|
ကြမ်းထော်ထော်ထမင်းဗူးကလေးရဲ့
အဖွင့်တေးသွား
(၁)
အခုဖြစ်ပေါ်နေတဲ့ ပြည်တွင်းကဆန္ဒပြပွဲတွေကို
ဘယ်လိုအကဲဖြတ်ကြမလဲ။
ဒါတွေဟာ (၈၈) အရေးတော်ပုံကြီးရဲ့
အစပျိုးနေ့ရက်တွေလိုမျိုး
ဖြစ်နေပြီလို့ဆိုရင်ရမလား။
ကျနော်တော့ ဖြစ်နေပြီလို့ဆိုချင်တယ်။
(၂)
နအဖစစ်အုပ်စုဟာ ၂၀၀၇ ခုနှစ်
သြဂုတ်
(၁၅) ရက်နေ့မှာ
လောင်စာဆီဈေးကို အဆမတန် ခုန်တက်လိုက်တယ်၊
ဓါတ်ဆီ (၁) ဂါလံဟာ ၁၅၀၀ ကျပ် ကနေ၂၅၀၀ ကျပ်
ဖြစ်သွားတယ်၊
ဒီဇယ် (၁) ဂါလံဟာ ၁၅၀၀ ကျပ် ကနေ ၃၀၀၀ ကျပ်
ဖြစ်သွားတယ်၊
စီအန်ဂျီတယူနစ်ဈေးက ၅၇ ကျပ် ကနေ ၂၇၂
ဒသမ၂၅ ကျပ် ဖြစ်သွားတယ်၊
ဒါ သူ ဘာလုပ်လိုက်တာလဲ၊
သူ့စီးပွားရေးပညာရှင်ဆိုသူတွေက ဘယ်လိုပဲသုံးသပ်ပြပြ လက်တွေ့မှာတော့
ကားခတွေ
တက်သွားတယ်၊
သယ်ယူစာရိတ်တွေ
တက်သွားတယ်၊
အကျိုးဆက်အားဖြင့် ကုန်ဈေးနှုန်းတွေ တက်သွားတယ်၊
အခြေခံစားကုန်သောက်ကုန်ဈေးတွေ တက်သွားတယ်။
ဒါဟာ လူထုရဲ့အိတ်ထဲက
ပိုက်ဆံတချို့ကို
စက္ကန့်ပိုင်းအတွင်းမှာ
နအဖက ဥပဒေမဲ့စွာ အတင်းဆွဲလုပြီး
ယူလိုက်တာပဲမဟုတ်လား။
အရင်
ဘဲဥတစ်ခြမ်းစားခွင့်ရနေတဲ့ ခလေးကို
အခု
ဘဲဥတစ်စိပ်ပဲစားတော့လို့
တချက်လွှတ်
အမိန့် ထုတ်လိုက်တာပဲမဟုတ်လား။
အရင် ပဲဟင်းထဲ ဆီကလေးတစ်ပေါက်နှစ်ပေါက်
ခတ်ခွင့်ရနေသေးတဲ့ အိမ်ရှင်မကို
“ဆီ တစ်စက်မှ မခတ်နဲ့၊
ဒီအတိုင်းချက်၊
နင့်ယောက်ျားရော နင့်သားသမီးတွေရော နင်ရော ဒီအတိုင်း
စားကြ၊
ဘာအတွန့်မှမတက်ကြနဲ့”
လို့
ငေါက်ငန်းပြောဆိုလိုက်တာပဲမဟုတ်လား။
ကျနော် ဒီအတိုင်းပဲမြင်တယ်။
(၃)
ကျောင်းအသွား ခါတိုင်းလို ငါးဆယ်ပဲထည့်အလာ၊
ကားခက
တစ်ရာခုန်တက်သွားတော့ မပေးနိုင်ဖြစ်သွားပြီး
မော့ငေးငေးလေးဖြစ်သွားရရှာတဲ့ ကလေးမျိုး။
စပါယ်ယာက
“မပေးနိုင်ရင်
ရှေ့မှတ်တိုင်ဆင်း”
လို့
ခတ်ဆတ်ဆတ် အပြောခံရလို့
ငိုမဲ့မဲ့
ဖြစ်သွားရတဲ့ အဖြူအစိမ်းဝတ်
အပျိုပေါက် ကျောင်းသူမလေးမျိုး။
အဲဒီလိုကလေးတွေရဲ့ ခံစားမှုမျိုး
ဗိုလ်ချုပ်မှူးကြီးရဲ့မြေးတွေ
ခံစားဖူးပါသလား။
တခါလောက်ဖြစ်ဖြစ် ခံစားကြည့်စေချင်တယ်၊
အဲဒီလိုဘ၀မျိုး နေကြည်ဖို့မဆိုထားနှင့်
စိတ်ကူး ကြည့်ရုံနှင့်တင်
စိန်စီထားတဲ့မြေးတွေ သွက်သွက်ခါအောင်
ရူးသွားနိုင်တယ်။
ထမင်းဗူးထဲမှာ ဟင်းနှင့်တူတာ
ဘာမှထည့်မလာနိုင်လို့
သူငယ်ချင်းတွေနှင့်
ဝေးဝေးကို
သွားသွားပြီး
တစ်ယောက်တည်းခိုးစားရတဲ့ ကလေးမျိုး။
မိဘတစ်ယောက်အနေနှင့် စဉ်းစားကြည့်စမ်းပါဗျာ
-
“ခမျာ
ဘယ်လောက် မျက်နှာငယ်ရှာလိုက်မလဲ”။
အဲဒီမျက်နှာငယ်မှုမျိုး။
အဲဒီသိမ်ငယ်မှုမျိုးနှင့်
အတန်းထဲမှာ စာတော်အောင် ဘယ်လိုလုပ်
သင်ယူနိုင် တော့မှာလဲ။
ဘယ်လိုလုပ်
ကြည်နူးချမ်းမြေ့စွာ
ဂုဏ်မပျက်
မာန်မချ ရင်ကော့ပြီး
သင်ယူဆည်းပူးနိုင် တော့မှာလဲ။
အဲဒါဟာ ကျနော်တို့လူထုရဲ့
နေ့စဉ်ဘ၀တွေပါ။
အခုဟာက.....
အဲဒီ ထမင်းချည်းပါတဲ့ ကြမ်းထော်ထော်ထမင်းဗူးလေးကိုတောင်
နအဖစစ်အုပ်စုက
စစ်ဘိနပ်နှင့် ကန်ထုတ်ပစ်လိုက်တဲ့ ကိစ္စပါ၊
(၄)
ဒါဟာ ၁၉၈၇ ခုနှစ်၊
စက်တင်ဘာလ (၅) ရက်နေ့က
အဖြစ်အပျက်နှင့် တော်တော်ဆင်ပါတယ်။
အဲဒီတုန်းကလဲ ဒီလိုပဲ။
ဗိုလ်နေ၀င်းရဲ့
စီးပွားရေးပေါ်လစီတွေ လွဲချင်တိုင်းလွဲ၊
ချော်ချင်တိုင်းချော်ပြီး
သူကိုယ်တိုင်
မရှူနိုင် မကယ်နိုင်ဖြစ်လာတဲ့အခါ
“ငွေစက္ကူတွေကို
တရားဝင်သုံးစွဲခြင်းအား ဤအမိန့် ထုတ်ပြန်လိုက်သည့် အချိန်မှစ၍
လုံးဝ
ရပ်စဲလိုက်သည်”
လို့
ရူးသွပ်စွာ ကြေညာလိုက်တယ်။
ပြည်သူတွေရဲ့လက်ထဲက
၇၅ ကျပ်တန်၊
၃၅ ကျပ်တန်နှင့် ၂၅ ကျပ်တန်တွေဟာ
တမဟုတ်ချင်း စက္ကူ စုတ် ဖြစ်သွားရတဲ့နေ့ပေါ့၊
ကျနော်
ကောင်းကောင်းမှတ်မိတယ်။
အဆောင်စရိတ်သွင်းစရာမရှိတော့တဲ့
ကျောင်းသားတွေ၊
လဘက်ရည်ထွက်သောက်ဖို့တောင်
မလွယ်မကူ
ဖြစ်သွားကြရတာတွေ၊
အဆောင်မှူးတွေကိုယ်တိုင်ကလည်း
ဘာနှင့်ဈေးဝယ်ပြီး
ဘယ်လို ချက်ကျွေးရမလဲ
မစီမံတတ်တော့တာတွေ၊
ဒါက တက္ကသိုလ်တွေထဲမှာ။
အရပ်ထဲမှာက ဒီထက်အပုံကြီး
ပိုဆိုးတယ်။
အမောဖောက်နေတဲ့
အမေကို
ဆေးကုဖို့
နားကပ်ကလေးချွတ်ပြီး
ပေါင်လို့ရလာတဲ့
ပိုက်ဆံထုပ် သေးသေးလေးက ဘာမှဆို
ဘာမှလုပ်လို့မရတော့ဘူး
ဆိုတဲ့အခါ ပဋာမြေလူးဖြစ်သွားရတာတွေ။
သားရှင်ပြုဖို့ အားခဲပြီးစုထားတဲ့ ပိုက်ဆံထုတ်ကလေး
ထုတ်ထုတ်ပြီး
စိုက်စိုက်ကြည့်ရင်း
စိတ် ကယောက်ကယက် ဖြစ်သွားရရှာတဲ့အဖြစ်တွေ။
တော်တော်ကို ခါးသည်းခဲ့ကြရတာပါ။
ဒါကြောင့်လည်း
“ငွေစက္ကူအရေးအခင်း”
လို့ခေါ်တဲ့
ကျောင်းသားလှုပ်ရှားမှုတွေ
တက္ကသိုလ်တိုင်း၊
ကောလိပ်တိုင်းမှာလိုလို ဖြစ်ခဲ့ကြတယ်။
အဲဒီ မီးပွားတွေကပဲ
၁၉၈၈ မတ်လမှာ
မီးတောက်တွေထတောက်။
ဇွန်လမှာ မီးတောက်တွေ ထတောက်။
နောက်ဆုံးဘယ်လိုမှ
ငြိမ်းလို့
သတ်လို့မရတဲ့
(၈၈) ရဲ့ မီးတောက်မီးလျြှံကီး
ဖြစ်ပွားပေါ်ပေါက်ခဲ့ရတယ် မို့လား၊
တိုက်ပွဲဆိုတာ ဖန်တီးယူလို့မရဘူး။
ဥုံဖွမန်းလို့လည်း မရဘူး။
“ဘယ်နေ့မှာ
ဘယ်တိုက်ပွဲဖြစ်စေ”
ဆိုတာမျိုး ဖန်ဆင်းယူလို့ရတာမျိုးလည်း
မဟုတ်ဘူး။
တကယ်ကို ကျိုးကြောင်းဆီလျော်တဲ့
အခြေအနေတွေ၊
အချက်အလက်တွေ
ပြည့်စုံလာမှ
ထဖြစ်တတ်
တဲ့
အမျိုးပါ။
အရင်ကတည်းက မဆလတစ်ပါတီစနစ်ရဲ့အောက်မှာ
အဆင်းရဲဆုံး၊
ဖွံ့ဖြိုးမှုနောက်အကျဆုံး နိုင်ငံ အဖြစ်
ခါးကျိုးမတတ်
ရုန်းကန်နေကြရတဲ့
ပြည်သူတွေရဲ့
ချွေးခံအင်္ကျီထဲက
၂၅ ကျပ်တန်တစ်ရွက်ကစ
လုယူခံလိုက်ရတဲ့အခါ....
ဘယ်သူမှ
တားထားလို့မရတော့တဲ့ လူထုတိုက်ပွဲတွေ
သဲဆည်ကျိုးသလို တ၀ုန်းဝုန်း ပေါ်ပေါက်ခဲ့တာ
အားလုံးမှတ်မိနေကြမှာပါ။
(၅)
ဗိုလ်နေ၀င်းက ဒီတိုက်ပွဲတွေကို ဘယ်လိုတုန့်ပြန်ခဲ့သလဲ။
စစ်ဝါဒီတို့ရဲ့ထုံးစံအတိုင်းပဲ
ဟိုတံဆိပ်ကပ် ဒီတံဆိပ်ကပ်နှင့်
အမျိုးမျိုး စွပ်စွဲပြီးချေမှုန်းခဲ့တာပဲ။
အလုပ်သမားပဲဖြစ်ဖြစ်၊
ကျောင်းသားပဲဖြစ်ဖြစ်၊
ရဟန်းသံဃာပဲဖြစ်ဖြစ်၊
သူ့ရာဇပလ္လင်ကို လာလှုပ်လို့ ကတော့
ဘယ်မီးမှအကူးမခံဘူး။
မလောင်ခင်ကတည်းက တားရေးက သူတို့ပေါ်လစီပဲ။
ကျောင်းသားတွေကို စားရိတ်ပေးပြီး အမြန်ပြန်လွှတ်၊
လူစုကွဲမှ
အိမ်လိုက်ဖမ်း။
ပြီးတော့
ကိုဖုန်းမော် တို့ ပြဿနာကို
ဘယ်လိုရှင်းခဲ့သလဲ။
တံတားဖြူမှာ ဘယ်လိုရှင်းခဲ့သလဲ။
မြေနီကုန်းမှာ ဘယ်လိုရှင်းခဲ့
သလဲ။
လူမဆန်အောင်ကို တားခဲ့ဆီးခဲ့တာပါ၊
အဲဒီလို အပြင်းအထန်တားဆီးဖို့၊
ရှင်းထုတ်ဖို့ကြိုးစားနေတဲ့ကြားကပဲ
မဆလတစ်ပါတီအာဏာရှင်စနစ်ကို ဖြိုချဖျက်သိမ်းပစ်ခဲ့နိုင်တဲ့
၈၈ အရေးတော်ပုံကြီးကို
ကျနော်တို့ လူထုဟာ
ဂုဏ်ရောင်ပြောင်စွာ ဆင်နွှဲနိုင်ခဲ့ကြတဲ့သမိုင်းဟာ အခုထိ ကျနော်တို့ရင်ထဲမှာ
နွေးနေဆဲပါ။
(၆)
အခုလည်းလုပ်လာနေပြီ၊
ဒီအတိုင်းပဲ။
ဗိုလ်နေ၀င်း။ ဗိုလ်စိန်လွင်။
ဗိုလ်စောမောင်။ ဗိုလ်သန်းရွှေ
တပုံတည်း၊
တဖြတ်တည်းပဲ။
(၈၈)
ကျောင်းသားတွေက
“ဒီလို
လောင်စာဆီဈေး မတန်တဆတက်လိုက်တာကတော့
အကျိုးဆက်
တွေ
မကောင်းနိုင်ဘူး။ ဒီကိစ္စ
ဖြေရှင်းပေးစေချင်ပါတယ်”
လို့
ရိုးရိုးသားသား ထောက်ပြတယ်။
ဒါဟာ ကျောင်းသားတွေရဲ့ အမြော်အမြင်ကြီးမှုဖြစ်တယ်။
စေတနာအပြည့်နှင့် ထောက်ပြမှုဖြစ်တယ်။
လူထုအကျိုးတင်မကဘူး၊
သူ့အကျိုးအတွက်ပါ
အမြော်အမြင်ကြီးကြီးနှင့်
ထောက်ပြတာဖြစ်တယ်။
ဒါကို အလေးထားဖြေရှင်းပေးရမယ့်အစား -
ညအချိန်မတော်ကို ၀င်ဖမ်းတယ်၊
အော်ပရေးရှင်တစ်ခုသဖွယ် စီးနင်းရှာဖွေတယ်၊
အနှစ် (၂၀) ထောင်ချပစ်နိုင်တယ်လို့ ခြိမ်းခြောက်တယ်၊
မတော်မတရားတွေ စွပ်စွဲပုတ်ခတ်တယ်၊
အဲဒီကျောင်းသားတွေကိုလည်း စာနာ။
ထိုးတက်လာတဲ့ ကုန်ဈေးနှုန်းကလည်း
မခံနိုင်တော့လောက်အောင် ဖြစ်လာဆိုတဲ့
အခြေအနေ အောက်မှာ -
“ကုန်ဈေးနှုန်းချပေးဖို့”၊
“လောင်စာဆီဈေး
ပြန်ချပေးဖို့”
တောင်းဆိုရင်း လူထုတွေက လမ်းမတွေပေါ်
ထွက်လာကြတယ်၊
ငြိမ်းချမ်းစွာ
ဆန္ဒပြကြတယ်။
အခုလို အခြေအနေအကျိုးအကြောင်း ညီညွတ်လာတဲ့အခါမှာ.....
အခု ကျနော်တို့ကြားနေရသလို
လှုပ်ရှားမှုတွေ
ဆက်တိုက်ပေါ်ထွက်လာခဲ့တယ်။
ဒီလှုပ်ရှားမှုတွေနှင့်ပတ်သက်ပြီး
အမေမာပြောတာကိုပဲ နားထောင်ကြည့်ပါဦး။
“ဆန္ဒပြတာဟာ
သိပ်ဆင်းရဲနေလို့ကွ၊
အရင်တုန်းကလေ...
လူတစ်ယောက်တစ်နေ့ကို
ထမင်း ၂ ထပ် စားနိုင်တယ်မဟုတ်လား။ ဟင်းနဲ့နော်၊
အခု ဟင်းနဲ့မစားနိုင်ဘူး၊
ပြီးတော့
၂ ထပ်မစားနိုင်ဘူး၊ တထပ်တည်း စားနေရတယ်၊
ဟင်းနဲ့မစားပဲနဲ့
ဘာစားနေသလဲဆိုတော့ ဆီနဲ့
ဆားနဲ့ ထမင်းနဲ့
အဲဒီလိုစားနေရတာ၊ သိပ်ဆင်းရဲနေကြတယ်”
နအဖစစ်အုပ်စုအဖို့တော့
ဒီမီးဟာ သူအကြောက်ဆုံးမီးပဲ၊
ဘယ်လိုမှ အလောင်မခံနိုင်တဲ့မီး၊
“မီးကို
မလောင်ခင်တား”
ဆိုတဲ့ သူ့
ဆရာ့ဆရာကြီးတွေရဲ့ ပေါ်လစီအတိုင်း
မီးကုန်ယမ်းကုန် တားဆီး တော့တာပဲ။
အမျိုးသမီးရော၊
ခလးရော၊
အဖွားအိုရော
ဘာမှချမ်းသာမပေးဘူး။
သူ့လက်မရွံ့ပါးကွက်အာဏာသားအုပ်စုကို
အရက်ကိုးမောင်းတိုက်ပြီး
‘နာဠာဂီရိ’
ဇာတ်
ခင်းခိုင်းတော့
တာပါ။
“မတရားမလုပ်နဲ့”
“ရှင်တို့
မတရားမလုပ်ကြနဲ့နော်”
ဆိုတဲ့ အော်သံတွေ။ ဟစ်သံတွေကြားမှာ
ထမီအကျွတ် ကျွတ်၊
အင်္ကျီအစုတ်စုတ်နဲ့
ဂုတ်ကိုဆွဲပြီး
ဖမ်းဆီးခံကြရ၊
ခေါင်းတွေ၊
မျက်နှာတွေ၊
ရင်ဘတ်တွေ၊
ကြောတွေမရွေး
ဝါးရင်းတုတ်နဲ့
တိရိစ္ဆာန်တစ်ကောင်ရဲ့ ရူးသွပ်မှုမျိုးနဲ့
ရက်ရက်စက်စက်
ရိုက်နှက်ခံ ကြရ။
အဲဒီရိုက်နှက်သူတွေ၊
မအေ နှမ ကိုင်တုတ်ပြီး
မကြားဝံ့မနာသာ
ဆဲရေးတိုင်းထွာနေတဲ့သူတွေ၊
အဲဒီလို
ရိုက်ခိုင်း၊
ဆဲခိုင်းနေတဲ့ နောက်က
ကြိုးကိုင်သူတွေ
အမေမာမေးတဲ့
မေးခွန်းကို ခင်ဗျားတို့ဖြေရဲလား
......
“အခုဟာက
လုံးလုံးမလုပ်သင့်ဘူးထင်တာပဲ၊
ငတ်ပြတ်နေတာနော၊ ငတ်နေလို့
ကျနော်တို့ ငတ်နေပါတယ်၊
ကျမတို့
ငတ်နေပါတယ်ဆိုတာကို
ရိုက်နှက်နေလို့တော့
တော်သလား မတော်သလား စဉ်းစားကြပေါ့၊
ကိုယ်ချင်းစာစိတ် လုံးလုံးမရှိရင်တော့လည်း
မတတ်နိုင်ဘူး”
ခင်ဗျားတို့ရဲ့ခလေးတွေကို
ကျောင်းမမည်တဲ့ ကျောင်းစုတ်ကလေးမှာ -
ခင်ဗျားတို့ရိုက်လိုက်တဲ့လူတွေရဲ့
ခလေးတွေနှင့်အတူ
ထားနေရတာပဲမဟုတ်လား၊
ခင်ဗျားနေမကောင်းရင်၊
ခင်ဗျား သမီးလေးနေမကောင်းရင်၊
ခင်ဗျား ယောက္ခမကြီးနေမကောင်းရင်၊
ခင်ဗျားရော ခင်ဗျားတို့ဆရာကြီးတွေလို
စင်္ကာပူသွားပြီး ဆေးကုသခွင့်
ရလို့လား။
စင်္ကာပူဆိုတာထားတော့။ လှိုင်သာယာက
ပန်းလှိုင်အထူးကုဆေးရုံမှာတောင်
တင်ပြီး ကုသခွင့် ရလို့လား။
ခင်ဗျားလည်း ခင်ဗျားရိုက်လိုက်တဲ့လူတွေလို
ဆေးတို့ဖတ်ကြီး၊
သူငယ်နာဝမ်းပုတ်ချဆေးနှင့် အလွန်ဆုံး
ပါရာစီတမော ၂
ပြားနှင့် အဖျားဖြတ်ရတာပဲ မဟုတ်ဘူးလား။
(၇)
ကိုယ့်လူတို့ရေ....
လူထုရဲ့အလှုပ်အရှားကို
ခ |