|
ပြည်တွင်းသို့ပေးစာ
(၁)
သို့
...
ကိုတွတ်ရေ
...
မိုးသံလေသံ
ကြားပြန်တော့ဆိုသလို
နိုင်ငံရေးမိုးလေ၀သအသံတွေ ညံလာပြန်ပြီပေါ့ဗျာ။
ဆန္ဒခံယူပွဲတို့၊
ရွေးကောက်ပွဲတို့
ဆိုတာကလည်း နိုင်ငံရေးမိုးလေ၀သအသံတွေပဲ
မဟုတ်လား။ မိုးကြိုဖားအော်သံတွေ
မကြားရသေးပေမယ့်
ဆန္ဒခံယူပွဲဆိုတာနဲ့
လူတွေလည်း လှုပ်လှုပ်ရွရွ
ခံစား ချက်တွေ
ဖြစ်လာပြီး
ထအော်လာကြပြီလေ။
မအော်ခံနိုင်ရိုးလား။
နအဖကလည်း အလစ်အငိုက်မှာ မရိုးမသား
အကြံအစည်နဲ့
လာမယ့်မေလမှာ ပြည်လုံးကျွတ်
ဆန္ဒခံယူပွဲလုပ်မယ်လို့
ဗြုန်းစားကြီး ထကြေညာလိုက်တာကိုး။
စက်တင်ဘာလူထုအုံကြွမှုအတွင်း
ဒီမိုကရေစီနိုင်ငံရေး
တက်ကြွလှုပ်ရှား
သူတွေကို ယာယီဖြစ်စေ
နှိမ်ထားနိုင်ပြီလို့
သူတို့ထင်ထားတဲ့အချိန်ကို
အခွင့်ကောင်းယူပြီး
ကောက်လုပ်ချလိုက်တာလေဗျာ။
နောက်ပြီး ဒါဟာ
ကုလသမဂ္ဂနဲ့
နိုင်ငံတကာအသိုင်းအ၀ိုင်းကို
စိန်ခေါ်လိုက်တာဖြစ်သလို ပြည်တွင်းက
ပြည်သူလူထုကြီးနဲ့
နိုင်ငံရေးအင်အားစု အားလုံးကို စိန်ခေါ်
လိုက်တာပဲဗျ၊
ဒီလိုအခြေအနေမျိုးမှာ ဒီအကြောင်းကလွဲလို့
တခြားအကြောင်းတွေ
စိတ်ဝင်စားလို့
မရဘူး လို့
ခင်ဗျားခံစားမိတာ သဘာဝကျပါတယ်ဗျာ။
ဒါဟာ ကျွန်တော်တို့တိုင်းပြည်နဲ့
ကျွန်တော်တို့
ပြည်သူတွေအတွက် သေရေးရှင်ရေး ပြဿနာပဲမဟုတ်လား။
ဒါတင်မက နအဖအတွက်လည်း သူ့
‘ရှင်ရေး’
ပြဿနာကြီး
ဖြစ်နေတယ်ဗျ၊ ဒီနေ့လိုကာလမှာ
ဒီပြဿနာကို
ဦးစားပေးပြီး ကျွန်တော်တို့
စဉ်းစားကြံဆကြရမှာပေါ့။
ကျွန်တော်တို့နဲ့
နိုင်ငံရေးအင်အားစုအားလုံးတို့သာမက
ပြည်သူလူထုကြီး
တရပ်လုံးကလည်း ဒီကိစ္စအပေါ်
အာရုံနှစ်ထားကြရမယ်ဗျ။
ပြည်သူတွေ စူးစူးစိုက်စိုက်ရှိကြမယ်လို့
ကျွန်တော်
ယုံပါတယ်။
နိုင်ငံရေးအင်အားစုအားလုံးကလည်း ပြည်သူကို
ဒီကိစ္စအတွက် အဆက်မ
ပြတ် စည်းရုံးလှုံ့ဆော်နေသင့်တယ်ဗျ။
ဒီဆန္ဒခံယူပွဲဆိုတာက
အရင်းစစ်လိုက်ရင် ဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံဥပဒေကိစ္စလေ။
နအဖရဲ့ ဖွဲ့စည်းပုံကို
ပြည်သူလူထု လက်ခံမခံ ဆန္ဒခံယူတဲ့ပွဲလေ။
နအဖ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကလည်း
အနှစ်ချုပ်လိုက်ရင် စစ်အုပ်စု
သားစဉ်မြေးဆက် အာဏာတည်မြဲ
ရေးမဟုတ်လား။
သူတို့ရဲ့
ဖွဲ့စည်းအုပ်ချုပ်ပုံကို
ပြည်သူတွေက ဆန္ဒအရ
ထောက်ခံပါတယ်လို့
အတည်ပြုချက်ရသွားရင် တိုင်းပြည်တော့
ငါးပါးကြီးမှောက်သွားတော့မှာ။
သံဃာစင်ကတော့ နအဖက မှောက်ချထားပြီးသားပဲ။
မီဒီယာတွေမှာ ဆန္ဒခံယူပွဲကို
တုံ့ပြန်ဖို့အရေး
အကြိတ်အနယ်
ဆွေးနွေးပြောဆိုနေကြတာ
တွေ ခင်ဗျားလည်း ကြားသိနေမှာပေါ့။
အင်အားစုတွေရော၊
လူပုဂ္ဂိုလ်တွေရော
ဆန္ဒခံယူပွဲကိစ္စနဲ့
ပတ်သက်လို့ တုံ့ပြန်ချက်တွေကတော့
တယောက်တပေါက်ပဲဗျ။
ဒီကိစ္စမှာ
ကောင်းကွက်ကော ဆိုးကွက်ကော ရှိတယ်လို့
ကျွန်တော်မြင်နေမိတယ်။
ကောင်းတာက နအဖရဲ့
ဆန္ဒခံယူပွဲကို ဆန့်ကျင်
ကန့်ကွက်တဲ့အမြင်မှာ
အားလုံးတူညီပြီး
တက်တက်ကြွကြွ
ရှိနေကြတာပဲ။
ဆိုးတာကတော့ နည်းနာ
ပိုင်းမှာ ကွဲလွဲပြီး
အတွေးအခေါ်အရ ရှုပ်ရှုပ်ထွေးထွေး
ဖြစ်နေကြတာပဲ။
တခုတော့ မျှော်လင့်စရာ
ရှိပါ သေးတယ်။
အခုအချိန်မှာ နည်းနာပိုင်း အမြင်ကွဲလွဲနေကြပေမယ့်
နောက်ဆုံး အဆုံးအဖြတ်ကာလ
ရောက်ရင် တညီတညွတ်တည်းသော
အမြင်၊
တညီတညွတ်တည်းသော နည်းနာနဲ့
နအဖကို အလဲ
ထိုးချလို့
ရသေးတယ်ဆိုတဲ့ မျှော်လင့်ချက်ပါ။
မျှော်လင့်ချက်က
ဒါလောက်သာ မကသေးပါဘူး။
ဒီပွဲ ရှုံးသွားလည်း
နောက်တပွဲပေါ့။
ဘယ်နည်းနဲ့ဖြစ်ဖြစ်
စစ်အာဏာရှင်စနစ်
ဗမာပြည်မှာ သားစဉ်
မြေးဆက် တည်တံ့သွားလို့မဖြစ်ဘူးလေ။
ရေကုန်ရေခန်း အလံမလှဲ တိုက်ပွဲဝင်သွားရင်
တချိန်မှာ ပြည်သူတွေ အောင်ပွဲရရမယ်ဆိုတဲ့
မျှော်လင့်ချက်ကို
စွဲစွဲမြဲမြဲ
ဆုပ်ကိုင်ထားရမယ်ဗျ။
ကျွန်တော်တို့
တတွေက တော်လှန်ရေးသမားတွေမဟုတ်လား။
တော်လှန်ရေးတရပ်မှာ ရန်သူကိုဆန့်ကျင်တဲ့
စိတ်ဓာတ်နဲ့ဆန္ဒတွေ
တူညီနေရုံနဲ့
မရသေး ဘူး။
တူညီတဲ့ သေနင်္ဂဗျူဟာအမြင်နဲ့
နည်းပရိယာယ်တွေ၊
နည်းနာတွေလည်း တူညီနေမှ တော်လှန်
ရေးအင်အားစုတွေမှာ
ကြီးမားတဲ့ ခွန်အားနဲ့
အစွမ်းသတ္တိတွေ
ရလာနိုင်တာဖြစ်တယ်။
ဆန္ဒခံယူပွဲ
ဆိုတဲ့ ဒီကနေ့လို
ပွဲမျိုးမှာ နည်းနာပိုင်းပါ တူညီဖို့
ပိုပြီး အရေးကြီးလာတယ်။
နည်းနာပိုင်းမှာတူညီမှ
တော်လှန်ရေးအင်အားတွေ စုစည်းမိပြီး
အားကြီးလာမှာဖြစ်တယ်။
ဒါမှ ရန်သူကို စူးစူးပေါက်ပေါက်
ထိုးနှက်နိုင်မှာ
ဖြစ်တယ်။ ဒီနေ့ပွဲဟာ
ကိုယ့်အင်အားစု အသာရအောင်
တိုက်တဲ့ပွဲမဟုတ်ဘူး။
တိုင်းပြည်အတွက်
တိုက်ရတဲ့ပွဲ။
အမျိုးသားအကျိုးအတွက် တိုက်ရတဲ့ပွဲ။
နောင်မျိုးဆက်အကျိုးကို မျှော်ရည်ပြီး
တိုက်ရတဲ့ပွဲ။
အားလုံးက စဉ်းစားချိန်ဆပြီး
တိုင်းပြည်အတွက် အကောင်းဆုံးနည်းနာကို ဆန္ဒစွဲကင်းကင်းနဲ့
ရွေးချယ်ကြဖို့လိုတယ်။
ဒါကြောင့်
စဉ်းစားဖို့အချက်အလက်ကလေးတွေ
ကျွန်တော်
ရွေးထုတ်ပြီး
တင်ပြချင်ပါတယ်။
နအဖရဲ့
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို
လုံးဝကန့်ကွက်တယ်၊
နအဖရဲ့ ဆန္ဒခံယူပွဲကို
လုံးဝဆန့်ကျင်တယ်ဆိုတဲ့
အမြင်ဟာလည်း အခြေခံအရတော့
မမှားဘူဗျ။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ
ဥပဒေကို အရွေးချယ်ခံ
ပြည်သူ့ကိုယ်စားလှယ်တွေက
ရေးဆွဲရမှာမဟုတ်လား။
အခုတော့ ပြည်သူ့
ကိုယ်စားလှယ် ၁ ရာခိုင်နှုန်းသာပါတဲ့
နအဖရဲ့
အမျိုးသားညီလာခံက ရေးဆွဲတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ
ဥပဒေကို ဘယ်မှာ လက်ခံလို့ဖြစ်မလဲ။
နောက်ပြီး
စစ်အုပ်စု သားစဉ်မြေးဆက်တည်တံ့ဖို့
ကလိမ်စေ့ ငြမ်းဆင်ပြီး
ရေးထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံကြီးပဲ။
နောက်ပြီး
ဒေါ်အောင်ဆန်းစုကြည်နဲ့
နအဖ စကား
ပြောနေဆဲမှာ အမျိုးသားရင်ကြားစေ့ရေး၊
တွေ့ဆုံဆွေးနွေးရေးလမ်းကို
လျှောက်မလိုလို
ဟန်ပြရင်း က
စကားပြောပွဲကို အသာဘေးချိတ်ထားလိုက်ပြီး
သူ့အာဏာ
ဆက်လက်စိုးမိုးရေးလမ်းအတိုင်း
ထင်ရာစိုင်းလိုက်တဲ့ လမ်းကို
ခင်းပြလိုက်တာမဟုတ်လား။
လုံးဝ မတရားတဲ့
လုပ်ရပ်ပါ။ ဒါကို
ဆန့်ကျင်ကန့်ကွက်တဲ့
သဘောထားဟာ မှန်တာပေါ့။
ကျွန်တော်တို့လည်း
ထောက်ခံ သဘောတူပါ
တယ်။ ဒါပေမဲ့
...
ဆက်ပြီးစဉ်းစားစရာက
ရှိနေသေးတယ်။
ဒီလို ဖွဲ့စည်းအုပ်ချုပ်ပုံကို
ကန့်ကွက်တယ်၊
ဆန္ဒခံ
ယူပွဲကို ကန့်ကွက်တယ်ဆိုပြီး
အင်အားစုအားလုံးကပါ ပါဝင်ကန့်ကွက်ဆန့်ကျင်လိုက်ဦးတောင်မှ
နအဖက ဆန္ဒခံယူပွဲကို
ဖျက်သိမ်းပစ်မှာလား။
သူ့ခြေလှမ်းတွေ
ရပ်ပစ်မှာလား။ ကျွန်တော်တော့
မထင်ဘူး။ ဒါသာမက
သူ့ဘက်က ပြန်ပြီး
လက်ညှိုးထိုး
စွပ်စွဲတာတွေတောင် လုပ်လာလိမ့်ဦးမယ်။
ဆန္ဒခံယူပွဲမှာ သူ့ဖွဲ့စည်းအုပ်ချုပ်ပုံကို
ဆန့်ကျင်မဲပေးသူတွေ
မလာလေ ... သူက အကြိုက်တွေ့လေ။
ဗကပ ပြောနေတဲ့ ရန်သူအကြိုက်တွေ့သွားလိမ့်မယ်ဆိုတာ
ဒါပဲ။ သူ
အပိုင်ကိုင်ထားပြီးသားလို့
တွက် ထားတဲ့ သူ့အင်အား
(ကြံ့ဖွံ့၊
ဝန်ထမ်း) တွေရဲ့
ထောက်ခံမဲကို ယူပြီး
ဖွဲ့စည်းအုပ်ချုပ်ပုံကို
ပြည်သူတွေ က
ထောက်ခံအတည်ပြုလိုက်ပြီလို့
လုပ်သွားမှာပဲ။
တဖက်သင်းက ၀င်မကန်လည်း သူက
လွတ်လွတ်ကျွတ်ကျွတ်
ဂိုးသွင်းပြီး
အနိုင်ပွဲပြလိုက်မှာပဲ။
ဒါကြောင့် နအဖရဲ့
ဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံဥပဒေကို ဆန့်ကျင်ကန့်ကွက်တာ
မှန်ပေမယ့် ကန့်ကွက်တယ်
ပြောနေရုံနဲ့တော့
မရဘူး။ သူ့ဥပဒေနဲ့
သူ့အစီအစဉ်ထဲဝင်ပြီး
အတွင်းကနေတိုက်တာပါ လုပ်ဖို့လိုတယ်လို့
မြင်တယ်။
တခုတော့ ရှိတယ်။
ပြည်သူ့အုံကြွမှုအင်အားနဲ့
ဒီဆန္ဒခံယူပွဲကို
တွန်းလှန်ဖြိုလှဲချနိုင်ရင်
တော့ ရမယ်။
ဒါပေမဲ့ ပြဿနာက
အချိန်။ အချိန်က
သိပ်နီးကပ်နေပြီ။
မေလမှာ ဆန္ဒခံယူပွဲလုပ်မှာ
ဆိုတော့ ဘယ်လောက်မှ
မလိုတော့ဘူး။
ဒီအတွင်း လူထုအုံကြွမှုတရပ်
ကြီးကြီးမားမား
ဖော်ဆောင်
နိုင်တဲ့ အတ္တဘာဝအင်အား
ပြည့်စုံနေပြီလား။
လူထုအုံကြွမှုဟာ
အင်အားမကြီးမားရင်တော့
မရဘူး။ သူက
အလွယ်တကူ နှိမ်နင်းဖြိုခွဲသွားမှာပဲ။
နောက်ပြီး
စက်တင်ဘာ ရဟန်းရှင်လူ
အုံကြွမှု
အရေးအခင်းကို သူက နှိမ်ထားပြီးစအချိန်။
ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ
ခေါင်းဆောင်တချို့
ကို ထောင်ထဲထည့်ထားတဲ့အချိန်။
ပြည်သူထဲမှာရော အင်အားစုတွေမှာပါ တဗိုလ်ကျ
တဗိုလ်တက် ဆက်လက်ခေါင်းဆောင်မယ့်သူတွေ
ရှိမှာ ယုံပါတယ်။
ဒါပေမဲ့ အားထားရတဲ့ အင်အားတချို့
လျော့ သွားတာလည်း
အသိအမှတ်ပြုရမယ်။
ပြည်သူတွေနဲ့
တော်လှန်ရေးအင်အားစုတွေ ဆက်လက်
တိုက်ပွဲဝင်သွားကြမယ်ဆိုတာကို
လုံးဝ ယုံကြည်ပါတယ်။
ဒါပေမဲ့ အချိန်တိုအတွင်း လူထုအုံကြွမှု
ဖော်ဖို့ဆိုရင်တော့
အကန့်အသတ်၊
အတားအဆီး၊
အခက်အခဲတွေ တင်းကြမ်း
ဖြစ်နေလိမ့်မယ်။
နောက်ပြီး လူထုအုံကြွမှုတရပ်ဆိုတာ
ဆန္ဒအရ
ဖန်တီးဖော်ထုတ်လို့လည်း
ရတာမျိုးမဟုတ်။
တော်လှန်ရေးရဲ့
ပကတိဘာဝ၊ အတ္တဘာဝ
ရင့်မှည့်တဲ့အချိန်ကျမှ ပေါ်ပေါက်လာတာ။
ဝန်ထမ်းတွေ အပါ
တပြည်လုံး ပြည်သူတရပ်လုံးရဲ့
အုံကြွမှုကြီးပေါ်ပေါက်ဖို့
အတ္တဘာဝ ပြည့်စုံပြီလို့
ဆုံးဖြတ်နိုင်တဲ့ အချိန်ကာလ
မဟုတ်သေးဘူးလို့ ကျွန်တော်ထင်တယ်။
ဝန်ထမ်းတွေဆိုလို့
ဆန္ဒခံယူပွဲမှာ ကန့်ကွက်ဆန္ဒမဲပေးဖို့
ကိစ္စမှာတော့
ဝန်ထမ်းတွေပါ ပါဝင်လာနိုင်စရာ
ရှိတယ်လို့ ကျွန်တော်မြင်တယ်။
ဝန်ထမ်းတွေဆိုတာက ပြည်သူအ၀န်းအ၀ိုင်းထဲ
ကပဲ။
ပြည်သူတွေ နေ့စဉ်
ခံစားနေရတဲ့ ဒုက္ခတွေထဲက
တချို့ကို သူတို့လည်း
ခံစားနေရပြီး
ဆင်းရဲတဲ့ ပြည်သူ့အလွှာတွေနဲ့
ဆက်စပ်နေသူတွေလည်း ဖြစ်တယ်။
သူတို့ဟာ
စစ်အစိုးရ အနီးကပ် ဓားမိုး
ထားမှုအောက်မှာ
အတုပ်အနှောင် အချုပ်အချယ်ခံထားရလို့
လွတ်လွတ်လပ်လပ် မလှုပ်ရှားသာပေ
မယ့် ကန့်ကွက်ဆန္ဒမဲပေးရေးကိစ္စမှာတော့
သူတို့လုပ်လာစရာရှိတယ်လို့
မြင်တယ်။
ဝန်ထမ်းအားလုံး စစ်အစိုးရဘက်တော်သားတွေ
မဟုတ်ဘူး။ ၉၀
ခုနှစ် ရွေးကောက်ပွဲမှာတုန်းက စစ်သားတွေက
တောင် ဒီချုပ်ကို
မဲပုံအောပေးခဲ့တာ ရှိသေးတာပဲ။
ဝန်ထမ်းတွေကို ကန့်ကွက်မဲပေးလာအောင်
စည်းရုံးရင်
ရနိုင်စရာရှိတယ်။
ဝန်ထမ်းသာမက ကြံ့ဖွံ့ထဲက
တချို့တောင် ကန့်ကွက်မဲပေးချင်
ပေးလာ နိုင်သေးတယ်။
စည်းရုံးရင်
ရနိုင်စရာရှိတယ်။
ဆန္ဒခံယူပွဲမှာ ကန့်ကွက်ဆန့်ကျင်မဲပေးဖို့ဆိုတဲ့
နည်းနာမှာ ဒီအချက်ဟာ အားသာမှုဖြစ်တယ်။
ဒါက ကြုံကြိုက်လို့
ကြားဖြတ်ပြောတာပါ။
ပြောချင်တာက တိုက်ပွဲနည်းနာပါ။
ငါသာအမှန်လို့
ပြောတာမဟုတ်ပါ၊ ကျွန်တော့်အနေနဲ့
ကတော့ နအဖရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို
လုံးဝဆန့်ကျင်တယ်။
ကန့်ကွက်တယ်။
ကန့်ကွက်တဲ့နည်းမှာ
ဆန့်ကျင်ကန့်ကွက်မဲပေးတဲ့
နည်းကို ကြိုက်တယ်။
အရင်းနည်းပြီး
အမြတ်များ တယ်
ထင်လို့။
ဖြစ်နိုင်စရာအများဆုံး
နည်းနာဖြစ်တယ်ထင်လို့။
ဝန်ထမ်းအပါ ပြည်သူအလွှာပေါင်းစုံ
ပူးပေါင်းပါဝင်နိုင်တဲ့ နည်းနာမို့
အားအရှိဆုံး ဖြစ်လာမယ်ထင်လို့။
ဆန့်ကျင်ကန့်ကွက်မဲတွေက
အနိုင် ရသွားရင်
နအဖရဲ့ အရှိုက်ကို
ကောင်းကောင်းထိသွားမယ် ထင်လို့။
ဒီပွဲအနိုင်ရသွားရင် နိုင်ငံတကာ
က နအဖကို ပိုမိုဖိအားပေးပြီး
တော်လှန်ရေးကို ပိုမိုထောက်ခံမယ်ထင်လို့။
ဒီနည်းနာမှာလည်း အခက်အခဲရှိပါတယ်။
နအဖက သူ့ရဲ့
ဆန္ဒခံယူပွဲအစီအစဉ်ကို
ပြည့်စုံ
ရှင်းလင်းအောင် မကြေညာသေးတဲ့
အချက်ပဲ။
နိုင်ငံရေး
‘၀ါရင့်’ပုဂ္ဂိုလ်များက
ဆန္ဒခံယူပွဲဟာ
ဘယ်လိုဖြစ်သင့်တယ်ဆိုပြီး
အကြံပေးတင်ပြနေတဲ့
အချက်ဟာ ဒါကို ကျော်နင်းနိုင်တဲ့ နည်းပဲ။
နအဖဟာ မလွဲမသွေ ဆန္ဒခံယူပွဲစနစ်စည်းကမ်းတွေကို
ပြည့်စုံအောင် တင်ပြရမယ်။
တရားမျှတတဲ့ ဆန္ဒခံယူပွဲဖြစ်အောင်
နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့
ကြီးကြပ်မှုအောက်မှာ
လုပ်ရမယ်ဆိုတဲ့ အချက် ဟာလည်း လုံးဝ
လိုအပ်တယ်။ သူ့ရဲ့
ဆန္ဒခံယူပွဲဟာ
တရားမျှတမှုရှိပါတယ်ဆိုတာ
နအဖက နိုင်ငံ
တကာကို ပြသချင်ရင် ဒီလိုအစီအစဉ်မျိုး
တခုခု မုချလုပ်ပေးရလိမ့်မယ်။
ဒါတွေလုပ်မပေးရင် သူ့
ဆန္ဒခံယူပွဲဟာ ဘာမှ
အဓိပာယ်မရှိဘဲ သူ့ဘာသာ
လေပူဖောင်းတလုံး မိုးပေါ်လွှတ်တင်လိုက်တာပဲ
ဖြစ်နေလိမ့်မယ်။
၉၀ ခုနှစ်တုန်းက ရွေးကောက်ပွဲကို
သပိတ်မှောက်တာမလုပ်ဘဲ ပါဝင်မဲပေးပြီး
ဒီချုပ်ကို မဲပုံအောပေးတဲ့နည်းဟာ
မှန်ခဲ့တယ်။
အခုဟာက ၉၀ ခုနှစ်က အခြေအနေနဲ့
မတူတော့ဘူး။ ဒါကြောင့်
ပါဝင်မဲပေးလို့
မဖြစ်ဘူး။ ဆန္ဒခံယူပွဲကို
သပိတ်မှောက်ရမယ်လို့
ပြောလာတာလည်း ရှိတယ်။
အခြေအနေချင်း တခုနဲ့တခု
ထပ်တူမဖြစ်တာ ကျွန်တော်တို့လည်း
ထည့်တွက်ပါတယ်။
အလေးထားပါတယ်။
ဒါပေမဲ့ အခြေအနေမတူတိုင်းလည်း
အရင်ကျင့်သုံးခဲ့တဲ့ နည်းနာကို ထပ်မံ
ကျင့်သုံးမရတာ မဟုတ်ပါဘူး။
ဖဆပလခေတ် သန့်ရှင်းနဲ့
တည်မြဲ အပြိုင်ကြဲ
အရွေးခံခဲ့စဉ်က ဗကပက သန့်ရှင်းဘက်
မဲပုံအောဖို့
ပြည်သူကို အချက်ပြခဲ့တယ်။
မဲကွဲသွားမှာစိုးလို့
ပမညတ ကို မဲပေးဖို့တောင်
မညွှန်ပြခဲ့ဘူး။
တချို့နယ်တွေမှာဆိုရင်
တောထဲက ဗကပတွေဟာ တောထဲကနေ သင်္ကန်းကို
အလံလိုထောင်ပြီး
အ၀ါရောင်သန့်ရှင်းမဲပုံးထဲ
မဲထည့်ကြဖို့
ပြည်သူကို အချက်ပြတဲ့အထိ လုပ်ခဲ့တယ်။
၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းကလည်း
တခြားအင်အားစုတွေက ရွေးကောက်ပွဲကို
သပိတ်မှောက်ဖို့
ပြောနေတဲ့အချိန် ဗကပက ရွေးကောက်ပွဲဝင်ပြီး
ဒီချုပ်ကို မဲပုံအောဖို့
တင်ပြ လှုံ့ဆော်ခဲ့တယ်။
ဖဆပလခေတ်နဲ့
န၀တခေတ် အခြေအနေချင်း မတူတော့ပါဘူး။
ဒါပေမဲ့ ရွေးကောက်ပွဲမှာ ပါဝင်ပြီး
မဲပြားနဲ့ ပြည်သူ့ဆန္ဒဖော်ထုတ်တဲ့နည်း
အသုံးပြုလို့ရတာချည်းပဲ
မဟုတ် လား။
နောက်ပြီး
ဒီနည်းနာဟာ အောင်ပွဲခံနိုင်ခဲ့တာချည်း
မဟုတ်ပါလား။
ဆန့်ကျင်ဆန္ဒမဲပေးတယ်ဆိုတာ
နအဖရဲ့ ဆန္ဒခံယူပွဲကို
ထောက်ခံနေတာမဟုတ်ဘူး။
သူ လုပ်ထားတဲ့
ဘောင်ထဲကနေ နအဖရဲ့
ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို
ပြည်သူတရပ်လုံးက ကန့်ကွက်
တယ်ဆိုတဲ့ ဆန္ဒသဘောထားကို
ဖော်ထုတ်ပြသတဲ့ ပြည်သူ့ဆန္ဒပြပွဲကြီး
လုပ်လိုက်တာဖြစ်တယ်။
တချို့က ဆန္ဒခံယူပွဲကို
သပိတ်မှောက်တယ်ဆိုတာနဲ့
ဆန့်ကျင်မဲပေးတာကို
အသုံးအနှုန်းပေါ်မှာ
ကြည့်ပြီး
သိပ်မကွာပါဘူးလို့
ထင်နေကြတယ်။
အဲသလိုမဟုတ်ဘူး။ ကျွန်တော်တို့က
သပိတ်
မမှောက်သင့်ဘူးလို့
ပြောတယ်ဆိုတာက နအဖရဲ့
ဆန္ဒခံယူပွဲမှာ
မပါဝင်၊ ကန့်ကွက်မဲနဲ့
ဆန္ဒဖော်
ထုတ်တာမျိုး မလုပ်ရင်
နအဖရဲ့အကြိုက်
ဖြစ်သွားလိမ့်မယ်လို့
ပြောနေတာ။ ကန့်ကွက်မဲ
သွားမပေး
ဘဲနေတာနဲ့
ကန့်ကွက်မဲကို
ပုံအောတာ ရလဒ်မှာ အများကြီး
ကွာသွားလိမ့်မယ်။
ဆန္ဒခံယူပွဲမှာ
နအဖက
နည်းမျိုးစုံသုံးပြီး
ညစ်ပတ်ဦးမယ်လို့
တချို့က ထောက်ပြကြတယ်။
ဒါကတော့ အမှန်ပါပဲ။
ဖောက်ပြန်တဲ့ အစိုးရအဆက်ဆက်ဟာ
ရွေးကောက်ပွဲတို့၊
ဆန္ဒခံယူပွဲတို့မှာ
ဒီလို ညစ်ပတ်တဲ့နည်းနာ၊
ဖိနှိပ်တဲ့နည်းနာတွေ အမျိုးမျိုးအဖုံဖုံ
အသုံးပြုလာခဲ့ကြတာပဲမဟုတ်လား။
၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက သူတို့ဘက်က
အနိုင်ရမယ်လို့
အပိုင်တွက်ထားလို့သာ
ညစ်ပတ်မှု တွေ
အလွန်အကျွံ
မလုပ်ခဲ့ကြတာ။
ဒါတောင် ညစ်ပတ်မှုတွေ
ရှိခဲ့တာပဲမဟုတ်လား။
သူတို့က ဖိနှိပ်
ရေးနည်းနာ၊
ညစ်ပတ်ရေးနည်းနာဘက်မှာ အံတိုနေသလို
ပြည်သူတွေကလည်း ညစ်ပတ်မှုကို
ဆန့်ကျင်တိုက်ပွဲဝင်တဲ့
အတွေ့အကြုံ
မနည်းလှပါဘူး။
မဲဆွယ်ပွဲနဲ့
ရွေးကောက်ပွဲတွေမှာ ရိုက်ပြ၊
နှက်ပြ၊
သတ်ပြတဲ့ ဖဆပလခေတ်ကတောင် ပြည်သူတွေဟာ
မိမိရည်မှန်းချက်
အောင်မြင်အောင် မဲဆန္ဒပေးနိုင်ခဲ့ကြတယ်
မဟုတ်လား။
ပြည်သူများဘက်က သတိရှိရှိနဲ့
ရင်ဆိုင်တိုက်ပွဲဝင်သွားဖို့
လိုသလို
ရင်ဆိုင်အန်တုနိုင်မယ့်
တိုက်ပွဲနည်းနာသစ်များ ဖန်တီးဖော်ထုတ်ဖို့လည်း
မုချ လိုမှာပါ၊
ဗမာပြည် ပြည်သူတရပ်လုံးအတွက် ဆန္ဒခံယူပွဲကို
ရင်ဆိုင်ရာမှာ မှန်ကန်ထိရောက်တဲ့
နည်းနာ
အပူတပြင်းလိုအပ်နေလို့
စဉ်းစားစရာအချက်လေးတွေ ပြောပြနေတာပါ။
တော်လှန်ရေး
အင်အားစုအားလုံးဟာ တိုင်းပြည်အကျိုး၊
ပြည်သူ့အကျိုး
ဦးတည်နေကြတာဖြစ်လို့
စစ်အစိုးရရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံကို
ဆန့်ကျင်ရာမှာ
အသင့်လျော်ဆုံးနည်းနာပေါ်မှာ အားလုံး
တညီတညွတ်တည်း ရှိလာကြလိမ့်မယ်လို့
မျှော်လင့်မိပါတယ်။
ဒါပေမဲ့ အချိန်စောပြီး
တညီတညွတ်တည်း ရှိကြဖို့တော့
လိုအပ်ပါတယ်။
အားလုံးညီလာတဲ့ တိုက်ပွဲနည်းနာကို ပြည်သူ့လက်ထဲ
လွှဲအပ်ရာမှာ
အချိန်ယူရဦးမှာ
မို့ပါ။
အချိန်ကလည်း သိပ်မရှိတော့ဘူးမဟုတ်လား။
စနစ်ကျမှန်ကန်တဲ့ ဆန္ဒခံယူပွဲဖြစ်ဖို့
အချိန်တိုး ပေးရေး
တောင်းဆိုချက်ကလည်း မုချ
လုပ်ဆောင်သွားရမှာပါ။
အမျိုးသားညီလာခံကို ရေရှည်
အချိန်ဆွဲလုပ်လာခဲ့တဲ့ နအဖက ဆန္ဒခံယူပွဲကျမှ
ဖုတ်ပူမီးတိုက်လုပ်လာတာဟာ ရိုးသားမှုမရှိ
ကြောင်း
ထင်ရှားနေပါတယ်။
ဒီအချက်အပေါ်မှာလည်း ဆန့်ကျင်ကန့်ကွက်သွားကြရမှာပါ။
ကျွန်တော်တို့ဟာ
မှန်ကန်သင့်လျော်တဲ့ တိုက်ပွဲနည်းနာမှာ
အားလုံး
စုစည်းမိအောင် တဖက်က ကြိုးပမ်းရင်း
အခြားတဖက်က အခြေအနေကို မျက်ခြည်မပြတ်
စောင့်ကြည့်နေရပါမယ်။
ဒီကာလတိုအတွင်း စဉ်းစားစရာ
အချက်အလက်သစ်တွေ အများကြီး
ပေါ်လာဦးမှာပါ။
တခါတရံ အခြေအနေအပြောင်းအလဲနဲ့အတူ
& |