|
အလွန်ဒစ်ပလိုမေစီဆန်သော
စကားလုံးများမှ လက်တွေ့ကျပြီး
သိသာထင်ရှားသည့် ရလဒ်များသို့ (၂၀၀၇ ခုနှစ်၊
နိုဝင်ဘာလ
၁၇ ရက်)
မစၥတာဂမ္ဘာရီ၏
မြန်မာနိုင်ငံသို့လာရောက်သည့်
ဒုတိယအကြိမ်ခရီးစဉ် (နိုဝင်ဘာလ ၃
ရက်မှ ၈ ရက်) ပြီးဆုံးသွားခဲ့ပါပြီ။
တွေ့ဆုံဆွေးနွေးရေးလမ်းစ
ပေါ်ထွက်လာရေးအတွက် သိသာထင်ရှားသည့်
ရလဒ္မ်ားကို မစၥတာ ဂမ္ဘာရီ
လက်တွေ့ကျကျ
ဆောင်ကျဉ်းနိုင်ခဲ့ပါ၏လော။
ထိုသို့မေးရသည်ကို
အားနာလှပါသည်။ အားနာခြင်းသည်
မြန်မာတို့၏ အလွန် ဒစ်ပလိုမေစီ ဆန်သော
စကားလုံးပင် ဖြစ်ပါသည်။
ထို့အပြင် မစ္စတာ
ဂမ်ဘာရီအနေဖြင့်လည်း
ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တင်ပြနေ
သည့်၊ ရေတွက်ပြနေရသည့် ကိစ္စများမှာ
‘ဒစ်ပလိုမေစီ ဆန်လွန်းသော
ဖြစ်ထွန်းမှုများသာ’ ဖြစ် နေပါသည်။
(နအဖ)စစ်အစိုးရက နိုဝင်ဘာ
၁၄ ရက်နေ့မှစတင်၍ သတင်းစာများတွင်
နိုင်ငံရေးပါတီ တချို့နှင့်
အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသား
လက်နက်ကိုင်အင်အားစုများ၏ ‘သဘောထား
ထုတ်ပြန်ချက်များ’ဆိုသည်ကို
ဖေါ်ပြလာပါသည်။ ယင်းဖြစ်ရပ်သည် နဲနဲမျှ
အပြုသဘောမဆောင်ပါ။
ယင်းအချက်က
(နအဖ)စစ်အစိုးရ ပြုသမျှ နုကြရသည့်
ပြည်တွင်းရှိ နိုင်ငံရေးပါတီများ၊
အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသား
လက်နက်ကိုင်အင်အားစုများ၏
ဘ၀အနေအထားကို အထင်အရှား ဖေါ်ပြနေပါသည်။
(နအဖ)စစ်အစိုးရက
ခွင့်ပြုမှသာ၊ (နအဖ)စစ်အစိုးရ
ချပေးသော စကားလုံးအတိုင်း သဘောထား
ထုတ်ပြန်ကြေညာကြရသည့် ဘ၀ဖြစ်ပါသည်။
နိုင်ငံရေးအရ၊ လူမျိုးရေးအရ လွတ်လပ်
စွာ ကိုယ်စားပြုခွင့်၊
သဘောထားထုတ်ဖေါ်ခွင့် မရှိရှာကြပါ။
(နအဖ)စစ်အစိုးရက သဘောထားနှင့်
စကားလုံး ချပေးလိုက်သောအခါ သက်ဆိုင်ရာ
ပါတီအဖွဲ့အစည်း တာဝန်ရှိသူက
ပါတီခေါင်းစည်း တပ်၊ လက်မှတ်ထိုး၍
ဖေါ်ပြလိုက်ရခြင်းသာ ဖြစ်သည်။
ထိုအလုပ်ကို
ဗိုလ်ခင်ညွန့်တို့ မိုးကောင်းစဉ်က
ထောက်လှမ်းရေးက ကိုင်ခဲ့သည်။ ယခု
(စရဖ)က ကိုင်မည်ထင်သည်။
သို့ပါ၍
အောက်ပါအချက်များကို
ဆက်လက်ဖြစ်ထွန်းရရှိလာစေရန်
ပြည်တွင်းပြည်ပက(နအဖ)စစ်အစိုးရကို
ဖိအားတွန်းအားတွေ
ယခုထက်ပို၍တိုး၍မြှင့်၍
လုပ်ကိုင်ဆောင်ရွက်သွားရန်
လိုအပ်ပါသည်။
-
ဒေါ်အောင်ဆန်းစုကြည်အား
ထိန်းသိမ်းထားခြင်းမှ
ချွင်းချက်မရှိ လွှတ်ပေးရန်၊
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အပါအ၀င် နိုင်ငံရေးပါတီများ၊
အပစ်အခတ်ရပ်စဲထားသည့်
တိုင်းရင်းသား
လက်နက်ကိုင်အင်အားစုများ၏
နိုင်ငံရေး၊ စည်းရုံးရေး၊
လုပ်ငန်းများကို လွတ်လပ်စွာ
ဆောင်ရွက်ခွင့်ပေးရန်၊
-
နိုင်ငံရေးအကျဉ်းသားအားလုံး
(သြဂုတ်လနှင့်
စက်တင်ဘာလအတွင်းနှင့် ယခု လတ်တ
လော ထပ်မံဖမ်းဆီးထားသူများ
အပါအ၀င်) ချွင်းချက်မရှိ
အမြန်ဆုံးလွှတ်ပေးရန်၊
-
နေ့စဉ်သတင်းစာများနှင့်ရုပ်သံ
မီဒီယာများတွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊
ဒေါ်အောင် ဆန်းစုကြည်နှင့်
နိုင်ငံရေး
တက်ကြွလှုပ်ရှားသူများအား
တစ်ဖက်သတ် ပုတ်ခတ်စွပ်စွဲ
ရေးသားနေမှုများကို
ချက်ချင်းရပ်ဆိုင်းပေးရန်။
အထက်ပါဖြစ်ရပ်များအားလုံး
တပေါင်းတစည်းထဲ ဖြစ်ပေါ်တည်ရှိလာမှသာ
အလွန် ဒစ်ပလိုမေစီဆန်သော
စကားလုံးများသည် လက်တွေ့ကျပြီး
သိသာထင်ရှားသည့် ရလဒ်များ
ဖြစ်လာနိုင်ပါလိမ့်မည်။ |