|
နောက်မဆုတ်နဲ့ ရှေ့ကိုရဲရဲတိုး
(၂၀၀၇ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်)
အခြေအနေက တဖြည်းဖြည်းနဲ့
ထိပ်တိုက်ရင်ဆိုင်ရေးစည်းကို
ရောက်လာနေပါပြီ။
(နအဖ)စစ်အစိုးရကတားဆီးဖို့၊
ဖြိုခွဲဖို့၊
အကြမ်းဖက်ဖို့၊ချေမှုန်းဖို့လုပ်လာတော့မှာဖြစ်ပါတယ်။
ဒါကိုရင်ဆိုင်ဖို့
အသင့်ပြင်ဆင်ထားရပါမယ်။ ကျွန်တော်တို့
ဆရာတော်သံဃာတော်များ၊တက်ကြွ
လှုပ်ရှားသူများ
နောက်ဆုတ်လို့မဖြစ်နိုင်တော့ပါ။
ရှေ့ကိုရဲရဲ တိုးရပါတော့မယ်။
စစ်အာဏာာရှင်စနစ်ကို
ထိထိရောက်ရောက်ထိုးနှက်ပစ်နိုင်ရေးကို
မျက်ခြည်မပြတ်ဖို့
သိပ်အရေးကြီးပါတယ်။ ယင်းသို့
စစ်အာဏာရှင်စနစ်ကို ထိထိရောက်ရောက်
ထိုးနှက်ပစ်နိုင်သည် အထိ ကျွန်တော်
တို့တိုက်ပွဲအရှိန်ကိုမြင့်တင်ထား
နိုင်ဖို့လိုအပ် ပါတယ်။
သို့အတွက် အခြေခံအားဖြင့်
ယခုအချိန်တွင် ပြည်သူလူထု
တစ်ရပ်လုံးပါဝင်လာဖို့ လို အပ်ပါတယ်။
အထူးသဖြင့်
လက်ရှိ(နအဖ)စစ်အစိုးရ၏ အုပ်ချုပ်ရေး
ယန္ဒယားရပ်ဆိုင်းသွားတဲ့အထိ
တက်လှမ်းသွားနိုင်ဖို့ အရေးတကြီး
လိုအပ်ပါတယ်။ အနိမ့်ဆုံးအားဖြင့်
ဖိနှိပ်ချုပ်ချယ်ထားသည့်
အမိန့်အာဏာမှန်သမျှ (ဥပမာ - ၂/၈၈
စသဖြင့် အခြေခံ ဒီမိုကရေစီ
အခွင့်အရေးများကို ပိတ်ပင်
ကန့်သတ်ထားသည့် အမိန့်ဥပဒေများ )
လူထုတိုက်ပွဲဖြင့် ဖျက်သိမ်းပစ်
နိုင်ဖို့လို အပ်ပါတယ်။ ထိုသို့
သောအောင်ပွဲများ၊ အဆင့်သစ်များသို့
တက်လှမ်းဆုပ်ကိုင်ထားနိုင်ခြင်းမရှိလျှင်
(နအဖ)စစ်အစိုးရကို
အရေးဆိုနိုင်မည်မဟုတ်ပါ။
ယင်းသို့ဖျက်သိမ်းပစ်နိုင်ဖို့ဆိုလျှင်
တပြည်လုံးပြည်သူများ
ယခုတိုက်ပွဲအတွင်းသို့ ပါဝင်
လာဖို့လိုအပ်ပါတယ်။ မနက်ဖန်
စက်တင်ဘာလ ၂၄ ရက်နေ့တွင်
တပြည်လုံးတိုက်ပွဲဝင်ဖို့ သံဃာ့
တပ်ပေါင်းစုကပန်ကြားထားပါတယ်။ထိုလှုံ့ဆော်ပန်ကြားချက်ကို
ကျွန်တော်တို့ အပြည့်အဝထောက်ခံ ပါတယ်။
ထိုတိုက်ပွဲသို့ ပြည်သူတစ်ရပ်လုံး တစ်ခဲနက် ပါဝင်ကြပါရန် ကျွန်တော်တို့ တိုက်တွန်းအပ် ပါတယ်။
အောက်ပါအချက်များကို
ဂရုပြုသင့်ပါကြောင်းတင်ပြအပ်ပါတယ်။
သံဃာတပ်ပေါင်းစု၏
ကြွေးကြော်သံများအောက်တွင်
- ပြည်သူအားလုံးတညီတညာထဲရှိကြရေး။
- လှုပ်ရှားမှုထဲသို့
ဝန်ထမ်းများ၊
ပြည်သူများပါဝင်လာစေနိုင်ရေး။
- (နအဖ) စစ်အစိုးရ၏
အုပ်ချုပ်ရေးယန္ဒယားရပ်ဆိုင်းသွားစေရေး။
- (နအဖ)စစ်အစိုးရက
အကြမ်းဖက် ချေမှုန်းနှိပ်ကွပ် လာလျှင်
ရင်ဆိုင်ရေးနှင့်တိုက်ပွဲ နည်းလမ်းသစ်ရှိရေး။ |