|
သိသာထင်ရှားသည့်ရလဒ်များ
ဖြစ်ပေါ်တည်ရှိနေရန်လိုအပ်
(၂၀၀၇ ခုနှစ်၊
နိုဝင်ဘာလ ၂ ရက်)
မကြာမီ (နိုဝင်ဘာလ ၃ ရက်)
မစ္စတာဂမ်ဘာရီ မြန်မာပြည်သို့လာမည်ဟု
သိရသည်။
ပထမအကြိမ်ခရီးစဉ်
(စက်တင်ဘာလ ၂၉ မှ နိုဝင်ဘာလ ၂
ရက်နေ့အထိ)မှ ယခု လာမည့် ဒုတိယအကြိမ်
ခရီးစဉ်မတိုင်မီကာလအတွင်း
မည်သည့်ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ပါသလဲ။
-
(နအဖ)စစ်အစိုးရက ကြေညာချက်
(၁/၂၀၀၇)၊ (၂/၂၀၀၇)၊ (၃/၂၀၀၇) တို့ကို
ထုတ်ပြန်ခဲ့သည်။
-
ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း
ရေးဆွဲရေး (၅၄) ဦး ကော်မရှင်ကို
ဖွဲ့စည်းခဲ့သည်။
-
ယခင်အတွင်းရေးမှူး (၁)
ဒုတိယဗိုလ်ချုပ်ကြီးသိန်းစိန်အား
ဝန်ကြီးချုပ်တာဝန် ပေးအပ်ခဲ့ပြီး၊
ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ
တင်အောင်မြင့်ဦးအား အတွင်းရေးမှူး
(၁) အဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။
အလုပ်သမားဒုဝန်ကြီး ဦးအောင်ကြည်အား
ဝန်ကြီးအဖြစ်
တိုးမြှင့်တာဝန်ပေးအပ်ခဲ့သည်။
အခြားဗိုလ်ချုပ် (၃) ဦးကို
ဒုဝန်ကြီးများ အဖြစ် ခန့်အပ်ခဲ့သည်။
-
အောက်တိုဘာလ ၂၅ ရက်နေ့တွင်
ဒေါ်အောင်ဆန်းစုကြည်နှင့်
ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် တို့
စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာ၌
တွေ့ဆုံခဲ့သည့်သတင်း ထုတ်
ပြန်ခဲ့ပါသည်။ သို့သော်လည်း
အသေးစိတ်သတင်း ရေးသားဖေါ်ပြခြင်း
လုံးဝမရှိပါ။
ယင်းဖြစ်ရပ်များသည်
တွေ့ဆုံဆွေးနွေးရေးလမ်းစ
ပေါ်ထွက်လာရေးအတွက် သိသာ ထင်ရှားသည့်
ရလဒ်များဟု
ခေါ်ဆိုနိုင်လိမ့်မည်မဟုတ်သေးပါ။
အောက်ပါဖြစ်ရပ်များအားလုံး
တပေါင်းတစည်းထဲ ဖြစ်ပေါ်တည်ရှိလာမှသာ
တွေ့ဆုံ ဆွေးနွေးရေးလမ်းစ
ပေါ်ထွက်လာရေးအတွက် သိသာထင်ရှားသည့်
ရလဒ်များဟု ခေါ်ဆိုနိုင်ပါလိမ့် မည်။
-
ဒေါ်အောင်ဆန်းစုကြည်အား
ထိန်းသိမ်းထားခြင်းမှ ချွင်းချက်မရှိ
လွှတ်ပေးရန်။
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င်
နိုင်ငံရေးပါတီများ၏ နိုင်ငံရေး၊
စည်းရုံးရေး လုပ်ငန်းများကို
လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးရန်။
-
နိုင်ငံရေးအကျဉ်းသားအားလုံး
(သြဂုတ်လနှင့် စက်တင်ဘာလအတွင်းနှင့်
ယခုလတ်တလော
ထပ်မံဖမ်းဆီးထားသူများအပါအ၀င်)
ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်။
-
နေ့စဉ်သတင်းစာများနှင့်
ရုပ်/သံ မီဒီယာများတွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး
တက်ကြွလှုပ်ရှားသူများအား တစ်ဖက်သတ်
ပုတ်ခတ်စွပ်စွဲ ရေးသားနေမှုများကို
ချက်ချင်း ရပ်ဆိုင်းပေးရန်။
အထက်ပါဖြစ်ရပ်များ
ဖြစ်ပေါ်တည်ရှိလာနိုင်စေရန်
မစ္စတာဂမ်ဘာရီ၏ ဒုတိယအကြိမ်
မြန်မာနိုင်ငံခရီးစဉ်တွင် လက်တွေ့ကျကျ
ဆောင်ကျဉ်း
အကောင်အထည်ဖေါ်သင့်ပါကြောင်း။
|