|
(နအဖ)စစ်အစိုးရဘက်ကလည်း ‘ဖြတ် ၎
ဖြတ်မူဝါဒ’ကို စွန့်လွှတ်ဖို့လိုသည်
(၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်)
(နအဖ)စစ်အစိုးရက ကြေညာချက်အမှတ်
(၂/၂၀၀၇ ) ထုတ်ပြန်၍ အလုပ်သမားဝန်ကြီး
ဌာန ဒုတိယ၀န်ကြီးအား
ဆက်ဆံရေးဝန်ကြီးတာဝန်
ပေးအပ်ခဲ့ပါသည်။ တာဝန်ပေးအပ်ခံရသူ
ဦးအောင်ကြည်သည် ယခင်က
ဗိုလ်ချုပ်အောင်ကြည် ဖြစ်ပါသည်။
‘မည်သူနှင့် မည်သည့်ကိစ္စ
ဆက်သွယ်ဆောင်ရွက်ရန်’ ဆိုသည်ကိုမူ
ယခုကြေညာချက် (၂/၂၀၀၇)တွင်
ရှင်းလင်းစွာ ဖေါ်ပြထားခြင်းမရှိဘဲ
မြှုပ်ထားပါသည်။
အဘယ်ရည်ရွယ်ချက်ကြောင့် ဤသို့
မြှုပ်ထားရပါသနည်း။
အလုပ်သမားဝန်ကြီးဌာန
ဒုတိယ၀န်ကြီးသည် နောင်တွင်
ဒေါ်အောင်ဆန်းစုကြည်နှင့်
“မည်သူ့အကြားတွင်
မည်သည့်လုပ်ငန်းများအတွက်
ဆက်သွယ်ဆက်ဆံရမည်” ကို ယခုကြေညာ ချက်
(၂/၂၀၀၇)တွင် ရှင်းလင်းပေါ်လွင်အောင်
ဖေါ်ပြသင့်လှပါသည်။
ထိုသို့ ရှင်းလင်းတိကျစွာ
ဖေါ်ပြထားခြင်းမရှိမှုကို
အစဉ်အဆက်တည်ရှိခဲ့သော (နအဖ)စစ်အစိုးရ၏
ကတိမတည်မှု၊ လှည့်စားမှုများနှင့်
ဆက်စပ်ကြည့်လိုက်လျှင် သို့လော --
သို့လောဖြင့် တွေးစရာ
မေးစရာများရှိနေပါသည်။
မစၥတာ ဂမ္ဘာရီက
‘ဒေါ်အောင်ဆန်းစုကြည်နှင့်
ဆက်သွယ်ဆောင်ရွက်ရန်အတွက်
ဆက်ဆံရေးအရာရှိတစ်ဦး ထားရှိပေးရန်
အကြံပြုခဲ့ပါသည်’ တဲ့။
မစၥတာဂမ္ဘာရီက
မည်သည့်လုပ်ငန်းအတွက် ရည်ရွယ်၍
ထိုသို့အကြံပြုခဲ့ပါသနည်း။
ထိုရည်ရွယ်ချက်ကိုပါ ဖေါ်ပြသင့်ပါသည်။
သို့မှသာ ပြည်သူများ၊
နိုင်ငံရေးအင်အားစုများအားလုံးက
ပြည့်စုံစွာ စဉ်းစားနိုင်မည်။
(နအဖ)စစ်အစိုးရက
သတင်းစာများတွင် ထည့်သွင်းဖေါ်ပြခဲ့သော
ပြောရေးဆိုခွင့် အာဏာ ပိုင်အဖွဲ့နှင့်
မစ္စတာဂမ်ဘာရီတို့
အပြန်အလှန်ပြောဆိုကြရာတွင်
မစ္စတာဂမ်ဘာရီဘက်က ပြန်လည်
ဆွေးနွေးတင်ပြ အကြံပေးခဲ့သော
ကိစ္စများစွာရှိပါသည်။
ထိုသို့အကြံပြုရာတွင်
ပါရှိသော အချက်အလက်များမှ
အောက်ပါအချက်များကို
ကောက်နှုတ်ဖေါ်ပြအပ်ပါသည်။
-
အစိုးရအနေဖြင့်
ဒီမိုကရေစီလုပ်ငန်းများနှင့်ပတ်သက်၍
ခိုင်မာသော ခြေလှမ်းများ စတင်
စေလိုကြောင်း။
-
အလင်းဝင်ရောက်ထားပြီးဖြစ်သော
လက်နက်ကိုင်အဖွဲ့များကိုလည်း
ဖွဲ့စည်းပုံအခြေခံဥပဒေ
ရေးဆွဲရေးလုပ်ငန်းစဉ်တွင်
ပါဝင်စေလိုပါကြောင်း။
အဘယ့်ကြောင့်ဆိုသော် အလင်းဝင်
ရောက်ခဲ့သည့် သောင်းကျန်းသူအဖွဲ့
(၁၇) ဖွဲ့၏ ဆန္ဒသဘောထားတို့ကိုလည်း
ထင်ဟပ် ပါဝင်စေရန်
အရေးကြီးသည်ဖြစ်ပါကြောင်း။
-
အစိုးရအနေဖြင့်
အကြမ်းဖက်နှိမ်နင်းမှုများကို
ရှောင်ရှား၍ နိုင်ငံရေးအဖြေ
ရှာဖွေရန်။
-
ပုဒ်မ(၁၄၄)
curfew
ကို စောနိုင်သမျှ
ပြန်လည်ရုပ်သိမ်းပေးရန်။
-
လမ်းပေါ်တွင် တပ်ချထားသော
စစ်တပ်များကို ရုပ်သိမ်း၍
၎င်းတို့အစား ဥပဒေတည်မြဲရေး
ဆိုင်ရာ တပ်ဖွဲ့များ Law
Enforcement (လုံခြုံရေးရဲများ)
ကိုသာ အသုံးပြု၍ ထိန်းသိမ်း
စေရန်။
-
ထိန်းသိမ်းခံထားရသူများကို
(ICRC)
အား တွေ့ခွင့်ပေးရန်။
-
အမျိုးသားရင်ကြားစေ့ရေး
ဆောင်ရွက်ရာတွင်
အဖွဲ့အစည်းအားလုံး ပါဝင်စေရန်။
-
နိုင်ငံရေးအကျဉ်းသားများကို
ဆောလျင်စွာ ပြန်လွှတ်ပေးရန်။
-
ညီလာခံသို့
တက်ရောက်ခြင်းမရှိခဲ့သည့် (NLD) အပါအ၀င်
အခြားအဖွဲ့များနှင့် ပူးပေါင်း
ဆောင်ရွက်နိုင်ရေးအတွက်
အစိုးရအပေါ်ထားရှိသည့်
၎င်းတို့၏သဘောထားကို ဦးစွာ
ပြုပြင် ပြောင်းလဲရန်ဆိုသည့်
အစိုးရ၏သဘောထားကို
အသိအမှတ်ပြုပါကြောင်း။
ဒီမိုကရေစီသို့ ငြိမ်းချမ်းစွာ
ကူးပြောင်းရေးအတွက်
ပူးပေါင်းဆောင်ရွက်သွားစေလိုပါကြောင်း။
ဤနေရာ တွင်
(Dialogue) ဖြစ်စေလိုပါကြောင်း -
စသဖြင့် ပါရှိပါသည်။
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်
ဖွံ့ဖြိုးရေးကောင်စီ၏
ပြောရေးဆိုခွင့်အာဏာပိုင်အဖွဲ့
တာဝန်ရှိသူများ၏
ဖြေကြားရှင်းလင်းချက်များသည်
တစ်ဖက်သတ် အပြစ်ပုံချမှုများ၊
စွပ်စွဲပုတ်ခတ် မှုများဖြင့်
ပြည့်နှက်နေပါသည်။
ထိုသို့သော
ရှင်းလင်းချက်များအနက်မှ အချို့ကို
မစ္စတာဂမ်ဘာရီ၏ ဆွေးနွေးအကြံပြုချက်
များနှင့် နှိုင်းယှဉ်စဉ်းစားနိုင်ရန်
ကောက်နှုတ်ဖေါ်ပြအပ်ပါသည်။
-
ယနေ့အချိန်အခါမှာ
လွတ်လပ်ရေးရပြီးကတည်းက
ဖြစ်ပေါ်ခဲ့တဲ့
ပြည်တွင်းသောင်းကျန်းမှု ဟာ
ဆက်လက်ရှိနေဆဲဖြစ်ကြောင်း
ပြောကြားလိုပါတယ်။ တပ်မတော်ရဲ့
ကြိုးပမ်းမှုကြောင့်
ဥပဒေဘောင်အတွင်း ၀င်ရောက်လာတဲ့
အဖွဲ့အစည်းများရှိကြတာကြောင့်
နိုင်ငံတော် အေးချမ်းသွားသည်မှာ
မှန်သော်လည်း ထိုအဖွဲ့အစည်းများဟာ
လက်နက်များ ကိုင်စွဲနေဆဲ
ဖြစ်တဲ့အတွက် ယခုလို
ဆူပူလှုံ့ဆော်ခြင်းများ
ကူးစက်သွားရင် ပြည်ထောင်စုကြီး
ပြိုကွဲမယ့် အန္တရာယ်ဟာ
ချက်ချင်းလက်ငင်း
ကျရောက်လာနိုင်ပါတယ်။
(ဘယ်အစိုးရလက်ထက်မှာမှ
မရရှိခဲ့ဖူးတဲ့
ငြိမ်းချမ်းရေးလို့
(နအဖ)စစ်အစိုးရ ယခင်က
ပြောဆိုနေတာနှင့် ပြောင်းပြန်ဖြစ်
နေပါသည်။ အပစ်ရပ်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပေါ်
(နအဖ)စစ်အစိုးရ
ဘယ်လိုသဘောထားတယ်ဆိုတာ ဤအချက်က
ထင်ရှားပေါ်လွင်စေပါတယ်။)
-
ယနေ့ဖြစ်ပေါ်နေသော
ဆူပူလှုပ်ရှားမှုများသည်
ဒီမိုကရေစီနည်းလမ်းအရ
ဖြစ်ပေါ်နေခြင်း
မဟုတ်ကြောင်း။ (ဒီမိုကရေစီမရှိ၍
ဖြစ်ပေါ်နေရခြင်းဖြစ်ပါတယ်)
-
တာဝန်ရှိသူအဆင့်ဆင့်က
အတတ်နိုင်ဆုံး သက်သက်ညှာညှာ
ထိန်းထိန်းသိမ်းသိမ်း
ဆောင်ရွက်ခဲ့ပါတယ်။
(စစ်အစိုးရထုတ်ပြန်ချက်အရပင်
ဂျပန်သတင်းထောက်တစ်ဦး အပါအဝင် လူ
၁၀ ဦး သေဆုံးခဲ့ပါတယ်။ အခြားသော
မီဒီယာသတင်းများအရဆိုလျှင် လူ ၂၀၀
ကျော် သေဆုံးတယ်လို့
ခန့်မှန်းပြောဆိုကြပါတယ်)
-
ဆူပူလှုပ်ရှားသူများကို
ဖမ်းဆီးထားခြင်းမဟုတ်ဘဲ
ခေါ်ယူစစ်ဆေးခြင်းသာဖြစ်ကြောင်း။
-
မြန်မာနိုင်ငံတွင်
နိုင်ငံရေးအကျဉ်းသားများ
မရှိပါကြောင်း။
-
(NLD) အပါအ၀င်
အစိုးရဆန့်ကျင်ရေးအဖွဲ့များသည်
အမိန့်ဟူသမျှ ဆန့်ကျင်ရေး၊
ထိပ်တိုက် ရင်ဆိုင်ရေး၊
အလုံးစုံပျက်သုဉ်းရေး၊
ပိတ်(၄)ပိတ်ဖြင့် ပိတ်ဆို့ရေး
စသည့် မူဝါဒများကို
ကိုင်စွဲကျင့်သုံးနေသည့်အတွက်
၎င်းတို့နှင့်
ပူးပေါင်းဆောင်ရွက်ရန်
ခက်ခဲပါကြောင်း။ သို့ပါ၍
၎င်းတို့ဘက်မှ ဦးစွာ
ပြုပြင်ပြောင်းလဲရန်
လိုအပ်ပါကြောင်း။
(နအဖ)စစ်အစိုးရသည်
ဒေါ်အောင်ဆန်းစုကြည်က ပိတ် (၄)
ပိတ်ဖြင့် ပိတ်ဆို့ရေးမူဝါဒများ
ကိုင်စွဲကျင့်သုံးနေသည်ဟုသာ တစ်ဖက်သတ်
စွပ်စွဲအပြစ်ဖို့နေပါသည်။
(နအဖ)စစ်အစိုးရအနေဖြင့်လည်း
ဒေါ်အောင်ဆန်းစုကြည်နှင့်
အမျိုးသားဒီိမိုကရေစီ
အဖွဲ့ချုပ်တို့အပေါ် အစဉ်တစိုက်
ကျင့်သုံးနေခဲ့သော
အောက်တွင်ဖေါ်ပြထားသည့် ဖြတ် (၄) ဖြတ်
မူဝါဒများကို အမြန်ဆုံးစွန့်လွှတ်ရန်
လိုအပ်ပါသည်။
-
ဒေါ်အောင်ဆန်းစုကြည်နှင့်
ပြည်သူလူထုကို
အဆက်အသွယ်ဖြတ်ထားခြင်း။
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်
ဒေါ်အောင်ဆန်းစုကြည်ကို
အဆက်အသွယ်ဖြတ် ထားခြင်း။
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(ဗဟို) နှင့်
အောက်ခြေပါတီဝင်ထုကို အဆက်အသွယ်
ဖြတ်ထားခြင်း။
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်
ပြည်သူလူထုကို
အဆက်အသွယ်ဖြတ်ထားခြင်း။
|