|
ဤအတိုင်းဆိုလျှင် တွေ့ဆုံဆွေးနွေးရေး
ဝေးနေဦးမည် (၂၀၀၇
ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်)
စင်္ကာပူတွင် နိုဝင်္ဘာလ ၈ ရက်နေ့က
မစ္စတာဂမ်ဘာရီကတဆင့် ထုတ်ပြန်ခဲ့သော
ဒေါ်အောင်ဆန်းစုကြည်၏
ကြေညာချက်နှင့်ပတ်သက်၍ (နအဖ)
စစ်အစိုးရက နိုင်ငံရေးပါတီများ၊
အပစ်ရပ်တိုင်းရင်းသားအဖွဲ့များနှင့်
၎င်းတို့လက်သပ်မွေးထားသော (၀ံသာနုNLD/
အမျိုးသားနိုင်ငံ
ရေးအဖွဲ့ချုပ်) အဖွဲ့အစည်းများမှတဆင့်
နိုဝင်ဘာလ ၁၄ ရက်နေ့တွင် စတင်
ထုတ်ပြန်စေခဲ့ပါသည်။
ယခု (နအဖ)စစ်အစိုးရက
သူတို့၏ သဘောထားကို
ထုတ်ပြောလာခဲ့ပြီဖြစ်သည်။
နိုဝင်ဘာလ ၁၉ ရက်နေ့က စင်္ကာပူတွင်
ကျင်းပသည့် အာစီယံ
ထိပ်သီးခေါင်းဆောင်များ အလုပ် သဘော
ညစာစားပွဲတွင် ၀န်ကြီးချုပ်
ဗိုလ်ချုပ်ကြီးသိန်းစိန်
ထုတ်ဖေါ်ပြောဆိုခြင်း ဖြစ်သည်။
“ယင်းသို့သော ဖြစ်ရပ်သည်
မိမိတို့ကြိုးပမ်းတည်ဆောက်နေသော
အမျိုးသားပြန်လည်
စည်းလုံးညီညွတ်ရေးကို
အဟန့်အတားဖြစ်စေပါသဖြင့်
မိမိတို့အစိုးရအနေဖြင့်လည်း
ယင်းလုပ်ရပ် မျိုးကို နှစ်သက်လိုလားမှု
မရှိကြောင်း”စသဖြင့်
ထုတ်ဖေါ်ပြောဆိုပါသည်။
ဤနေရာတွင
်(နအဖ)စစ်အစိုးရကို မေးခွန်းတွေ
မေးစရာရှိပါသည်။
၁။ မစၥတာဂမ္ဘာရီက (နအဖ)စစ္အစိုးရကို
ကြိုတင်ညှိနှိုင်းအသိပေးခြင်းမပြုတာကို
နှစ်သက်လိုလားမှုမရှိတာလား။
၂။ ဒေါ်အောင်ဆန်းစုကြည်၏
ထုတ်ပြန်ချက်ပါ သဘောထားကို
နှစ်သက်လိုလားမှု မရှိတာလား။
၃။ ကြိုတင်ညှိနှိုင်း အသိပေးခြင်း
မပြုတာနဲ့ ဒေါ်အောင်ဆန်းစုကြည်၏
ထုတ်ပြန်ချက်ပါ သဘောထား
နှစ်ခုစလုံးကိုလား။
ကျွန်တော်တို့ ယူဆတာကတော့
“ကြိုတင်ညှိနှိုင်းအသိပေးခြင်းမပြုတာနဲ့
ဒေါ်အောင် ဆန်းစုကြည်၏ ထုတ်ပြန်ချက်ပါ
သဘောထား” နှစ်ခုစလုံးကို (နအဖ)
စစ်အစိုးရ မလိုလားခြင်း ဖြစ်သည်ဟု
ထင်ပါသည်။
ဝန်ကြီးချုပ်
ဗိုလ်ချုပ်ကြီးသိန်းစိန်က
“မိမိတို့ပြည်တွင်းရေး ပြဿနာကို
မိမိတို့နိုင်ငံသား များကိုယ်တိုင်
မိမိတို့၏ ကိုယ်ပိုင်နည်းလမ်းဖြင့်
ဖြေရှင်းနိုင်မည်ဟု အခိုင်အမာ
ယုံကြည်ထား ကြောင်း”ပြောပါသည်။
ကိုယ်ပိုင်နည်းလမ်းဆိုသည်မှာလည်း
(နအဖ)စစ်အစိုးရ အလိုကျ
တစ်ဖက်သတ်ချမှတ် ဆောင်ရွက်နေသော
နည်းလမ်းသာ ဖြစ်ပါသည်။
ယခုသတင်းစာများတွင် ဖေါ်ပြနေသည့်
ထုတ်ပြန် ကြေညာချက်ဆိုသည်မှာ (နအဖ)
စစ်အစိုးရ
အလိုကျရေးသားထုတ်ပြန်ပေးရသည့် သဘောထား
ကြေညာချက်များသာဖြစ်ပါသည်။
“နိုင်ငံတော်ရှေ့ဆက်သွားမည့်
မူဝါဒလမ်းစဉ် (၇) ၇ပ်ဟာ
နိုင်ငံတော်သစ်ကြီးအဖြစ် ညင်သာစွာ
အသွင်ကူးပြောင်းနိုင်ရေးအတွက်
တစ်ခုတည်းသော နည်းလမ်းဖြစ်တယ် ” လို့
ကြံ့ဖွံ့သင်းလုံးကျွတ်အစည်းဝေး(၂၀၀၇)
တွင် (နအဖ) ဥက္ကဌက ပြောထားပါသည်။
(နအဖ) စစ်အစိုးရတွင်
တန်းတူရည်တူ ညှိနှိုင်းလိုသည့်သဘောထား
မရှိသည်မှာ ထင်ရှား နေပါသည်။
ယင်းသို့သဘောထား မရှိပါလျှင်
မည်သို့တွေ့ဆုံဆွေးနွေးကြမည်နည်း။
“တစ်ဖက်သတ်ကြိုတင်
တောင်းဆိုချည်တုပ်ထားမည်”
“တစ်ခုတည်းသောနည်းလမ်း ဖြစ်တယ်”
ဟုပြောဆိုနေလေသမျှ
တွေ့ဆုံဆွေးနွေးရေးသည်
ခရီးဝေးနေလိမ့်ဦးမည်သာ ဖြစ်ပါ
သည်။
ထို့အပြင် မစ္စတာဂမ်ဘာရီ၏
အကြံပြုချက်များနှင့် ပတ်သက်၍
(နအဖ)စစ်အစိုးရက သူတို့သဘောထားပုံကို
ယခုလို ရှင်းရှင်းပြတ်ပြတ်
ပြောထားပါသည်။
‘မစၥတာဂမ္ဘာရီ၏
အကြံပြုအားပေးချက်များကို
လက်ခံစဉ်းစားရာ၌ မိမိတို့
အမျိုးသားရေး အခြေခံမူဝါဒဖြစ်သည့်
ပြည်ထောင်စုမပြိုကွဲရေး၊
တိုင်းရင်းသားစည်းလုံးညီညွတ်မှု
မပြိုကွဲရေး၊ အချုပ်အခြာအာဏာ
တည်တံ့ခိုင်မြဲရေး ကိုလည်းကောင်း၊
မိမိတို့နိုင်ငံ၏ ရှေ့ဆက်သွားမည့်
မူဝါဒ လမ်းစဉ် (၇) ရပ်ကိုလည်းကောင်း၊
ထိခိုက်မှုရှိမရှိ စဉ်းစားပြီး
ထိခိုက်မှုမရှိပါက လက်ခံအကောင်
အထည်ဖေါ်သွားမည် ဖြစ်ကြောင်း’
ကုလသမဂ္ဂနှင့်
မစၥတာဂမ္ဘာရီ (နအဖ)စစ္အစုိးရကို
မည်သို့ ဆက်လက် အကြံပြုကြ မည်နည်း။
(နအဖ)စစ်အစိုးရသည်
ပြေလည်နီးစပ်နိုင်မည့်
လမ်းကြောင်းအားလုံးကို
ပိတ်ဆို့ထားပြီး လာခဲ့ပါဟု
ဖိတ်ခေါ်နေပါသည်။ ဤအတိုင်းဆိုလျှင်
‘တွေ့ဆုံဆွေးနွေးရေး’ ဝေးနေဦးမည်။
ပြည်တွင်းပြည်ပက
ဖိအားတွန်းအားတွေ အရှိန်မြှင့်ကြရမည်။
|