ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၂၅၁)၊ တတိယထပ်၊ ဆိပ်ကမ်းသာလမ်း (အပေါ်ဘလောက်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - (၉၅) ဝ၉၂၅၀၅၆၆၀၁၈
အီးမေးလ် - hqdpns@gmail.com
Facebook - Democratic Party for a New Society

မြင်းခြံမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်အမျိုးသမီးများနှင့် ပါတီလိုလားသူများ တွေ့ဆုံဆွေးနွေး

မြင်းခြံမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်အမျိုးသမီးများနှင့် ပါတီလိုလားသူများ တွေ့ဆုံဆွေးနွေးပွဲကို ၂၂၊ ၁၁၊ ၁၆ ရက်နေ့က DPNS မြင်းခြံမြို့နယ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဒေါ်နိုးနိုးထက်စံ၊ ဗဟိုစည်းရုံးရေးကော်တီဝင် ဒေါ်ခင်ခင်ကြိုင်နှင့် ဒေါ်မေဖြူဆွေတို့က ပါတီ၏ မူဝါဒများ၊ လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းမှုများကို ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြပါသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေး ကျင်းပ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေးကို ၆၊ ၁၁၊ ၁၆ ရက်နေ့လည်က ပါတီဌာနချုပ်ရုံးတွင် ပြုလုပ်ခဲ့ရာ ပါတီဗဟိုဦးဆောင်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ပါတီတည်ဆောက်ရေး၊ မဟာမိတ်ဆက်ဆံရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကို တိုင်ပင်ဆွေးနွေး ညှိနှိုင်းခဲ့ကြပါသည်။

ဆွီဒင်ဆိုရှယ်ဒီမိုကရက်တစ်လူငယ်အဖွဲ့ဝင်များ လာရောက်လေ့လာ

ဆွီဒင်ဆိုရှယ်ဒီမိုကရက်တစ်လူငယ်(SSU) အဖွဲ့ဝင်များသည် ၅၊ ၁၁၊ ၁၆ ရက်နေ့ ညနေပိုင်းတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံးသို့ လာရောက်လေ့လာခဲ့ကြပါသည်။ SSU အဖွဲ့ဝင်များအား DPNS ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းနှင့် အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ဗဟိုစည်းရုံးရေးကော်မတီဝင်များ၊ လူ့ဘောင်သစ်လူငယ်(YNS) အတွင်းရေးမှူး ကိုဟန်သူတို့က လက်ခံတွေ့ဆုံ၍ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေများကို ရှင်းလင်းဖြေကြားပေးခဲ့ပါသည်။

ပါတီစည်းရုံးရေးစာစဉ် ၊အတွဲ(၁) ၊ အမှတ်(၃) ၊သြဂုတ်လ၊၂၀၁၆

Get PDF files

“ဇွဲကပင်သက်သေ ဒို့ ယာမြေ” မိတ်ဆက်ပွဲအခမ်းအနားသို့ တက်ရောက်

ကရင်ပြည်နယ်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းအချို့နှင့် Ethnic Peace Resources Project(EPRP)တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ကရင်ပြည်နယ်အတွင်းရှိ မြေယာပြဿနာများအား လေ့လာတင်ပြချက်စာတမ်း “ဇွဲကပင်သက်သေ ဒို့ ယာမြေ” မိတ်ဆက်ပွဲအခမ်းအနားကို ၁၊၁၁၊၁၆ ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွယ်ကဘောင်မိုတယ်ခန်းမတွင် ပြုလုပ်ခဲ့ပါသည်။ စီစဉ်သူများက အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များ၊ အဓိကတွေ့ရှိချက်များနှင့် အကြံပြုတိုက်တွန်းချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် လယ်ယာမြေအသိမ်းခံရသော တောင်သူဦးကြီးများက ၎င်းတို့၏ မြေယာသိမ်းဆည်းခံရမှုများနှင့်ပတ်သက်၍ ရင်ဖွင့်ပြောကြားခဲ့ကြပါသည်။ ၎င်းအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဘားအံမြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခင်နှင့် ကိုဇော်ရဲထက်တို့ တက်ရောက်ခဲ့ကြပါသည်။

DPNS ပါတီဥက္ကဋ္ဌနှင့် ဧရာဝတီတိုင်းဒေသကြီးစည်းရုံးရေးကော်မတီဥက္ကဋ္ဌတို့၏ ပုသိမ်ခရီးစဉ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ဧရာဝတီတိုင်းဒေသကြီးစည်းရုံးရေး ကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးထွန်းတို့သည် တိုင်းစည်းရုံးရေးကော်မတီရုံးခန်း၌ ၁၊ ၁၁၊ ၁၆ ရက်နေ့ နံနက် ၉း၀၀ နာရီမှ နေ့လည် ၁၂း၃၀ နာရီအထိ ဧရာဝတီတိုင်းစည်းရုံးရေးကော်မီတီဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုတွေ့ဆုံပွဲတွင် မျက် မှောက်ကာလနိုင်ငံရေးအခြေအနေများအပေါ် ပါတီ၏အမြင်သဘောထားများ၊ ပါတီတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ် များ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါသည်။ နေ့လည်ပိုင်းတွင် ပုသိမ်မြို့ရှိ လူထုအခြေပြုအရပ်ဖက် အဖွဲ့အစည်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် အလွတ်သဘောတွေ့ဆုံပြီး လက်ရှိနိုင်ငံရေးအခြေအနေများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။

“မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပိုမိုပါဝင်နိုင်ရေး”ဆွေးနွေးပွဲတက်ရောက်

UN Women Myanmar က စီစဉ်ကျင်းပသော “မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပိုမိုပါဝင်နိုင်ရေး” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲကို ၃၁၊၁၀၊၁၆ ရက်နေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ Inya Lake ဟိုတယ်တွင် ပြုလုပ်ခဲ့ ပါသည်။ ၎င်းဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီများ၊ လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးနှင့် ဗဟိုစည်းရုံးရေးကော်မတီဝင် ဒေါ်တင်တင်ချိုတို့လည်း တက်ရောက်ခဲ့ကြပါသည်။ ဒေါ်နှင်းနှင်းမွှေးက ဆွေးနွေးရာတွင် ပြည်တွင်းစစ်ဖြစ်ပွားနေသော တိုင်းရင်းသားဒေသများမှ အမျိုးသမီးများ၏ ဘဝ၊အသက်၊အိုးအိမ် ပျက်စီးဆုံးရှုံးနေရသည့် အခြေအနေများကို တင်ပြခဲ့ပြီး ၎င်းတို့အတွက် တရားမျှတမှုရရှိစေရန် အစိုးရနှင့်လွှတ်တော်တို့က မည်သို့မည်ပုံ ဆောင်ရွက် ထားရှိသည်ကို ဆွေးနွေးမေးမြန်းခဲ့ပါသည်။

ဆွီဒင်နိုင်ငံထုတ်သတင်းစာတွင် ဖော်ပြပါရှိသော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် အင်တာဗျူးအား Google တွင် အင်္ဂလိပ်ဘာသာဖြင့် ဘာသာပြန်ဆိုထားမှုကို ပြန်လည်ကူးယူ ဖော်ပြပါသည်။

ဆွီဒင်နိုင်ငံထုတ်သတင်းစာတွင် ဖော်ပြပါရှိသော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် အင်တာဗျူးအား Google တွင် အင်္ဂလိပ်ဘာသာဖြင့် ဘာသာပြန်ဆိုထားမှုကို ပြန်လည်ကူးယူ ဖော်ပြပါသည်။

အမျိုးသမီးများအခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲ

အမျိုးသမီးအသင်းအဖွဲ့များကွန်ရက်(WON-မန္တလေး)၏ စီစဉ်မှုဖြင့် အမျိုးသမီးများ အချိုးကျပါဝင်ခွင့် ပိုမိုကျင့်သုံးနိုင်ရေး၊ အိမ်တွင်းအကြမ်းမဖက်ရေး စသည့် အမျိုးသမီးများအခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲများကို မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ ကန်ဆင့်ကျေးရွာနှင့် မန်ကျည်းပင်စုကျေးရွာများတွင် ၂၉၊၁၀၊၁၆ ရက်နေ့က ပြုလုပ်ပါခဲ့သည်။ ၎င်းဆွေးနွေးပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ဒေါ်ခင်ခင်ကြိုင်လည်း ပါဝင် ဟောပြော ဆွေးနွေးပေးခဲ့ပါသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြင်းခြံမြို့နယ် ရုံးနေရာ ပြောင်းရွှေ့ဖွင့်လှစ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြင်းခြံမြို့နယ်ရုံးကို မူလဖွင့်လှစ်ထားသောနေရာမှ မြင်းခြံမြို့၊ ၁၃ရပ်ကွက်၊ အိမ်အမှတ် ၁၉(ခ)သို့ ၂၈၊၁၀၊ ၁၆ ရက်နေ့တွင် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။

Page 8 of 25« First...678910...20...Last »