄
ဦး ကော်မရှင်က
ရေးဆွဲနေသော အခြေခံဥပဒေ မူကြမ်း
မကြာမီပြီးစီးတော့မည်၊
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ
ကျင်းပ၍
အတည်ပြုခြင်းကို ၂၀၀၈ ခုနှစ်၊
မေလတွင် ကျင်းပမည်’
ဟု ဆိုသည်။
၃။
ကြေညာချက် (၂/၂၀၀၈)
က
‘ဖြစ်ပေါ်လာမည့်
အခြေခံဥပဒေသစ်နှင့်အညီ ပါတီစုံ
ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို
၂၀၁၀ ခုနှစ်တွင် ကျင်းပပေးမည်’
ဟု ထုတ်ပြန်ကြေညာခြင်း
ဖြစ်သည်။
၎။
ပထမဦးစွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်
တိုင်းပြည်နှင့်
လူထုထံသို့
အဆိုပါ ကြေညာချက်
၂ ရပ်နှင့် ပတ်သက်၍
တိကျရှင်းလင်းသော
သဘောထားတစ်ရပ်ကို ထုတ်ပြန်ပေးရန်
လိုအပ်ပါသည်။
၅။
အမျိုးသားညီလာခံသည်
အတုအယောင်အမျိုးသားညီလာခံဖြစ်ပြီး၊
ညီလာခံရရှိချက် များမှာလည်း
အတုအယောင်ရရှိချက်များသာ
ဖြစ်ပါသည်။
အတုအယောင် ရရှိချက်များဖြင့် ရေးဆွဲ
ချပြလာမည့် အခြေခံဥပဒေမူကြမ်းဆိုသည်မှာလည်း
အတုအယောင် အခြေခံဥပဒေမူကြမ်းသာ
ဖြစ်ပါလိမ့်မည်။
သို့အတွက်
ထိုမူကြမ်းကို
ပြတ်ပြတ်သားသား
ဆန့်ကျင်သွားရမည်ဟု
ကျွန်တော်တို့
သဘောပေါက်ထားပါသည်။
၆။
ထိုသို့
ပြတ်ပြတ်သားသား
ဆန့်ကျင်ရာတွင်
အခြေခံအားဖြင့်
အောက်ပါအချက်များ
လိုအပ်ပါသည်။
·
ထိုကြေညာချက်
၂ ခု အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏
တိကျရှင်းလင်းသည့်
သဘောထား၊
·
ပြည်သူများ ပြတ်သားစွာ
ဆန္ဒပြပယ်ချနိုင်ကြစေရန်
လွတ်လပ်သော ပတ်ဝန်းကျင်
တစ်ရပ်၊
·
နိုင်ငံတကာ
စောင့်ကြပ်လေ့လာသူများ၏
ရှေ့မှောက်တွင်
ပြုလုပ်ရန်၊
၇။
ထိုသို့
အခြေအနေများ
ပေးအပ်ခြင်းမရှိပါက သို့တည်းမဟုတ်
ကြံ့ဖွံ့အဖွဲ့ကိုသုံး၍
ဆန္ဒ
ခံယူသည့်ပုံစံမျိုး
ပြုလုပ်လာပါက
တပြည်လုံး ဆန္ဒပြပွဲကြီးဖြစ်ပေါ်လာအောင်
လှုံ့ဆော်စည်းရုံးသွား
ရန် လိုအပ်ပါသည်။ |