|
ဒါလားဟဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်
ပြည်သူ့သဘောထား
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာဟာ ၁၉၈၈
ခုနှစ် လူထုဒီမိုကရေစီ အရေးတော်ပုံကြီးကို
စစ်တပ်က ရက်ရက်စက်စက် ခြေမှုန်းလိုက်ပြီး
စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်လာတော့မှ
ပေါ်ပေါက် လာတဲ့ ပြဿနာမဟုတ်ပါဘူး။
ဒီမိုကရေစီအစိုးရတရပ်ရဲ့ လက်ထဲက
နိုင်ငံတော်အာဏာကို ဗိုလ်နေဝင်းက
အတင်းအဓမ္မ လုယူသိမ်းပိုက်လိုက်တဲ့ ၁၉၆၂
ခုနှစ် နောက်ပိုင်းရောက်မှ ပေါ်ပေါက် လာတဲ့
ပြဿနာတခုလည်း မဟုတ်ဘူးဆိုတာ
သိမြင်သူများအားလုံး နားလည်းသဘောပေါက်ထား
ပြီး ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့
နိုင်ငံရေးပြဿနာတွေဟာ
တိုင်းပြည်လွတ်လပ်ရေးမရခင် ၁၉၄၈ ခုနှစ်
မတိုင်ခင်ကတည်းက ရှိနှင့်ပြီးဖြစ်ပါတယ်။
ဒီပြဿနာတွေကို စားပွဲဝိုင်းတွေပေါ်မှာ
နိုင်ငံရေး နည်းနဲ့ ဖြေရှင်းပြီး
မြန်မာနိုင်ငံ ပြည်သူတွေအနေရဲ့
အဓိကရေးကြီးဆုံးလိုအပ်ချက်က တိုင်းပြည်ကို
လိုနီဘဝကလွတ်မြောက်ဖို့
လွတ်လပ်ရေးရဖို့သာဖြစ်တယ်။
လွတ်လပ်ရေးသည်သာ ပထမ၊ လွတ် လပ်ရေးသည်သာ
ဒုတိယ၊ လွတ်လပ်ရေးသည်သာ တတိယဖြစ်တယ်ဆိုတဲ့
တခုတည်းသော ဦး တည်ချက်နဲ့ရှိနေတဲ့
နိုင်ငံရေးပြဿနာတွေ၊ ပဋိပက္ခတွေကို
နောက်ကိုတွန်းလို့ ယာယီညီညွတ်ရေး ယူပြီး
တိုင်းပြည်လွတ်လပ်ရေးကို
အရယူခဲ့ကြတာဖြစ်ပါတယ်။
ရှည်ဝေးလွန်းမှာစိုးတဲ့အတွက်
ဘယ်လိုပြဿနာတွေ၊ ဘယ်လိုပဋိပက္ခတွေ
ဘယ်ချိန်မှာ ဖြစ်ခဲ့တယ်ဆိုတာတွေကိုတော့
မတင်ပြ တော့ပါဘူး။
သမိုင်းစာမျက်နှာတွေပေါ်မှာ မြင်သာထင်ရှား
ရှိနှင့်ခဲ့ပြီးဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ရဲ့
လွတ်လပ်ရေးဖခင် ဗိသုကာကြီးဖြစ်တဲ့
ကိုအောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့
အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်မှုနဲ့
ရယူနိုင်ခဲ့တဲ့ ပြည်နယ်ပြည်မ
သွေးစည်းညီညွတ်ရေး၊ တနည်းအားဖြင့်
တိုင်းရင်းသား သွေးစည်းညီညွတ်ရေး၊
ပင်လုံစိတ်ဓာတ်နဲ့ အဲဒီသွေးစည်းညီညွတ်မှု
အင်အားနဲ့ ကိုလိုနီနယ်ချဲ့ရဲ့
လည်ပင်းကိုညှစ်ပြီး လွတ်လပ်ရေးကို
အရယူခဲ့တာဖြစ်ပါတယ်၊ အဲဒီ ပင်လုံစိတ်ဓာတ်
သွေးစည်းညီညွတ်မှုအခြေခံနဲ့ပဲ ၁၉၄၇ ခုနှစ်
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို
ရေးဆွဲအတည်ပြုနိုင်ခဲ့ပါတယ်။
ကျနော်တို့မှာ တိုင်းပြည်တခုကို
ထူထောင်နိုင်တဲ့ ဖွဲ့စည်းပုံ အခြေခံ
ဥပဒေတခု အထင်ရှား ရှိခဲ့ပါတယ်။ ၁၉၄၇ ။
အဲဒီအခြေခံဥပဒေနဲ့ပဲ
မြန်မာနိုင်ငံကို
ပါလီမန်ဒီမိုကရေစီစနစ်နဲ့ တည်ဆောက်၊
ဖွံဖြိုး တိုး တက်လာစေခဲ့ပါတယ်။ ဒါပေမယ့်
မြန်မာနိုင်ငံရဲ့
အတွင်းနိုင်ငံရေးပြဿနာတွေကိုတော့ ပြေလည်
အောင်၊ ဖြေရှင်းအဆုံးသတ်အောင်
မလုပ်နိုင်ခဲ့ပါဘူး။ နိုင်ငံရေးအယူဆနဲ့
နိုင်ငံရေးစနစ် ပြဿနာ သာမဟုတ်ပါဘဲ
တိုင်ရင်းသားလူမျိုးစု များပြားတဲ့
နိုင်ငံဖြစ်တာနဲ့အညီ
တိုင်ရင်းသားလူမျိုးစုတွေရဲ့ ပြဿနာတွေလည်း
ရှိနေခဲ့ပါတယ်။ နိုင်ငံရေးပြဿနာတွေကို
နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရင်း မပြေ
လည်နိုင်ကြတဲ့အခါ လက်နက်ကိုင်စစ်ပွဲနဲ့
ဖြေရှင်းလာခဲ့ကြတဲ့အတွက်
ပြည်တွင်းစစ်ရယ်လို့ မြန်မာ
နိုင်ငံမှာပေါ်ပေါက်လာခဲ့တာလည်း ၁၉၄၈
ခုနှစ်ကတည်းက ဖြစ်ပါတယ်။ အဲဒီ
ပြည်တွင်းစစ်မီး ကြောင့်ပဲ
လွတ်လပ်တဲ့နိုင်ငံတနိုင်ငံ ဖြစ်လာခဲ့သလို
သယံဇာတပေါ်ကြွယ်ဝလှတဲ့ မြန်မာနိုင်ငံဟာ
ဖွံဖြိုးတိုးတက်သင့်သလောက်
ဖွံဖြိုးတိုးတက်မလာနိုင်ခဲ့ပါဘူး။
ရှိနေတဲ့ နိုင်ငံရေး အယူဆပြဿနာ၊
တိုင်ရင်းသားလူမျိုးစုတွေရဲ့ ပြဿနာတွေကို
အဲဒီအချိန်က ဒီမိုကရေစီ အစိုးရတွေက
ကိုင်တွယ် ဖြေရှင်းခဲ့ကြပေမယ့်
တိုင်းပြည်ရဲ့ အရေးထက်
နိုင်ငံရေးဂိုဏ်းဂဏစွဲ၊ အယူဝါဒစွဲ
ကျဉ်းမြောင်းတဲ့ မျိုးချစ်စိတ်ဓါတ်
မဟာလူမျိုးကြီးဝါဒ၊ မှာယွင်းတဲ့
ဇာတိသွေးဇာတိမာန်တွေ၊ အမျိုးသားရေးဝါဒတွေ
ကြောင့် ပဋိပက္ခတွေကို ပြေလည်အောင်
မဖြေရှင်းနိုင်ခဲ့ပါဘူး။
ဖြေရှင်းဖို့ကြိုးစားနေဆဲ တိုင်းရင်း သား
လူမျိုးစုပြဿနာအရေး ပြေလည်ဖို့
အလားလာကောင်းလာဆဲအချိန်မှာပဲ အာဏာရဲ့အရသာ
ကို မြည်းစမ်းခွင့်ရခဲ့လို့ ယစ်မူးသာယာ
တပ်မက်လာတဲ့ ဗိုလ်နေဝင်းဦးဆောင်တဲ့
စစ်အုပ်စုက မြန်မာနိုင်ငံရဲ့
ဒီမိုကရေစီစနစ်ကို ရိုက်ချိုးဖျက်ဆီး
စစ်အာဏာရှင်စနစ်ကို ထူထောင်ခဲ့ပါတယ်။ ၁၉၆၂
မတ်လ (၂) ရက်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့
တိုင်းရင်းသားလူမျိုးစုတွေရဲ့
သွေးစည်းညီညွတ်မှု အခြေခံနဲ့
ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ ၁၉၄၇ ခုနှစ်
ဖွဲ့စည်းပုံအခြေခံဥပဒေကို
ဖျက်သိမ်းပစ်ပြီး တတိုင်းပြည် လုံးကို
အရပ်ဝတ်အရေခြုံ စစ်အာဏာရှင်စနစ်နဲ့
လက်ဝါးကြီးအုပ် သွေးစုတ်ခေါင်းပုံဖြတ်
အုပ်ချုပ်ဖို့ ၁၉၇၄ ခုနှစ်
ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြီး
ပြည်သူကို အာဏာနဲ့ခြိမ်းခြောက်၊
အတင်းအကျပ် အတည်ပြုပြီး
စစ်အုပ်စုဦးစီးတဲ့ လူတန်းစားသစ်ကို
ပေါ်ပေါက်လာစေခဲ့တဲ့ မြန်မာဆိုရှယ်လစ်လမ်း
စဉ်ဆိုတဲ့ ဆိုရှယ်လစ်အတုယောင်စနစ်နဲ့
တိုင်းပြည်ကို အုပ်ချုပ်လာခဲ့တာဟာ ၁၉၈၈
ခုနှစ်အထိ ကာလရှည်ကြာခဲ့ပါတယ်။
စစ်အုပ်စုဦးစီးတဲ့ လူတန်စားသစ်ကသာ ဥစ္စာဓန
ကြွယ်ဝသထက် ကြွယ်ဝ လာပြီး
စစ်ကျွန်ဖြစ်ခဲ့ရတဲ့
ပြည်သူလူထုရဲ့ဘဝကတော့ ဆင်းရဲသည်ထက်
ဆင်းရဲတွင်းနက်ခဲ့ပြီး တိုင်းပြည်ဟာလည်း
ကမ္ဘာ့ဖွံဖြိုးတိုးတက်မှုအနည်းဆုံး
ဖြစ်လာခဲ့ရတယ်ဆိုတာလည်း အားလုံးသိခဲ့
ကြပြီး ဖြစ်ပါတယ်။
အဲဒီအခြေအနေနဲ့ ဆင်းရဲမွဲတေမှု
ဖိစီးနှိပ်စက်မှုတွေကို နှစ်ပေါင်းများစွာ
ခါးစည်းခံစား၊ ဒီမိုကရေစီ၊ လူအခွင့်အရေး၊
ငြိမ်းချမ်းရေးတွေကို အာသာငန်းငန်း
တောင့်တလာတဲ့ ပြည်သူလူထု ကြီးဟာ ၁၉၈၈
ခုနှစ်မှာ စစ်အုပ်စုရဲ့
ဆိုရှယ်လစ်အတုယောင်စနစ်ဆိုးကို
ရိုက်ချိုးချေဖျက်ပြီး ဒီမို
ကရေစီနိုင်ငံသစ်တခု တည်ဆောက်ဖို့
ကြိုးစားခဲ့ကြပါတယ်။
အောင်ပွဲရယူနိုင်ခဲ့ပေမယ့် အကျဉ်းချုံ့
ပြောရရင် အဖက်ဖက်က
ချို့ယွင်းအားနည်းနေခဲ့တဲ့
လူထုအရေးတော်ပုံကြီးကို လက်နက်အင်အား
တခုတည်းရဲ့ အားကိုးနဲ့ စစ်အုပ်စုသစ်က
အာဏာသိမ်းတာကို ခံခဲ့ရပြန်ပါတယ်။ ၁၉၈၈
စက်တင် ဘာ (၁၈) ရက်မှာတော့ ပြည်သူလူထုကို
အထင်သေးပြီး စစ်အာဏာရှင်စနစ်တခုကို
တရားဝင် ထူ ထောင်နိုင်လိမ့်မယ်လို့
ယုံကြည်ခဲ့တဲ့ အာဏာသိမ်းစစ်အစိုးရက
ရွေးကောက်ပွဲတခု ကျင်းပဖို့ စိန်ခေါ်
ခဲ့ပါတယ်။ အဲဒီအချိန်မှာလည်း
စစ်အာဏာရှင်တွေရဲ့ ကောက်ကျစ်စဉ်းလဲတဲ့
ဖိနှိပ်မှုတွေကို ပြည်သူ လူထုဟာ သူတို့ရဲ့
သဘောထားအစစ်အမှန်နဲ့ အံတုရင်း
ပြသနိုင်ခဲ့ပါတယ်။ ဒီမိုကရေစီ အစိုးရတရပ်
ကို ခိုင်ခိုင်မာမာ
ထူထောင်နိုင်တဲ့အဆင့်ထိရအောင်
အောင်ပွဲရယူပေးနိုင်ခဲ့ပါတယ်။ ၁၉၉ဝ မေလ
(၃ဝ)။
ဒါပေမယ့် ကမ်းကုန်အောင်
ရက်စက်ဆိုးဝါး ကောက်ကျစ်စဉ်းလဲတဲ့
စစ်အစိုးရက ပြည်သူ လူထုရဲ့ အလိုဆန္ဒကို
ငြင်းဆန်ပြီး တိုင်းပြည်ကို
အာဏာရှင်စနစ်နဲ့ ဆက်ပြီးအုပ်ချုပ်ဖို့
လူမဆန်တဲ့ နည်းလမ်းပေါင်းစုံ အသုံးချပြီး
အာဏာကို ဖက်တွယ်ထားခဲ့ပါတယ်။
တိုးတက်တဲ့ အတွေးခေါ်ရှိတဲ့
ကျောင်းသားလူငယ်တွေ၊ နိုင်ငံရေး
တက်ကြွလှုပ်ရှားသူတွေ နဲ့ ပြည်သူလူထုဟာ
စစ်အာဏာရှင်တွေကို အကြိမ်ကြိမ်
ရင်ဆိုင်အံတုခဲ့ကြပေမယ့် လက်နက်အား ကိုး
အာဏာရှင်အစိုးရရဲ့ အရက်စက်ဆုံး
ချေမှုန်းတာကို ခံခဲ့ကြရပါတယ်။ ဒါပေမယ့်
အဖိနှိပ်ခံ ပြည်သူလူထုဟာ သူတို့ရဲ့
သဘောထားမှန်ဖြစ်တဲ့ လူအခွင့်ရေး၊
ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးကို
တချိန်ချိန်မှာ အပြီးသတ်ရယူဖို့
ထပ်ကြိုးစားလာအုံးမယ်ဆိုတာကို
နားလည်ထားတဲ့ စစ်အာဏာရှင် တွေက
တရားဝင်စစ်အာဏာရှင်စနစ်ကို တည်ထောင်ဖို့
သူတို့စိတ်တိုင်းကျ ဖွဲ့စည်းပုံအခြေခံဥပဒေ
ကို ရေးဆွဲ၊ ဒုက္ခကြားက ပြည်သူလူထုကို
လက်နက်အာဏာနဲ့ ခြိမ်းခြောက်ပြီး အတည်ပြု
ပြဋ္ဌာန်း ခဲ့ပြီဖြစ်ပါတယ်။ ခုတခါထပ်ပြီး
ပြည်သူလူထုကို ၂ဝ၁ဝ ခုရွေးကောက်ပွဲနဲ့
စိန်ခေါ်အနိုင်ယူဖို့ ကြိုးစား
လာပြန်ပြီဖြစ်ပါတယ်။ ဒါပေမယ့် ဒီတကြိမ်
ကြိုးစားလာတာက စစ်အာဏာရှင်စနစ် တရားဝင်
ထာဝရ တည်မြဲရေးအတွက် ဖွဲ့စည်းပုံအခြေခံ
ဥပဒေတရပ်ကို ကျားကုတ်ကျားခဲ
ကိုင်ဆွဲထားပါပြီ။ တော်လှန်တိုးတက်တဲ့
ကျောင်းသားလူငယ်တွေ
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့
ပြည်သူလူထုကို လုံးဝ နလန်မထူနိုင်အောင်
နှိပ်ကွပ်ရေး မဟာဗျူဟာချမှတ်ပြီး
သူတို့ရဲ့ လမ်းညွှန်မြေပုံခရီးကို ပြီးဆုံး
အောင် လျှောက်ဖို့ ကြိုးစားနေကြပါပြီ။
စစ်အာဏာရှင်တွေရဲ့
ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဘာလဲ ဘယ်လဲဆိုတာ၊
အခြေခံမူဆိုတာတွေကို ကြည့်လိုက်ရုံနဲ့
မြင်သာထင်ရှားဖြစ်ပါတယ်။
အခု စစ်အစိုးရက
သူတို့စိတ်ကြိုက် ရေးဆွဲအတည်ပြု
ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေနဲ့ပတ်သက် ပြီး
ဟောင်ကောင်တက္ကသိုလ်က အငြိမ်းစားပါမောက္ခနဲ့
ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် ဖွဲ့စည်းပုံ
အခြေခံဥပဒေ အကြံပေးအထောက်အကူပြု
အဖွဲ့ခေါင်းဆောင်လည်းဖြစ်တဲ့ ပါမောက္ခ Yash
Ghaii က သူရဲ့ “၂ဝဝ၈ ခုနှစ်
မြန်မာဖွဲ့စည်းပုံ အခြေခံဥပဒေ
သုံးသပ်အကဲဖြတ်ချက်”
ထဲမှာ ဒီလုပ်ငန်းစဉ် ကို “၁၉၆၂ ခုနှစ်မှာ
ဒီမိုကရေစီအစိုးရလက်ထဲက
အာဏာကိုလုယူခဲ့ပြီး ၁၉၉ဝ ခုနှစ်
ရွေးကောက်ပွဲ အနိုင်ရပါတီရဲ့
အစိုးရဖွဲ့စည်းမှုကိုလည်း ငြင်းဆန်ခဲ့တဲ့
စစ်အုပ်စုက ပုံဖော်ကြီးကြပ် စီမံခဲ့တာ
ဖြစ်ပါ တယ်။ ဒီလုပ်ငန်းစဉ်ရဲ့
အစိတ်အပိုင်းတခုခုကို ဘယ်လွတ်လပ်တဲ့
အဖွဲ့အစည်းကိုမှ တာဝန်ယူခိုင်း တာမျိုး၊
စီမံကြီးကြပ်ရတာမျိုး မရှိပါဘူး။
လုပ်ငန်းစဉ်ဟာ လျှို့ဝှက်ဖြစ်ပါတယ်။
စစ်တပ်က စီစဉ် ရေးဆွဲခဲ့တဲ့ မူကြမ်းကိုပဲ
အမျိုးသားညီလာခံမှာ တင်သွင်းခဲ့တာပါ။
တကယ်တော့ အစိုးရမှာ အခြေခံ ဥပဒေမူကြမ်းကို
ပြင်ဆင်ရေးဆွဲခွင့် အခွင့်အာဏာမရှိပါဘူး။
အစိုးရဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ
အကြောင်းအရာတွေ ရွေးချယ်မှုတွေကို
ပြည်သူလူထုကြားမှာ ချပြအသိပေးတာမျိုး ဒါမှ
မဟုတ် ပါဝင်ဆောင်ရွက်ဖို့
အသိစိတ်ဓာတ်ပေးတာမျိုး မလုပ်ခဲ့ပါဘူး။
တချို့ အဓိကခေါင်းဆောင် တွေဟာ
အကျဉ်းထောင်ထဲမှာ ရောက်နေကြပါတယ်။
အဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တွေးမြင်
ယူဆချက်နဲ့ ရွေးချယ်မှုတွေမှာ
တခြားရွေးချယ်စရာတွေကို
ပိတ်ပင်တားဆီးထားတာဟာ အချေ အတင်
ဆွေးနွေငြင်းခုန်မှုကို
ပိုပြီးဆိုးဝါးသွားစေပြီး
တွေးမြင်ယူဆချက်များစွာဟာ ပြည်ပရောက်
အုပ်စုတွေကြားကိုပဲ
ရောက်ရှိသွားခဲ့ရပါတယ်။ လုပ်ငန်းစဉ်ဟာ
တိုင်းပြည်တည်ဆောက်ရေး ဒါမှမဟုတ်
အမျိုးသားညီညွတ်ရေး အစီစဉ်တွေကို
တိုးတက်မြင့်မားလာအောင်
မလုပ်နိုင်ခဲ့ပါဘူး။
ဒီမိုကရေစီတည်ဆောက်ရေးနဲ့ လူနည်းစုတွေရဲ့
အခွင့်အရေး ယဉ်ကျေးမှုတွေကို ကာကွယ်
စောင့်ရှောက်ရေးနဲ့
သက်ဆိုင်သူတွေကိုကျေနပ်နှစ်သိမ့်မှု
မပေးနိုင်ခဲ့သလို ပြင်ပကမ္ဘာကိုလည်း
အစိုးရရဲ့ နိုင်ငံရေးစနစ်
ပြုပြင်ပြောင်းလဲရေးအပေါ်
အလေးအနက်ထားလာအောင် သိမ်းသွင်းပြော ဆိုမှု
မလုပ်နိုင်ခဲ့ပါဘူး။ ပဋိပက္ခဖြစ်နေတဲ့
အုပ်စုတွေကြားမှာ ယုံကြည်မူ
တည်ဆောက်ရမယ့်အစား သံသယတွေကိုသာ
တိုးများလာစေခဲ့ပါတယ်။ အခုအချိန်မှာတော့
ကမ္ဘာတဝှမ်းလုံးက မှားယွင်းတဲ့
လုပ်ငန်းစဉ်လို့ ယုံကြည်လက်ခံထားတဲ့
လုပ်ငန်းစဉ်က ပြန်လည်ထုတ်လုပ်လိုက်တဲ့
ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ အစိုးရနဲ့
နိုင်ငံရေးပါတီတွေ၊ လူနည်းစု
အုပ်စုတွေကြားမှာရှိတဲ့
သဘောထားကွဲလွဲမှုတွေ ကို ပိုပြီး
ပြင်းထန်လာစေခဲ့ပါပြီ”
လို့ ရေးသားဖော်ပြထားခဲ့ပါတယ်။
ဒါဟာ နိုင်ငံခြားသားတယောက် ရဲ့
စစ်အစိုးရဖွဲ့စည်းပုံအခြေခံဥပဒေပေါ်
ရှုမြင်သုံးသပ် ပုံ
တစိတ်တပိုင်းသာဖြစ်ပါတယ်။
မြန်မာနိုင်ငံသား
နိုင်ငံရေးအမြင်ရှိသူတွေကတော့
ဒီထက်ပိုပြီး သိမြင်နားလည်ပြီး
ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်
တိုင်းရင်းသားလူနည်းစုတွေနဲ့
အများစုကြီးဖြစ်တဲ့
သာမန်မြန်မာပြည်သူလူထုတွေအဖို့ကတော့
စစ်အစိုးရရဲ့
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကို ခပ်လှမ်း
လှမ်းကသာ ကြည့်မြင်ခွင့်ရခဲ့ကြပါတယ်။
ပါဝင်ဆောင်ရွက်ခွင့်၊
ပြောဆိုဆွေးနွေးခွင့်၊ အကြံဉာဏ်ပေး ခွင့်
လုံးဝမရှိခဲ့ကြပါဘူး။ ဒါပေမယ့်
စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ
အနှစ်သာရအားဖြင့် ဘာလဲ ဘယ်လိုဆိုတာကိုတော့
သာမန်ပြည်သူလူထုရဲ့ အောက်ဆုံးလွှာအထိ
နားလည်သဘော ပေါက်ပြီးဖြစ်ပါတယ်။
သူတို့ရဲ့စစ်မှန်တဲ့သဘောထားအရ
နှလုံးသားထဲက ‘နိုး’
လို့ ငြင်းပယ်ထားပြီး ဖြစ်ကြပါတယ်။
ပြင်းထန်းရက်စက်လွန်းတဲ့ စစ်အစိုးရရဲ့
ဖိနှိပ်မှုတွေကြောင့် နေသေးသပခြုံထဲက
ဖြစ်နေကြပေမယ့် ချိုသွေးသမှ တမြမြလည်း
ဖြစ်နေကြပြီဆိုတာ သံသယရှိစရာအကြောင်း
မမြင်ပါ ဘူး။
ပါမောက္ခ Yash Ghai ကတော့
“စာတမ်းကဖော်ပြပြောဆိုခဲ့သည့်အတိုင်း
ဖွဲ့စည်းပုံအခြေခံ ဥပဒေ
ပြန်လည်တည်ဆောက်ရေးနှင့်
မူကြမ်းပါဝင်မှုများမှာ ယေဘုယျအားဖြင့်
လက်ခံထားခဲ့ကြ သော လူ့အခွင့်အရေး
အခြေခံမူများအား အလေးထားမှုမရှိခဲ့ပါ။
အခွင့်အရေးများကို ထိန်းသိမ်း
စောင့်ရှောက်မှုအတွက် အချက်အခြာဖြစ်သော
တရားစီရင်ရေးမှာလည်း
လွတ်လပ်မှုမရှိနိုင်သလို
လူ့အခွင့်အရေးများကို ကာကွယ်နိုင်ခြေလည်း
ရှိလိမ့်မည်မဟုတ်ပါ။
လူ့အခွင့်အရေးကော်မရှင် (သို့)
လူထုတိုင်တမ်းမှု
ကြားနာစစ်ဆေးရေးအဖွဲ့ကဲ့သို့ အခြားသော
အဖွဲ့အစည်းများကိုလည်း ဖွဲ့စည်း ပေးခြင်း
(သို့) စဉ်းစားတွေးဆထားခဲ့ခြင်း
မရှိခဲ့ပါ။ အခွင့်အရေးများအား
ကန့်သတ်ဖော်ပြပေးထား သော
စကားလုံးများမှာလည်း ၎င်းတို့၏
လေးစားမှုကင်းမဲ့ခြင်း၏
ဖြစ်နိုင်ချေများဖြစ်ပြီး အမှန်စင်စစ်
အားဖြင့်
ဆိုင်းငံ့ရပ်စဲထားခြင်းသာဖြစ်ပါသည်။
စစ်တပ်သြဇာလွှမ်းမိုးမှုခံရသော
အစိုးရဖွဲ့စည်းတည် ဆောက်ပုံမှာလည်း
လူ့အခွင့်အရေးများအား ရိုသေလေးစားလာရန်
ကူညီထောက်ပံ့ပေးမှု မရှိနိုင်ပါ။
ဤသို့ဖြင့် မြန်မာနိုင်ငံရင်ဆိုင်နေရသော
အခြေခံအကြောင်းချင်းရာများတွင်
ဖွဲ့စည်းပုံအခြေခံဥပဒေ မှာ လူထုအတွက်
အောင်မြင်နိုင်ချေမရှိဆုံး ဖြစ်ပါသည်။
ထိုဖွဲ့စည်းပုံအခြေခံဥပဒေ၏ မှားယွင်း
ဖောက်ပြန်သော အခြေခံဥပဒေများနှင့်
ဖွဲ့စည်းတည်ဆောက်မှုအရ ပိုမို
ဒီမိုကရေစီကျသော တူညီမှုြုဖစ်သော
လူ့အဖွဲ့အစည်းတစ်ခုသို့
ကူးပြောင်းရေးအတွက်
အခက်အခဲပေါင်းများစွာကို ဖွဲ့စည်းပုံ
အခြေခံဥပဒေအတွင်း ရည်ရွယ်ချက်ရှိရှိ
ထည့်သွင်းရေးဆွဲထားပြီး ဖြစ်ပါတယ်”
လို့ သူ့ရဲ့စာတမ်းကို
နိဂုံးချုပ်ထားခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်
ဘယ်ဖွဲ့စည်းပုံ အခြေခံဥပဒေပဲဖြစ်ဖြစ်
လုံးဝ အပြစ်အနာအဆာမရှိ အကောင်းဆုံးဆိုတာ
မရှိပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေတခုဟာ
သူ့ဆိုင်ရာလူ့အဖွဲ့အစည်းရဲ့ ကောင်းကျိုး၊
ဖွံ့ဖြိုးတိုးတက်မှုနဲ့ ငြိမ်းချမ်းမှုကို
တည်ဆောက်နိုင်ဖို့သာ ဖြစ်ပါတယ်။ အဲဒီလို
မလုပ်နိုင် ဘူးဆိုရင် အဲဒီ
ဖွဲ့စည်းပုံအခြေခံဥပဒေဟာ
အောင်မြင်မှုမရှိဘူးလို့ ဆိုရပါမယ်။
ပြင်ဆင်ဖို့လိုရင် ပြင်ဆင်၊
ဖြည့်စွက်ဖို့လိုရင် ဖြည့်စွက်၊
အဆုံးစွန်ဆုံးမှာ အသစ်ပြန်ရေးသင့်ရင်
ရေးရပါလိမ့်မယ်။ အဲဒီလိုလုပ်ခွင့်မရှိဘူး၊
မလုပ်ရဘူးလို့ ဘယ်အစိုးကမှ
ဟန့်တားပိတ်ပင်ခွင့်မရှိပါဘူး။ အဲဒီလို
လုပ် ဆောင်နိုင်တဲ့ အခွင့်အရေးဟာ
ပြည်သူလူထုမှာ အပြည့်ဝရှိပါတယ်။
အစိုးရဆိုတာ ပြည်သူလူထုရဲ့ လက်အောက်ခံ၊
ပြည်သူလူထုရဲ့ အခိုင်းအစေသာဖြစ်ပါတယ်။
ပြည်သူလူထုရဲ့ အရှင်သခင်မဟုတ် ပါဘူး
ဆိုတာကို ကျနော်တို့
ပြည်သူလူထုကြီးတရပ်လုံး
နားလည်ခံယူထားကြဖို့ အရေးကြီးပါတယ်။
ပြည်သူလူထုရဲ့ ဆန္ဒသဘောထားအမှန်ကို
ဖော်ထုတ်ပေးဖို့၊
ရဲရဲဝံ့ဝံ့ဖော်ထုတ်ပြသကြဖို့ လှုံ့ဆော်
တိုက်တွန်း လမ်းပြကူညီ
အားပေးမှုပေးဖို့ကတော့
ဒီမိုကရေစီတည်ဆောက်ရေးအတွက် ပြည်သူ လူထုက
ရွေးချယ်တာဝန်ပေးထားခဲ့တဲ့
နိုင်ငံရေးပါတီတွေ၊ ဒီမိုကရေစီ
ရေးတက်ကြွလှုပ်ရှားသူတွေ
ဒီမိုကရေစီလိုလားသူ တိုးတက်တဲ့ ပညာတတ်တွေ၊
ကျောင်းသားလူငယ်တွေသာဖြစ်ပါတယ်။
ဒီတာဝန်ကို အခြား ဘယ်သူကမှ ဝင်ပြီး
တာဝန်ယူထမ်းဆောင်ပေးလိမ့်မယ် မဟုတ်ပါဘူး။
ကျနော် တို့ မြန်မာနိုင်ငံသား
ဒီမိုကရေစီရေး၊ လူအခွင့်အရေး၊
ငြိမ်းချမ်းရေးကို
ချစ်မြတ်နိုးသူအားလုံးရဲ့
တာဝန်သာဖြစ်ပါကြောင်း။
*****
စိုးနေလင်း |