|
ရေကြည်ရေသန့်ကို ရအောင်ခပ်ပါ ဂမ်ဘာရီ
(၁)
မစ္စတာ ဂမ်ဘာရီတော့
ပြန်ပြီ။ မစ္စတာ ဂမ်ဘာရီရဲ့
ဒီသတ္တမမြောက်ခရီးစဉ်ဟာ
ဘယ်လောက်ခရီးရောက်နိုင်ပါသလဲ။
ပြီးခဲ့တဲ့ ဆဌမမြောက်ခရီးစဉ်နှင့်
ဘယ်လောက် ကွာခြားပါသလဲ။ တဆင့်တော့
တိုးတက်လာတယ်လို့ ယူဆလို့ ရနိုင်မလား။
ဒါမှမဟုတ် ထူးမခြားနားပဲ ဆက်ဖြစ်သွားမလား။
မေးခွန်းတွေ၊ ဆန်းစစ်ချက်တွေ ….
မြန်မာ့အရေးစိတ်ဝင်စားကြတဲ့
ဘယ်သူမဆိုရဲ့ရင်ထဲမှာ စီပြီး
ကျန်ခဲ့မယ်ထင်ပါတယ်။
(၂)
မစၥတာ ဂမ္ဘာရီ
ဘယ်သူတွေနှင့် တွေ့ခွင့်ရခဲ့ပါသလဲ။
ကျနော်တို့ ကြည့်ကြရအောင်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရတယ်၊
NLD CEC တွေနှင့်အတူ တွေ့ခွင့်ရတာဖြစ်တယ်။
အဲဒီလို ဂမ်ဘာရီနှင့် မတွေ့ဆုံခင်မှာ
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD CEC ကို (၁၅)
မိနစ်လောက် စကားပြောခွင့်၊ ဆွေးနွေးခွင့်
ပေးတယ်။ အဲဒီလို ဆွေးနွေးပြီးတော့မှ
မစ္စတာဂမ်ဘာရီနှင့် တွေ့ကြတာ ဖြစ်တယ်။
တွေ့ချိန်ဟာ မိနစ် (၉ဝ) လောက်ရှိမယ်လို့
ဆိုတယ်။ တွေ့ဆုံပွဲမှာ NLD ဘက်က တင်ပြ တာက
….
လက်ရှိအခြေအနေတွေအပေါ် သုံးသပ်ကြပြီး
ဒီအကြပ်အတည်းတွေက ဖောက်ထွက်
နိုင်ဖို့ဆိုရင် ….
(၁) နိုင်ငံရေးအကျဉ်းသားအားလုံး
ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့လိုမယ်၊
(၂) ပြည်သူ့လွှတ်တော် ခေါ်ပေးဖို့လိုမယ်၊
(၃) ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြန်လည်သုံးသပ်ရေးကော်မတီဖွဲ့ပြီး
ပြန်လည်သုံးသပ်ကြဖို့ လိုမယ်၊
(၄) အားလုံးပါဝင်တဲ့
တွေ့ဆုံဆွေးနွေးရေးတွေ လုပ်ဖို့လိုမယ်၊
ဒီအချက် (၄) ချက်ကို
အကြံပြုတင်ပြပါတယ်။
တနည်းအားဖြင့် ပြောရရင် ဒါကို NLD က
ကနေ့အခြေအနေ၊ ကနေ့အကြပ်အတည်း ကနေ
ဖောက်ထွက်နိုင်တဲ့၊ ကျော်လွှားသွားနိုင်တဲ့
အစပြုချက်တွေ၊ နည်းလမ်းတွေအဖြစ်
တင်ပြလိုက် တာဖြစ်တယ်။ ဒါတွေကို
စစ်အစိုးရက ခဏမဆိုင်း
ဆောင်ရွက်ပေးခြင်းဖြင့် တိုင်းပြည်ကို
ကြမ္မာဆိုး ထဲကနေ လက်တွဲပြီး
ဆယ်တင်ကြရအောင်လို့
တင်ပြလိုက်တာလည်းဖြစ်တယ်။ ဖိတ်ခေါ်လိုက်တာ
လည်း ဖြစ်ပါတယ်။
မစ္စတာ ဂမ်ဘာရီကတော့ သူ့စတိုင်အတိုင်း
ပြုံးပြုံး ပြုံးပြုံးနှင့်၊ ခေါင်းလေး
ငြိမ့်ငြိမ့် ငြိမ့်ငြိမ့်နှင့်
နားထောင်နေမှာ ကျနော် မြင်ယောင်ပါတယ်။
အနားထိတိုးပြီးများ နားထောင်ကြည့်ရင်
မစ္စတာဂမ်ဘာရီရဲ့ သက်ပြင်း ခိုးခိုးချမယ့်
အသံတွေကိုတောင် ကြားကောင်း
ကြားရနိုင်လောက်တယ်လို့ ကျနော်
အောက်မေ့မိတယ်။
“သူတို့ပြောတာ ဟုတ်တာပဲ၊
ဒါတွေ အမှန်လုပ်ပေးသင့်တာပဲ၊
ဒါပေမယ့် ငါ ဟိုပုဂ္ဂိုလ်တွေကို
နားဝင်သွားအောင်၊ အဲဒီပုဂ္ဂိုလ်တွေ
လက်ခံပြီး လိုက်လုပ် လာအောင်
ငါ ဘယ်လို နားချရပါ့၊
ခက်လိုက်တာ” လို့ စဉ်းစားနေလေမလား ကျနော်
တွေးကြည့်မိတယ်။
ဟုတ်လည်း ဟုတ်ပါတယ်။
NLD ရဲ့ တင်ပြချက်က အဆန်းတစ်လုံးမှ
မပါဘူး၊ အသစ်လည်း တစ်ခုမှ မပါဘူး၊
ခုမှ ထွင်ပြီး ကြုံတုန်း ကောက်ကာငင်ကာ
လက်တန်းပြောချလိုက်တဲ့ စကားမျိုးလည်း
လုံးဝ မဟုတ်ဘူး။ နှစ်ပေါင်းများစွာ
တောက်လျောက် မနားတမ်းပြောဆိုနေတဲ့
စကားတွေချည်းပဲ။
ပြီးတော့ အားလုံးဟာ ဖြစ်သင့်
ဖြစ်ထိုက်တဲ့၊ တရားနည်းလမ်းကျတဲ့
အချက်အလက်တွေ ချည်းပဲ၊
ပြီးတော့ ဒီအချက် (၄) ချက်ဟာ
မြန်မာပြည်သူအားလုံးရဲ့ ဆန္ဒနှင့်လည်း
ထပ်တူကျတဲ့ အချက်အလက်တွေ ဖြစ်တယ်။
ပြည်တွင်းပြည်ပ အင်အားစုအသီးသီးနှင့်
နိုင်ငံတကာက တင်ပြ တောင်းဆိုနေတဲ့၊
အကြံပြု မေတ္တာရပ်နေတဲ့ အချက်အလက်တွေလည်း
ဖြစ်တယ်။
ပြောရရင် အခု ခေါင်းတငြိမ့်ငြိမ့်နှင့်
ဆွေးနွေးနေတဲ့ မစ္စတာ ဂမ်ဘာရီတို့၊ မစ္စတာ
ဘန်ကီမွန်းတို့ရဲ့ စဉ်းစားချက်တွေ၊ UNSC
ဥက္ကဋ္ဌရဲ့ အကြံပြုချက်တွေ၊ UNGA ရဲ့
ဆုံးဖြတ်ချက်တွေ နှင့်လည်း အလွန်အင်မတန်
နီးစပ်ဆီလျော်တဲ့ တင်ပြချက်တွေ ဖြစ်တယ်။
မစ္စတာ ဘန်ကီမွန်းပြောပြောနေတဲ့
‘သိသာမြင်သာတဲ့ တိုးတက်မှုတစုံတရာရှိမှ သူ
မြန်မာနိုင်ငံကို လာမယ်’ ဆိုတဲ့ စကားနှင့်
အဟပ်ညီတဲ့ တင်ပြချက်တွေလည်း
အမှန်ဖြစ်ပါတယ်။
ဒါပေမယ့် ….
ဒီ (၄) ချက်အပေါ် စစ်အုပ်စု
ဘယ်လိုတုန့်ပြန်မှာလဲ။
ခေါင်းငြိမ့်မယ့် အလားအလာ ရှိနိုင်
မရှိနိုင်၊
ဘယ္လိုထင္လဲ၊ မစၥတာ ဂမ္ဘာရီကေတာ့
ခေါင်းတွေကုပ်နေပြီ။
သူလည်း မျက်စိကြီး၊ နားကြီးပဲလေ၊
အပွေးမြင် အပင်သိ အသွေးမြင်
အသွင်သိနိုင်တဲ့ ပုဂ္ဂိုလ်အမျိုးအစားပေပဲ၊
မစ္စတာ ဂမ်ဘာရီအဖို့ သက်ပြင်းတွေသာ
အကြိမ်ကြိမ် ချရတော့မယ့် ဇာတ်လမ်းပဲ
ဆက်ဖြစ်တော့မှာလေလား။
ဆက်ပြီး အကဲခတ်ကြည့်ကြရအောင်။
ဆွေးနွေးပွဲအဆုံးမှာ ဒေါ်အောင်ဆန်းစုကြည်က
အခုလိုပဲ တိကျပြတ်သားတဲ့ Massage ကို
မစ္စတာ ဘန်ကီမွန်းအတွက် လက်ဆောင်စကားအဖြစ်
ပြောပြလိုက်ပါတယ်။
“အနိမ့်ဆုံးအဆင့်
နိုင်ငံရေးအကျဉ်းသားအားလုံးကို
ချွင်းချက်မရှိ လွှတ်ပေးတာမျိုး လောက်တော့
နအဖအစိုးရက လုပ်ပေးရလိမ့်မယ်။
အဲဒီလိုမှမဟုတ်ဘူးဆိုရင် သိသာမြင်သာတဲ့
တိုးတက်မှုဆိုတာ ဘာမှအဓိပ္ပါယ်မရှိတော့ဘူး။
အဲဒီလို အနေအထားမျိုးရဲ့ အောက်မှာ ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်
မစ္စတာဘန်ကီမွန်းအနေနှင့် မြန်မာနိုင်ငံကို
မလာသင့်ပါဘူး”
ဒီစကားကို ဘယ်လိုသဘောရပါသလဲ။
ဒီစကားအပေါ် မစ္စတာ ဘန်ကီမွန်းတယောက်
ထောက်ခံနိုင်လိမ့်မယ်၊ သဘောတူနိုင်
လိမ့်မယ်လို့ ကျနော်တော့ ယူဆမိပါ တယ်။
ဟုတ်မဟုတ်တော့ စောင့်ကြည့်ရမှာ
ဖြစ်ပါတယ်။
(၃)
နအဖစစ်အုပ်စုဆိုတာ ဈေးဆစ်တဲ့နေရာမှာတော့
ပထမတန်းပဲ။
NLD EC နှင့် ဒေါ်အောင်ဆန်းစုကြည်
တွေ့ခွင့်ပေးတာတောင် ဆရာဦးဝင်းတင်၊
ဦးခင်မောင်ဆွေနှင့် ဒုဥက္ကဌ
ဦးတင်ဦးတို့ကို ချန်ဖြစ်အောင်
ချန်ထားခဲ့သေးတယ်။
တံဆိပ်တုံးမပါလို့ လိုလို၊
သူကြီးထောက်ခံစာ မပါလို့ လိုလို
လုပ်နေသေးတယ်။
NLD EC မှာ
ဘယ်သူတွေ ပါဝင်သလဲဆိုတာ NLD EC ပါတီက
ဆုံးဖြတ်ရမယ့်ကိစ္စ၊ သူက ကြားထဲကဝင်ပြီး
ဘာမှ ဆုံးဖြတ်ပေးစရာအကြောင်းမရှိဘူး။
စည်းကတော့ အတော် ကျော်တဲ့လူ။
ဘာကြောင့် ဒီလိုလုပ်ရတာလဲ၊ အဆုံးမှာတော့
ကြောက်လို့ဖြစ်ပါတယ်။ နအဖစစ်အုပ်စု
သွေးပျက်နေတဲ့ကိစ္စက ….
‘ဆရာဦးဝင်းတင်နှင့်
ဒေါ်အောင်ဆန်းစုကြည်တို့
ဆုံမိသွားကြမယ့်ကိစ္စ’ လို့ ထင်တယ်။
ဒီခေါင်းဆောင် (၂) ဦးတွေ့မိကြရင်
အတွေးသစ်၊ အမြင်သစ်တွေ၊
စိတ်ကူးစိတ်သန်းသစ် တွေနှင့်
အကြံဥာဏ်သစ်တွေ အများကြီးတိုင်ပင်ဖြစ်၊
ရှာဖွေဖြစ်သွားမှာကို စိုးရိမ်ကြတာ
ဖြစ်ပါတယ်။
ဒီလိုအတွေးခေါင်ပြီး
ကြောက်တာဖြစ်ပါလိမ့်မယ်။
စစ်အုပ်စုကြောက်တတ်လိုက်ပုံများ တကယ်ကို
အံ့လောက်တာပါ။
(၄)
ကဲ
ထားတော့။
နောက်ထပ် ဘယ်သူတွေ တွေ့ခွင့်ရခဲ့သေးပါသလဲ။
ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD
နှင့် တွေ့ခွင့်ရတယ်။
ဒါကတော့ ရရှိချက်အသစ် ဖြစ်ပါတယ်။ မစ္စတာ
ဂမ်ဘာရီရဲ့ ခရီးစဉ် (၇) ခေါက်ထဲမှာ ဒါဟာ
ပထမဆုံးတွေ့ဆုံခြင်း ဖြစ်ပါ တယ်။
NLD တာဝန်ရှိသူများနှင့် တွေ့ဆုံတဲ့အခါ ….
မစ္စတာ ဂမ်ဘာရီကို NLD ခေါင်းဆောင်များ
တင်ပြကြတာက ….
NLD က
တင်ပြချက်တွေနှင့် ထပ်တူပဲ။
အဲဒီတင်ပြချက်တွေကို နအဖစစ်အစိုးရဘက်က
ဘာမှလိုက်လျောခြင်း မလုပ်ဘူးဆိုရင်၊
နအဖရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံဥပဒေကို
ပြန်လည်သုံးသပ်ပြင်ဆင်တာမျိုး
မလုပ်ဘူးဆိုရင် နအဖ က လုပ်ပေးမယ်ဆိုတဲ့
၂ဝ၁ဝ ရွေးကောက်ပွဲကိုလည်း လုံးဝ
လက်ခံအသိအမှတ်ပြုနိုင်မှာ မဟုတ်ဘူး ဆိုတဲ့
တိကျတဲ့ သဘောထားတရပ်ကိုပါ မစ္စတာ
ဂမ်ဘာရီကို ဆွေးနွေးတင်ပြလိုက်ကြပါတယ်။
မစၥတာ ဂမ္ဘာရီ ခင္ဗ်ား ….
စစ်အုပ်စုရဲ့ အဖိနှိပ်ခံနေရတဲ့ ကျနော်တို့
မြန်မာနိုင်ငံသားတွေမှာ
ညှိမထားဘဲနှင့်တောင် အသံတွေ တူတူနေတက်တာ
တွေ့ရတဲ့အချိန်မျိုးမှာ အံ့အားသင့်
သွားရပါသလား။ မအံ့သြလိုက်ပါနဲ့ မစ္စတာ
ဂမ္ဘာရီ ….
တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင်
အဲဒီလူတွေဟာ
နိုင်ငံရေးသမားဖြစ်ချင်ဖြစ်မယ်၊
အရပ်သူအရပ်သား ဖြစ်ချင်ဖြစ်မယ်၊
စစ်ဗိုလ်စစ်သား ဖြစ်ချင်ဖြစ်မယ် ….
သူတို့အားလုံးရဲ့ အသံတွေဟာ
ထပ်တူကျနေတတ်ကြပါတယ်။
(၅)
မစ္စတာ
ဂမ်ဘာရီ ဘာတွေ ပျက်ကွက်ခဲ့သလဲ။
“တွေ့ချင်တယ်၊ ပြောပြစရာတွေ ရှိတယ်” လို့
တဖွဖွတင်ပြခဲ့ကြတဲ့ ပုဂ္ဂိုလ်အချို့၊
အဖွဲ့အစည်းအချို့ကိုတွေ့ဖို့ မစ္စတာ
ဂမ်ဘာရီ ပျက်ကွက်ခဲ့တယ်။
သူတို့က ၉ဝ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့
တိုင်းရင်းသားပါတီများ၊ အဖွဲ့အစည်း
များနှင့် အထင်ကရ တိုင်းရင်းသား
ခေါင်းဆောင်ကြီးတွေ ဖြစ်ပါလျှက်နှင့်၊ UNA,
UNLD, CRPP စတဲ့ နိုင်ငံရေးအရ
အလွန်အဓိပ္ပါယ်ကြီးတဲ့ အဖွဲ့အစည်းများက
တာဝန်ကြီးသူများဖြစ်ပါလျှက်နှင့် မစ္စတာ
ဂမ်ဘာရီ တွေ့မသွားခဲ့တာ ဘာကြောင့်လဲ။
တခေါက်လည်း မက၊ နှစ်ခေါက်လည်း မက ….
ခုဆို (၇) ခေါက်တိုင်တိုင် မတွေ့ပဲ
ပြန်ပြန်သွားခဲ့တာ ဘာသဘောလဲ။
မစ္စတာ ဂမ်ဘာရီကိုယ်တိုင်က မတွေ့ချင်တာလား၊
အထင်မကြီးတာလား၊ တန်ဖိုးမပေး တာလား၊
အလေးမထားတာလား။
ကျနော် ဒီလိုမထင်ဘူး။
ဒါဟာ စစ်အုပ်စုလက်ချက် သေချာတယ်။
ပြောရရင် မစ္စတာ ဂမ်ဘာရီက သူ့စိတ်နှင့်
သူ့ကိုယ်ဆို ဒီလစ်ဟာသွားမှုကို တခေါက်မသိ
တခေါက် သိကိုသိနိုင်တယ်။ သိကိုသိနိုင်တဲ့
သံတမန်မျိုးလည်း အမှန်ဖြစ်ပါတယ်။
မစ္စတာ ဂမ်ဘာရီဟာ လူညံ့တယောက်
လုံးဝမဟုတ်ပါ။ ဒီလောက် ဘယ်လိုမှ
မညံ့နိုင်ပါ။
ပြီးတော့ ဝါရင့်နိုင်ငံရေးသမားကြီးတွေကို
ဘယ်အခေါက်ကမှ တွေ့မသွားဘူး။
ဝါရင့်နိုင်ငံရေးသမားကြီးတွေဆိုတာ ….
အမျိုးသားလွတ်မြောက်ရေးစစ်ပွဲကအစ ဒီနေ့
ဒီမိုကရေစီနှင့် လူ့အခွင့်အရေး
တိုက်ပွဲတွေ အထိ စက္ကန့်မနား
လူထုရှေ့ကရပ်ပြီး အရေးဆိုခဲ့ကြသူတွေ။
ဒီလိုပုဂ္ဂိုလ်မျိုးတွေဆီက
သူတို့က တွေ့ချင်တယ်လို့မဆိုရင်တောင်
အကြံဉာဏ်ဝင်တောင်းသင့်တယ် မဟုတ်ဘူး လား။
ခုတော့ အကြံဉာဏ်လည်းမတောင်း၊
သွားရောက်တွေ့ဆုံတာမျိုးလည်း မရှိ၊
ရှိတယ်လို့ တောင် သဘောမထား။
ဘာကြောင့် ဒီလောက် စိမ်းရတာလဲ။
သေချာပါတယ်။
မစ္စတာ ဂမ်ဘာရီဟာ စိတ်သွားတိုင်း
ကိုယ်ပါလို့ မရဘူးဆိုတာ။
“ဒီကိုသွားပါ၊ ဒီကိုကွေ့ပါ၊ ဟိုဘက်ကို
မကြည့်နဲ့၊ ဟိုဘက်ကို သွားလို့မရဘူး”
ဆိုတဲ့ အစိမ်းရင့်ရောင်
လမ်းညွှန်ဆိုင်းဘုတ်တွေက ခွင့်ပြုသလောက်သာ
ရေကို အနည်မထအောင် ကြည့်ခပ်နေရတဲ့
အချိုးထဲက ဖြစ်ပုံရပါတယ်။
အနည်မထအောင် ကြည့်ခပ်တာကတော့
ကောင်းတဲ့သတိပါပဲ။
ဒါပေမယ့် ရေလည်း တစက်မှ မပါဘူးဆိုရင်တော့
ဒီအချိုးက သိပ်နေရာကျမယ်မထင်ဘူး။
(၆)
နောက်ထပ် ဘယ်သူတွေကို ဆက်ပြီး
ပေးတွေ့လိုက်သလဲ၊ ကြည့်ကြဦးစို့။
၈၈ မျိုးဆက်ကျောင်းသား
(ပြည်ထောင်စုမြန်မာနိုင်ငံ) ဆိုတာနှင့်
တွေ့ခွင့်ပေးတယ်။
ယုံကြည်ချက်ကို အခွင့်အရေးလေး
မဖြစ်စလောက်နှင့် တဲ့ချင်းလဲပြီး ၈၈
အရေးတော်ပုံ တပ်သားတွေရဲ့ ဂုဏ်သရေကို
ညှိုးအောင်မှိန်အောင် မိုက်ကမ်းစွာ
ကြိုးစားဖျက်ဆီးနေတဲ့ သူရူးတချို့
စုဖွဲ့ထားတဲ့ အဖွဲ့ကလေး။
ပြီးတော့ ဝံသာနု NLD နှင့် တွေ့တယ်။
မိခင်ပါတီကို သစ္စာမဲ့ပြီး
စစ်ထောက်လှမ်းရေးအလိုကျ
ထိမ်းမနိုင်သိမ်းမရ ဇာတ်ကို ကနေတဲ့၊
သင်းကွဲဖြစ်နေတဲ့လူ၊ ကိုယ့်ကို မဲထည့်ပြီး
ရွေးချယ်ပေးလိုက်တဲ့
မန္တလေးမြို့သူမြို့သားတွေ ကိုမှ အားမနာ
စစ်အုပ်စုကြိုးဆွဲရာ ကနေရတဲ့လူ၊ ၁၉၉ဝ
ဂန္ဓီဟော အလွန်ကာလ လက်တွေ့ကျတဲ့
ဖြတ်သန်းမှုတွေကြောင့် စစ်ထောက်လှမ်းရေးရဲ့
မတရားဖမ်းဆီး ထောင်ချပစ်ခံခဲ့ရဖူးတဲ့
ကိုယ့်ရဲ့ ရွှေရောင်သမိုင်းတွေကိုတောင်
နောင်တရပါပြီ နောက်မမှားတော့ပါဘူးဆိုတဲ့
လေသံတွေပစ်ပြီး မှောက်မှားချင်တိုင်း
မှောက်မှားနေတဲ့လူ အဲဒီလိုပုဂ္ဂိုလ်မျိုး
လူညံ့တချို့နှင့် စုဖွဲ့ထားတဲ့
အစုအဖွဲ့။
ပြီးတော Scientific Economy Study Group
နှင့် တွေ့တယ်။
ဒီလူတွေက အလံနီပျက်တွေ၊
အလံနီစစ်စစ်ဆိုရင်တောင် သူ့သမိုင်းနှင့်
သူ့ကာလတခု မှာ သြဇာတခုနှင့်
ဖြတ်သန်းခဲ့ဖူးတဲ့ ပါတီပါ။
အခုဟာက ….
အဲဒီပါတီထဲက
မီးကြိုးမောင်းပျက်တချို့ စုဖွဲ့ထားတဲ့ လူ
၃ - ၄ - ၅ ယောက်ပါတဲ့ လူအုပ် တအုပ်။
မစၥတာ ဂမ္ဘာရီ ခင္ဗ်ား ….
ခင်ဗျား ဒီလူတွေ၊ ဒီအဖွဲ့အစည်းတွေကို
ဘယ်လိုထင်လို့ သွားတွေ့လိုက်တာလဲ။ လူထု
ကို တစုံတရာတော့
ကိုယ်စားပြုတန်ကောင်းရဲ့လို့ ခင်ဗျား
ထင်များထင်နေတာလား။
ကျနော် ရိပ်မိပါတယ်၊ ခင်ဗျား
ဒီလောက် ဗဟုသုတမနည်းပါဘူး။
ဦးအေးသာအောင်တို့၊
ဦးပူကျင့်ရှင်းထန်တို့၊
သခင်ချန်ထွန်းတို့ကိုတောင် ခင်ဗျား မတွေ့
ခဲ့ဘဲနဲ့ ဒီလူတွေကိုမှ တခုတ်တရ
သွားတွေ့တယ်ဆိုတာ ….
ခင်ဗျားစိတ်နှင့် ခင်ဗျားကိုယ်
မဟုတ်လောက်ဘူးလို့ ကျနော် ထင်တာပဲ။
ကျနော်ထင်တာ လွဲသွားပြီဆိုရင်တော့
မစ္စတာ ဂမ်ဘာရီ ခင်ဗျား သတိထားတော့။
ခင်ဗျား ကုန်းကျော်တံတားအောက်က
သုံးပုံဖဲသမားရဲ့ အလံရှူးကို တကယ့် လူကြီး
လူကောင်းထင်ပြီး အိမ်သော့အပ်မိတဲ့ ကိန်း
ကျကျနန ဆိုက်တော့တာပဲ။
အဲဒီလိုတော့ မဖြစ်ပါစေနဲ့ဗျာ။
နိုင်ငံတကာပတ်ပြီး သံမှုသံခင်းလုပ်နေတာ
ဗိုလ်သန်းရွှေနှင့်တွေ့မှ ပတ်တီးချခံရရင်
ရှက်စရာကောင်းလွန်းလို့ပါ။
(၇)
ပြီးတော့ တစည
ကို တွေ့တယ်။
ဒါတော့ သင့်လျော်ပါတယ်။ ကျနော်တို့
စိတ်နှင့်မတွေ့ပေမယ့် သူလည်း ၉ဝ ရွေးကောက်
ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီ၊
အမတ်နေရာတချို့လည်း အနိုင်ရရှိခဲ့တဲ့
ပါတီပေပဲ။
လွတ်လပ်စွာ ကွဲလွဲခွင့်ကို ကျနော်တို့
ယုံကြည်ပါတယ်။
နောက်တော့ ကြံ့ဖွံ့နှင့် တွေ့တယ်။
ကြံ့ဖွံ့ကတော့ နအဖရဲ့ လက်ကိုင်တုတ်၊
ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည်တို့
ယာဉ်တန်းကို ကားလမ်းပိတ်ပြီး
ရိုက်နှက်သတ်ဖြတ်ခဲ့တဲ့ အဖွဲ့အစည်း၊ ၂ဝဝ၇
စက်တင်ဘာမှာ တုတ်တကိုင်ကိုင်၊
လက်သီးတပြင်ပြင်နှင့် မစုစုနွေးတို့လို
အမျိုးသမီးလေးတွေ ကိုတောင် အညှာအတာမရှိ
စစ်အုပ်စုအလိုကျ လက်ရဲဇက်ရဲ
ပွဲကြမ်းခဲ့ကြတဲ့သူတွေ၊
ခင်ဗျား သူတို့ကိုတွေ့တာတော့ ကျနော့်အမြင်
မသင့်လျော်လှဘူး။
ပြီးတော့ ….
စစ်အုပ်စုဝင်တွေ၊
ဗိုလ်ကျော်ဆန်းကနေ ဗိုလ်သိန်းစိန်အထိ
တော်တော်များများတွေ့တာပါ။
ဗိုလ်မောင်အေးနှင့် ဗိုလ်သန်းရွှေကတော့
ပုဏ္ဏားကွယ်နောက်က ဇာတ်ညွှန်းစာရွက်ကိုင်
ပြီး “ဘာပြီးရင် ဘာထွက်၊ ဟိုဇာတ်ရုပ်က
ငိုပြ၊ ဒီဇာတ်ရုပ်က ရယ်ပြ၊ ဒါပဲ တော်ပြီ
ကားလိပ်ချလိုက် တော့” ဆိုတာတွေ
ညွှန်ကြားရင်းနှင့် ချောင်းမြောင်းပြီး
တွေ့ပေါ့လေ။
တွေ့ခဲ့ကြရတဲ့ ခင်ဗျားရဲ့ (၄)
ရက်တာခရီးကတော့ ဒါပဲ။
ဗိုလ်သန်းရွှေကို ခင်ဗျား တွေ့ချင်တယ်လို့
ပြောမှာကတော့ သေချာပါတယ်။
မတွေ့တာကတော့ သူတို့အကြောင်းနှင့်
သူတို့ပေါ့ဗျာ။ ထားလိုက်ပါတော့။
(၈)
အဲတော့
ဘယ္လိုနိဂံုးခ်ဳပ္မလဲ မစၥတာ ဂမ္ဘာရီ၊
စစ်အုပ်စုနှင့် ခင်ဗျားနှင့် တွေ့တော့
သူတို့ဘက်က ပြန်ပြောလိုက်တာလေးတွေ
သတ္တုချကြည့်ရင် …
- NLD ဟာ မဖြစ်နိုင်တာတွေ တောင်းဆိုနေတယ်
- ဖွင့်ထားတဲ့ တံခါးက ဝင်ခဲ့ဖို့ ခင်ဗျားက
တိုက်တွန်းပေးပါ
- စီးပွားရေးတည်ငြိမ်မှ
နိုင်ငံရေးတည်ငြိမ်မှာမို့လို့
ပိတ်ဆို့ထားတာတွေ အရင်ပွင့်အောင်
ဖွင့်ပေးပါ
- ရွေးကောက်ပွဲအတွက် နည်းပညာတွေ
အကူအညီပေးမယ်ဆိုတာ အခုပေးပါ ကျနော်တို့
အဆင်သင့်ဖြစ်နေပြီဆိုတာပဲ ဖြစ်နေပါလားဗျ။
NLD တင်ပြတဲ့ တင်ပြချက်တွေ၊ NLD ရဲ့
တင်ပြချက်တွေ၊ ဝါရင့်တွေနှင့်
တိုင်းရင်းသားခေါင်းဆောင်ကြီးတွေရဲ့
အကြံပြုချက် တွေကိုတော့ ဖုတ်လေတဲ့ ငါးပိ
ရှိတယ်လို့ကို မအောက်မေ့ပါလား။
ဒီလိုပုံနှင့်တော့ ရေပါပါ့မလား
ကိုယ့်လူရေ။
အနည်လည်း မထ၊ ရေလည်းမပါ ဆိုရင်တော့
“သတ္တမသည် ဆဋ္ဌမနှင့် ထူးမခြားနားပါပဲ
ခင်ဗျား” လို့ သူများတွေ
ပြောကုန်ကြတော့မယ်။
“တကယ်မြင်ရင်
မြင်တဲ့အတိုင်း
တကယ်ကြားရင် ကြားတဲ့အတိုင်း
ပစ္စုပ္ပန်တည့်တည့်ရှုပြီး
နိဂုံးမှန်မှန်ချုပ်နိုင်ပါစေ” ဒါပဲ
ကျနော် ဆုတောင်းပါတယ်ဗျာ။
မစ္စတာ ဘန်ကီမွန်းကြီး မယောင်မလည်နှင့်
ရောက်လာ၊ နောက်တော့ လူကဲ့ရဲ့စရာ ဖြစ်ပြီး
ပြန်သွားဆိုရင်တော့ ကုလသမဂ္ဂ
သိက္ခာကျလှပါတယ်။
အဲဒီလို မဖြစ်လောက်ပေဘူးလို့ဘဲ ကျနော်
အောက်မေ့လိုက်ပါ့မယ်။
အကျိုးများအောင်
ဆောင်ကြဉ်းပေးနိုင်သူတိုင်းကို
အကျိုးခံစားရသူအပေါင်းက
ကောင်းချီးပေးကြမှာ အမှန်ပါ မစ္စတာ
ဂမ္ဘာရီ။
။
*****
ဇွန်မှိုင်း
(၄၊
၂၊
၂၀၀၉)
|