|
(နအဖ)စစ်အစိုးရ၏
အောက်တိုဘာလ ၄ ၇က်နေ့ ထုတ်ပြန်ကြေညာချက်
(၁/၂၀၀၇) အပေါ်
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
အထွေထွေအတွင်းရေးမှူး၏ မှတ်ချက်
(၂၀၀၇
ခုနှစ်၊ အောက်တိုဘာလ ၅ ရက်)
ခြုံငုံသုံးသပ်ရလျှင်
(နအဖ)၏
အောက်တိုဘာလ ၎
ရက်နေ့
ထုတ်ပြန်ကြေညာချက်သည်
နိုင်ငံတကာကဖိအားကို
ကာကွယ်ရန်နှင့် ပြည်သူလူထုကိုလှည့်စား၊
အချိန်ဆွဲရန်
ကြိုးပမ်းချက်
တစ်ခုမျှသာဖြစ်ပါသည်။
-
အပိုဒ် (၇) ပါ
ဖေါ်ပြချက်များသည် စစ်အစိုးရ၏
အသည်းနှလုံးတွင်
စူးနေသော
အဓိက လှံချက်ဖြစ်ပါသည်။
- ‘ပိတ်
၎ ပိတ်’
ကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်
လုပ်ဆောင်နေသည်ဟု စွပ်စွဲခြင်းမှာ
မမှန်ကန်ပါ။
-
ဒေါ်အောင်ဆန်းစုကြည်ကိုပဲ
ပုဂ္ဂိုလ်ရေးရည်ညွှန်းနေပြီး၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို
ဖေါ်ပြထားခြင်းမရှိပါ။
-
အရင်စွန့်လွှတ်ကြောင်းကြေညာရမည်ဟု
တောင်းဆိုနေခြင်းမှာ
တရားနည်းလမ်းမကျပါ။
အကျယ်ချုပ်ချုပ်ထားခံရသူကို အရင်ဆုံး
လွှတ်ပေးရန်လိုအပ်ပါသည်။
- ‘ထိုသို့ကြေညာပါက
မိမိကိုယ်တိုင် သူမနှင့်
တိုက်ရိုက်တွေ့ဆုံစကားပြောမည်’
ဆိုသည်မှာ
နိုင်ငံရေးသဘောဆောင်ခြင်းမရှိပဲ၊
ပုဂ္ဂိုလ်ရေးသက်သက်သဘောမျိုး
ဖြစ်နေသည်။
(ပထမအကြိမ်
ဇူလိုင်
၁၉၉၅ ခုနှစ်၊
ဒေါ်အောင်ဆန်းစုကြည်
နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာစဉ်က
ဗိုလ်သန်းရွှေ၏
အချက် ၃ ချက်ပါ ကမ်းလှမ်းချက်နှင့်
နှိုင်းယှဉ်ကြည့်နိုင်ပါသည်)
-
ပြောင်းပြန်အနက်ကောက်ကြည့်လျှင်
ဆောင်ရွက်ပိတ်ဆို့မှု
၎ ချက် (ပိတ် ၄ ပိတ်)ကို စွန့်လွှတ်ကြောင်း
မကြေညာလျှင်
တွေ့မည်မဟုတ်ဆိုသည့်
သဘောဖြစ်သည်။
(အကြပ်ကိုင်သည့်
သဘောဖြစ်သည်)
-
ဘာပဲဖြစ်ဖြစ် လူတစ်ယောက်သည် ပထမဦးစွာ
သူ၏
ကိုယ်ရေးလွတ်လပ်မှုရှိဖို့
လိုအပ် သည်။
သို့မှသာ
ဒုတိယအားဖြင့်
အခြားသော ဆောင်ရွက်ဖွယ်ရာများ
ဆောင်ရွက်နိုင်မည်။
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အီးစီအစည်းအဝေး
ထိုင်ရန်လိုမည်။
- (နအဖ)စစ်အစိုးရသည်
လမ်းပြမြေပုံအတိုင်း
ဆက်လက်ဆောင်ရွက်သွားမည်ဟူသည့်
အချက်ကိုလည်း သတိပြုရမည်ဖြစ်သည်။
-
ဖြစ်ပွားခဲ့သော
သံဃာတော်များဦးစီးသည့်
လူထုလှုပ်ရှားမှုကို
သေးသိမ်စေရန်
သရုပ်
ဖျက်ထားသည့်အချက်မှာ
ကျဆုံးသူများ၊
ဖမ်းဆီးခံထားရသူများ၊
ပျောက်ဆုံးနေသူများမှာ ဥပဒေ
ချိုးဖောက်သူများဖြစ်သည်ဟူသော အချက်အဖြစ်
ဖေါ်ပြကာ
ပြည်တွင်းနှင့်
နိုင်ငံတကာကတောင်းဆို
နေသည့် မည်သည့်အရေးယူဆောင်ရွက်မှုမျှ
ပြုလုပ်ပေးမည်
မဟုတ်ဟူသည့်
သဘောထားကို
ဖေါ်ပြ
နေခြင်းဖြစ်သည်။
အထူးသဖြင့်
(နအဖ)စစ်အစိုးရ၏
အကြမ်းဖက်မှုကို
ဖုံးကွယ်ရန်ဖြစ်သည်။
-
ယင်းအချက်ကို
အလျော့ပေး၍မဖြစ်ပါ။
-
ဖြည့်စွက်ချက်အနေဖြင့်ပြောရလျှင်
ယခုကဲ့သို့
(နအဖ)စစ်အစိုးရ၏
အောက်တိုဘာလ (၄) ရက်နေ့
ထုတ်ပြန်ချက်အပေါ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်
မည်သို့ရှုမြင်သည်၊
မည်သို့သဘောထားသည်များနှင့်
ပတ်သက်၍
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏
သဘောထားအမြင်
ကို ပြည်တွင်းပြည်ပနှင့်
ပြည်သူအများ
သိရှိစေရန် ထုတ်ဖေါ်ပြောဆိုသင့်ပါသည်။
|