ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

ငြိမ်းချမ်းရေးအတွက်အကြံဉာဏ်ရယူခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ

SocDem ‘ Asia အစီအစဉ်အရ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့၏ မူဝါဒရေးဆွဲရေး ပူးတွဲလုပ်ငန်းစဉ်အား အကောင်အထည်ဖော်သည့် အလုပ်ရုံဆွေးနွေးပွဲ(ပထမနေ့)ကို ၂၅၊ ၄၊ ၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ SocDem’ Asia၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့မှ တာဝန်ရှိသူများ၊ လူ့ဘောင်သစ်လူငယ်များ၊ တောင်ကြီးဒေသခံလူငယ်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတက်ရောက်လာသူများက ဖွဲ့စည်းပုံပြင်ဆင်ရေး/အသစ်ရေးဆွဲရေး၊ ငြိမ်းချမ်းရေးတို့နှင့် ပတ်သက်သော မူဝါဒလုပ်ငန်းစဉ်များ ရေးဆွဲအကောင်အထည်ဖော်နိုင်ရန်အတွက် အကြံဉာဏ်များ၊ အမြင်သဘောထားများကို ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

ပါတီစည်းရုံးရေးစာစဉ် အတွဲ(၁)၊ အမှတ်(၅)

ပါတီစည်းရုံးရေးစာစဉ် အတွဲ(၁)၊ အမှတ်(၅)

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၄၁)နှစ်မြောက်မွေးနေ့အခမ်းအနားကျင်းပ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၄၁)နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ၂၃၊၃၊၁၇ ရက်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းရှိ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့နှင့် သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်တို့၏ နာယကများဖြစ်ကြသည့် ဆရာဦးအံ့မောင်(မုံရွာ)နှင့် ဆရာမကြီး ဒေါ်ခင်ဆွေဦး၊ ဦးစိုးနိုင်(ဗဟိုကော်မတီဝင် – ကယန်းပြည်သစ်ပါတီ)၊ ဦးအောင်မိုးဇော်(ဥက္ကဋ္ဌ – လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)၊ ဦးတင်အေးကြူ( မှိုင်းရာပြည့် – ကျောင်းသားခေါင်းဆောင်)၊ ကိုအောင်ထက်အောင်(ဗဟိုလုပ်ငန်းကော်မတီဝင် – ဗကသများအဖွဲ့ချုပ်)တို့က ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပါသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ လူ့ဘောင်သစ်လူငယ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ပြည်ခရိုင် မှိုင်းငြိမ်းကွန်ရက်၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုတို့ကလည်း သဝဏ်လွှာများ ပေးပို့ဂုဏ်ပြုခဲ့ကြပါသည်။ အခမ်းအနားသို့ နိုင်ငံရေးလှုပ်ရှားတက်ကြွသူများ၊ မှိုင်းငြိမ်းကွန်ရက် အဖွဲ့ဝင်များ၊ မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ လူ့ဘောင်သစ်လူငယ်များ၊ ဆရာကြီး၏ မိသားစုဝင်များ၊ ဗကသများအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ၊ ဆရာကြီးအား ချစ်ခင်ကြည်ညိုလေးစားသူများ ၂၀၀ ခန့် တက်ရောက်ဂါရဝပြုခဲ့ကြပါသည်။

ဗဟိုစည်းရုံးရေး ကော်မတီဝင်များနှင့်ဧရာဝတီတိုင်းအတွင်းမှ ပါတီခေါင်းဆောင်များ တွေ့ ဆုံ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဦးတိုးတိုးထွန်း၊ ဦး အောင်မိုးဝင်း၊ ဒေါက်တာအောင်အောင်သန်းထိုက်၊ ဦးမောင်မောင်ကြီးတို့သည်၂၃၊ ၄၊ ၁၇ ရက် နေ့တွင် ဧရာဝတီတိုင်းအတွင်းမှ ပါတီခေါင်းဆောင်များနှင့် တွေ့ ဆုံ၍ ၂၀၁၇ အတွင်း ပါတီက လုပ်ဆောင်မည့် လုပ်ငန်း စဉ်များနှင့် ပတ်သက်၍ ဒေသတွင်း ဆောင်ရွက်ရန် ကိစ္စ ရပ်များကို ညှိနှိုင်း ဆွေးနွေးခဲ့ ကြပါသည်။

NNER လုပ်ငန်းအဖွဲ့အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) လုပ်ငန်းအဖွဲ့၏ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၇ ဧပြီလ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် NNER ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် တတိယအကြိမ် ပညာရေးညီလာခံ အသေးစိတ်အစီအစဉ်များနှင့် ဖိတ်ကြားရေးဆိုင်ရာ ကိစ္စရပ်များ၊ NNER အမျိုးသားပညာရေးမူဝါဒကို ပြန်လည်သုံးသပ်ခြင်း၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (NESP) အပေါ် သဘောထားတို့ကို ဆွေးနွေးခဲ့ကြပါသည်။

ဗဟိုစည်းရုံးရေး ကော်မတီဝင်များနှင့် ဧရာဝတီတိုင်းအတွင်းမှပါတီခေါင်းဆောင်များနှင့်တွေ့ဆုံ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဦးတိုးတိုးထွန်း၊ ဦး အောင်မိုးဝင်း၊ ဒေါက်တာအောင်အောင်သန်းထိုက်၊ ဦးမောင်မောင်ကြီးတို့သည်၂၃၊ ၄၊ ၁၇ ရက် နေ့တွင် ဧရာဝတီတိုင်းအတွင်းမှ ပါတီခေါင်းဆောင်များနှင့် တွေ့ ဆုံ၍ ၂၀၁၇ အတွင်း ပါတီက လုပ်ဆောင်မည့် လုပ်ငန်း စဉ်များနှင့် ပတ်သက်၍ ဒေသတွင်း ဆောင်ရွက်ရန် ကိစ္စ ရပ်များကို ညှိနှိုင်း ဆွေးနွေးခဲ့ ကြပါသည်။

ဗဟိုစည်းရုံးရေး ကော်မတီဝင်များနှင့် ပြည်ခရိုင်ခရိုင်ပါတီခေါင်းဆောင်များတွေ့ဆုံဆွေးနွေးညှိနှိုင်း

” လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး (၁)ဦးသီဟနှင့် ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးတိုးတိုးထွန်းတို့သည် ၇၊ ၄၊ ၂၀၁၇ နေ့က ပဲခူးတိုင်း(အနောက်ခြမ်း) ပြည်ခရိုင် ရွှေတောင်မြို့နယ်ရုံး၌ခရိုင်ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံလျက် ၂၀၁၇ အတွင်း ပါတီက ဆောင်ရွက်ရန် လျာထားသောလုပ်ငန်းစဉ်များ လက်တွေ့အကောင်အထည်ဖော်နိုင်ရေးအတွက် အကြို ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ကြသည်။ ”

ကျောင်းသားသမဂ္ဂအဆောက်အဦနှင့် ပတ်သက်၍ ဆွေးနွေးပွဲကျင်းပ

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က စီစဉ်ကျင်းပသည့် “ကျောင်းသားသမဂ္ဂအဆောက်အဦနှင့် ပတ်သက်၍ ကျောင်းသားမျိုးဆက်အသီးသီးပါဝင်သော ဆွေးနွေးပွဲ”တရပ်ကို ၂၆၊ ၂၊ ၁၇ ရက်နေ့ နံနက် ၉း၀၀ နာရီမှ ညနေ ၅း၀၀ နာရီအထိ ဗိုလ်တထောင်မြို့နယ်ရှိ Orchid ဟိုတယ်တွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲ၌ ၁၉၅၃ ခုနှစ်မှစ၍ ယနေ့ကာလအထိ ကျောင်းသားမျိုးဆက်အသီးသီး၏ သဘောထားများကို ဆွေးနွေးခဲ့ကြပြီး ဘုံသဘောတူညီချက်များကို စုစည်းရရှိခဲ့ကြပါသည်။

“ပျိုမျစ်သူတို့နိုင်ငံတော်” နိုင်ငံရေးဆွေးနွေးပွဲ

လူ့ဘောင်သစ်လူငယ်(YNS)ကစီစဉ်ကျင်းပသည့်”ပျိုမျစ်သူတို့နိုင်ငံတော်လူငယ်နှင့်နိုင်ငံရေး၊နိုင်ငံရေးနှင့်လူငယ်”နိုင်ငံရေးဆွေးနွေးပွဲကို၂၅၊ ၂၊ ၁၇ ရက်နေ့လည်ပိုင်းတွင် ဗိုလ်တထောင်မြို့နယ်ရှိ သျှရီရာမခရစ်ရှနာခန်းမ၌ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ကိုရဲအောင်အေး(ဥက္ကဋ္ဌ-လူ့ဘောင်သစ်လူငယ်)က အဖွင့်စကားပြောကြားခဲ့ပြီးကိုမိုးထက်နေ(ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး)၊ ကိုရဲဝင်း(NNER)၊မအိသဉ္ဇာမောင်(လူ့ဘောင်သစ်လူငယ်)၊ကိုကျော်ဇင်လင်း(ဗမာနိင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်)တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ ဗကသများအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ကျွန်းပြန်နိုင်ငံရေးအင်အားစု၊ ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ လူငယ်ကဗျာဆရာများသမဂ္ဂ၊နိုင်ငံရေးလှုပ်ရှားတက်ကြွသူများ၊စိတ်ပါဝင်စားသူများနှင့်သတင်းမီဒီယာများတက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

NNER အစည်းအဝေးသို့တက်ရောက်

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ၂၄၊၃၊၁၇ ရက်နေ့ညနေပိုင်းက NNER ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ မတ်လ ၂၈၊ ၂၉ တွင် မော်လမြိုင်မြို့၌ ကျင်းပမည့် NNER ကိုယ်စားပြုကော်မတီအစည်းအဝေးနှင့် ပညာရေးမူဝါဒဆိုင်ရာ ဆွေးနွေးပွဲ၊ ဧပြီလဆန်းတွင် မြိတ်မြို့၌ ပြုလုပ်မည့် မူဝါဒရေးရာ အလုပ်ရုံဆွေးနွေးပွဲ၊ မေလ ပထမပတ်တွင် မော်လမြိုင်မြို့၌ ကျင်းပမည့် NNER တတိယအကြိမ်ညီလာခံဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

Page 21 of 22« First...10...1819202122