ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ၂၉ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား ( ပြည်မြို့)

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ၂၉ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ပြည်မြို့အိုးဝေပညာဒါနကျောင်း၌ ၈-၈-၂၀၁၇ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်(ပြည်ခရိုင်) လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗကသများအဖွဲ့ချုပ်နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တို့ ပူးပေါင်းကျင်းပကြခြင်းဖြစ်သည်။ အခမ်းအနားတက်ရောက်လာသူများက အမှတ်တရစကား ပြောကြားခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဗဟိုစည်းရုံးရေးကော်မတီဝင် ဦးအောင်မြင့်စိန်ကလည်း ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ပါသည်။ ပါတီဌာနချုပ်မှပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာကိုလည်း ဖတ်ကြားခဲ့ပါသည်။

YNS နှင့် YES တို့ ပူးပေါင်းကျင်းပသည့်၂၉ နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ အခမ်းအနား

၂၉ နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားကို လူ့ဘောင်သစ်လူငယ်(YNS)နှင့် လူငယ်စွမ်းရည်မြှင့်သင်တန်းကျောင်း(YES)တို့ ပူးပေါင်း၍ ၈-၈-၂၀၁၇ နေ့လည်ပိုင်းက YES ကျောင်း၌ ကျင်းပခဲ့ကြပါသည်။ အခမ်းအနားတွင် ရှစ်လေးလုံးအရေးတော်ပုံကာလနှင့် လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများကို ဦးအောင်မိုးဇော်နှင့် ဒေါ်နိုးနိုးထက်စံတို့က ဦးဆောင်ဆွေးနွေးပေးခဲ့ကြပါသည်။ အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များ လူ့ဘောင်သစ်လူငယ်များနှင့် YES ကျောင်းသားကျောင်းသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

(၂၉) နှစ်မြောက် ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

” (၂၉) နှစ်မြောက် ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဂုဏ်ပြုသဝဏ်လွှာ ”

အခြေခံပညာလုပ်သားများသမဂ္ဂ ဖြစ်မြောက်ရေးအဖွဲ့နှင့် NNER တို့ ဆွေးနွေးပွဲပြုလုပ်

အခြေခံပညာလုပ်သားများသမဂ္ဂ ဖြစ်မြောက်ရေးအဖွဲ့နှင့် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)တို့သည် ၆-၇-၂၀၁၇ ရက်နေ့တွင် NNER ရုံးခန်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် အခြေခံပညာလုပ်သားများသမဂ္ဂ ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေများနှင့် NNER က ကူညီဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

၄၆ နှစ်မြောက် ကိုကိုးကျွန်းပြည်သူ့သူရဲကောင်းနေ့ အခမ်းအနား သို့တက်ရောက်

၄၆ နှစ်မြောက် ကိုကိုးကျွန်းပြည်သူ့ သူရဲကောင်းနေ့ အခမ်းအနားကို ၃၁-၇-၂၀၁၇ နံနက်ပိုင်းက တောင်ဥက္ကလာပ စိတ်တိုင်းကျခန်းမတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားမှူးအဖြစ် ကျွန်းပြန်ရဲဘော်ကြီး ဦးကျော်စိုးက ဆောင်ရွက်ခဲ့ပြီး ကိုကိုးကျွန်းပြန်ရဲဘော်များကိုယ်စား ကျွန်းပြန်ရဲဘော်ကြီး ဦးလှချိုက အဖွင့်အမှတ်တရစကား ပြောကြားခဲ့ပါသည်။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့မှ ဦးစိုင်းညွန့်လွင် ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုမှ ဦးစံနု ဦးကျော်အောင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ ဒေါ်နှင်းနှင်းမွှေးတို့က အမှတ်တရ ဂုဏ်ပြုစကား ပြောကြားကြပြီး သဝဏ်လွှာများ ဖတ်ကြားခဲ့ကြပါသည်။ ကိုကိုးကျွန်းပြန်နိုင်ငံရေးရဲဘော်များ၏ သဘောထားကြေညာချက်တစောင်ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။

၄၆ နှစ်မြောက် ကိုကိုးကျွန်း ပြည်သူ့သူရဲကောင်းများနေ့သို့ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

၃၁-၇-၂၀၁၇ တွင် ကျရောက်သည့်၄၆ နှစ်မြောက် ကိုကိုးကျွန်း ပြည်သူ့သူရဲကောင်းများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)မှ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

DPNS ပါတီမူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာဆွေးနွေးပွဲ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ပါတီမူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာဆွေးနွေးပွဲကို ၃၀၊ ၇၊ ၂၀၁၇ နေ့တွင် ပြည်မြို့ CPRCG [Civil & Political Rights Campaign Group] သင်တန်းခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ဗဟိုစည်းရုံးရေးကော်မတီဝင်များ ပဲခူးတိုင်း ဧရာဝတီတိုင်းတို့မှ ပါတီခေါင်းဆောင်များ၊ စည်းရုံးရေးကော်မတီဝင်များ ၂၀ ခန့် တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

NNER လုပ်ငန်းအဖွဲ့အစည်းအဝေး သို့ တက်ရောက်

NNER လုပ်ငန်းအဖွဲ့အစည်းအဝေးကို ၃၀-၇-၂၀၁၇ ညနေပိုင်းတွင် NNER ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် သြဂုတ်လအတွင်းကျင်းပမည့် NNER ကိုယ်စားပြုကော်မတီအစည်းအဝေးအတွက် အသေးစိတ်အစီအစဉ်များနှင့် အခြေခံပညာရေးလုပ်သားများသမဂ္ဂနှင့် တွေ့ဆုံဆွေးနွေးရေးတို့ကို တိုင်ပင်ညှိနှိုင်းခဲ့ကြပါသည်။

စွမ်းရည့်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ(ဖက်ဒရယ်) ကျင်းပ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ (ဖက်ဒရယ်)ကို ၂၈-၂၉၊ ၇၊ ၂၀၁၇ နေ့တို့တွင် ပြည်မြို့ CPRCG [Civil & Political Rights Campaign Group] သင်တန်းခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲကို ဦးဆောင်ဆွေးနွေးသူများအဖြစ် ဆလိုင်းရှိန်းထွန်း (ချင်းတိုးတက်ရေးပါတီ)၊ စိုင်းဇင်မင်းအေး (ရှမ်တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်)တို့က ကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့မှ ပါတီခေါင်းဆောင်များ၊ စည်းရုံးရေးကော်မတီဝင်များ ၂၀ ခန့် တက်ရောက်၍ ဖက်ဒရယ်စနစ်ဆိုင်ရာကိစ္စရပ်များ လက်ရှိမြန်မာ့နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။

၂၉ နှစ်မြောက် ၈၈၈၈ အခမ်းအနားကျင်းပရေး အစည်းအဝေး သို့တက်ရောက်

၂၉ နှစ်မြောက် ၈၈၈၈ အခမ်းအနားကျင်းပရေး အစည်းအဝေးကို ၂၇-၇-၂၀၁၇ ညနေ၃း၀၀ နာရီတွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပိယကျောင်း၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ၈၈၈၈ တွင် ပါဝင်ခဲ့ကြသူများ နိုင်ငံရေးပါတီများ နိုင်ငံရေးအင်အားစုများ နိုင်ငံရေးလှုပ်ရှားတက်ကြွသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Page 16 of 22« First...10...1415161718...Last »