|
အလျှော့ပေးရေးဝါဒကို ပြတ်ပြတ်သားသား
ဆန့်ကျင်ရမည်
၈၈
မျိုးဆက်နှင့်
အခြားဒီမိုကရေစီတိုက်ပွဲဝင်သူတွေအပေါ်
နအဖက
သမိုင်းမှာမရှိတဲ့
ပြစ်ဒဏ်မျိုးတွေ
ချမှတ်နေပြီ။
နအဖ၏
ဤလုပ်ရပ်ကို ပြည်တွင်းပြည်ပမှ
နယ်ပယ်အသီးသီးတို့က ခါးခါးတူးတူး
တုန့်ပြန်
ခဲ့ကြသည်။ အစိုးရများ၊
နိုင်ငံ့ခေါင်းဆောင်များ၊ အဖွဲ့အစည်းများ၊
နာမည်ကျော်ပုဂ္ဂိုလ်များ၊ စုံလှပါ
သည်။ ခုတလော နအဖကို ခါတော်မှီ
အခွင့်ကောင်းယူပြီး ဘုန်းတော်ဘွဲ့တွေ
ရေးသားနေကြသော သဘောတရားပညာရှင်ကြီးများနှင့်
စိတ်တော်သိ
ဗောင်းတော်ငြိတ် စာရေးသူများပင် ဤကိစ္စတွင်
နှုတ်ဆိတ်နေကြသည်။ ဘယ်သူမှ
ဤလုပ်ရပ်အတွက်
လျှောက်လဲချက်မပေးနိုင်တော့။
တိုင်းပြည်ကို
တရားမရှိ၊
ဓားမရှိ
အုပ်စိုးနေသော စစ်ဗိုလ်ချုပ်များသည် ၆၅
နှစ်ဆိုသော
ပြစ်ဒဏ်များဖြင့် တရာဥပဒေကို
ပြက်ရယ်ပြုလိုက်ကြသည်။
သို့သော် အပြစ်ဒဏ်ချမှတ်ခံရသည့်
ပုဂ္ဂိုလ်များ၏
မိခင်ဖခင်တို့၏ ပြောကြားချက်များကို
နားထောင်လိုက်လျှင်မူ သူတို့က နအဖ၏
ဤပြစ်
ဒဏ်များကို မထီမဲ့မြင်
ပြက်ရယ်ပြုသည့်လေသံများ
လွှမ်းလျက်ရှိသည်ကို
တွေ့ရသည်။ ဂုဏ်ယူ
ဖွယ်ကောင်းသည့်
နိုင်ငံမှ ဂုဏ်ယူဖွယ်ကောင်းသည့်
မိခင်ဖခင်များပါပေ။
သူတို့အားလုံး၏နှုတ်မှ
တခွန်းတည်းသောစကားကိုသာ
ကြားရသည်။ အခြားမဟုတ်၊ နည်းနည်းမှမကြောက်ရွံ့၊
နည်းနည်းမှ တွေဝေမသွားပါကြောင်း။
ယနေ့ကာလတွင်
အချို့လူများ
ပြောနေသလို နအဖကို
ဒီလိုချော့လို့မရရင်
ဟိုလိုချော့ကြည့်ပါလားဆိုတဲ့ စကားများ
သူတို့ပါးစပ်က
တခွန်းမထွက်။ သူတို့ပြောနေသည်မှာ
ဒီလိုတိုက်လို့မရရင်
တခြားနည်းလမ်းတိုက်ကြပါဆိုတာသာ ဖြစ်ပါသည်။
“ပညာရှင်”ဆိုသူများက
နအဖကို စကားပြောဝိုင်းကိုဖိတ်ဖို့ကလွဲပြီး
တခြားနည်းလမ်း
မရှိကြောင်း၊
နအဖ
စားပွဲဝိုင်းသို့
လျှောက်လာစေရေးအတွက် ကော်ဇောတမျိုးလဲပြီး
ခင်းပေးပါဟု
ပြောနေကြချိန်တွင် ဤအာဇာနည်မိခင်များက
နအဖစစ်အဏာရှင်များအပေါ်တွင်
မဖြစ်နိုင်သည့် မျှော်လင့်ချက်များမထားရန်
ပြောနေကြသည်။ ခံထားရသူများမို့ထင့်၊
သူတို့များက
လက်တွေကျလှ
သည်။ သူတို့၏သားသမီးမြေးမြစ်များက
လူထုဖိအားနှင့်မှ
လွတ်တော့မည်ဖြစ်ကြောင်း သဘော
ပေါက်ကြသည်။
စစ်အာဏာရှင်များ
ဘာကြောင့်
ဤမျှ
ရုပ်ပျက်ဆင်းပျက်လုပ်နေသည်ဆိုခြင်းကို
ဘယ်သူ
မဆို
စဉ်းစားကြမိကြပေမည်။ အားလုံး
တူညီမည့်အချက်တခုကတော့ နအဖသည်
ယခုကဲ့သို့ သူတို့
၏
ဖွဲ့စည်းပုံအခြေခံဥပဒေကို
အတည်ပြု၊
ရွေးကောက်ပွဲအတွက်
ပြင်ဆင်နေသည့်ကာလမျိုးတွင် မည်သို့သော
ဆန့်ကျင်သည့်လုပ်ရပ်ကိုမျှ
သည်းညည်းမခံဘူးဆိုခြင်းကို အတိအလင်း
ကျေညာနေ
ခြင်းဖြစ်ပါသည်။ နောက်အကြောင်းရင်းတခုမှာ
အခု
ပြစ်ဒဏ်ကြီးတွေကျခံရသူတွေဟာ တရားရုံးမှာ
ဆန္ဒပြကြလို့၊ တနည်းအားဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး
တိုက်ပွဲစစ်မြေပြင်ကို တိုးချဲ့ခဲ့ခြင်း
ကြောင့်
ဖြစ်ပါသည်။ တမင်
လူတွေတုန်လှုပ်အောင်၊
လူတွေခြောက်ခြားကုန်အောင် အပြစ်ဒဏ်
အကြီးကြီးတွေ
ပေးနေခြင်းဖြစ်သည်ဆိုတာကိုလည်း လူတိုင်း
ခန့်မှန်းနိုင်ပါသည်။
စစ်အာဏာရှင်များအနေဖြင့်
မတတ်သာသောကြောင့်
ဦးဝင်းတင်နှင့်
အခြားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ
ခေါင်းဆောင်များကို ထောင်မှ
လွှတ်ပေးလိုက်ရသည်။ ဤတွင်
ကျန်ဒီမိုကရေစီအင်အားစုများက
နအဖပျော့သွားပြီ၊ အားမရှိတော့ဘူးဟု
သူတို့ အထင်မခံနိုင်။
ထို့ကြောင့်
ကျောင်းမှန်းကန်မှန်းသိအောင်ဆိုတာတွေ
ရက်ရက်စက်စက်
ဖိလုပ်နေသည်။ ဤသည်
နှင့် တဆက်တည်း
ဤနှစ်ကြီးသမားနိုင်ငံရေးသမားများကို
ဝေးလံခေါင်သီသော
ထောင်များသို့ ပြောင်းရွှေ့ပစ်ခြင်းဖြင့်
သူတို့သည်
ပေါ်လစီလုံးဝမပြောင်းပါကြောင်း၊
ယခင်မူလလက်ဟောင်း
စစ်အစိုးရသာဖြစ်ပါကြောင်း တကမ္ဘာလုံးကို
ကျေညာပြခဲ့သည်။
ဤသို့သောအချိန်တွင်
ပြည်သူများဖက်ကလည်း အာဏာရှင်ဗိုလ်ချုပ်တွေကို
ကျောင်းမှန်း
ကန်မှန်းသိအောင်
လုပ်ဖို့လိုသည်။ အီးမေးလ်တစောင်ကို ထောင်
၁၅
နှစ်နှုန်း
သတ်မှတ်ထားသည့် စည်းကမ်းရှိသည့်
ဒီမိုကရေစီထဲမှာ စည်းကမ်းရှိစွာ
နေကြဖို့အတွက် အတိုက်အခံများကို ပညာပေး၊
ဆုံးမနေဖို့မဟုတ်သလို အချင်းချင်း
ပြောင်မြောက်စွာ တိုက်ပြနေဖို့မဟုတ်ဟု
ထင်သည်။ ထို့အတူ အမေရိကန်သမတရွေးကောက်ပွဲ
ဘယ်သူနိုင်ရင် ဗမာပြည်ဘာဖြစ်မယ်ဆိုတာမျိုး
ဗေဒင်ဟောနေရ
မည့် အချိန်လည်းမဟုတ်ဟု ထင်ပါသည်။
စစ်အစိုးရက လမ်းမကြီးတွေပေါ်မှာ
လက်နက်မျိုးစုံနှင့်
ပစ်ခတ်သတ်ဖြတ်နေချိန်တွင်
အသတ်ခံနေရသူများဖက်က
လက်နက်နဲ့မတုန့်ပြန်ဖို့ (အကြမ်းမဖက်ဖို့)
ဆုံးမပြီး လက်နက်ကိုင်သူ
များ ဆိုင်ရှင်လုပ်ခံရသည်။
ယခုလည်း
နအဖကို
စားပွဲပေါ်တွင်
တွေ့ဆုံသည့် နည်းမှတပါး
အခြား
မရှိဟု
ဆုံးမတာတွေ
ခံနေရသည်။
ဥပဒေလောကတွင်
“လူသတ်မှုဖြစ်ပွားနေတဲ့
အခိုက်မှာ အနားရှိလျက်နဲ့
မျက်တောင်ခတ်
လိုက်သူဟာ ကြံရာပါပဲ”
ဆိုသော ပြောစကားတခွန်းရှိသည်။
တင်စားသော
စကားပါ။ သို့သော်
ယနေ့မြန်မာနိုင်ငံတွင်မူ
အချို့သောသူများသည်
တတိုင်းပြည်လုံးအပေါ်
မတရားလုပ်နေချိန်မှာ လူတွေရဲ့မျက်စေ့ကို
လိုက်ပိတ်နေကြသည်။ အချို့ကဆိုလျှင်
စစ်အာဏာရှင်တွေကို
ဆန့်ကျင်နေ
သည်များကို
ရပ်ဆိုင်းပြီး
ထားရာနေ၊ စေရာသွားအနေအထားကို လက်ခံဖို့ပင်
တိုက်တွန်းနေကြ
သည်။ သူတို့လုပ်နေသည်များမှာ
ကြံရာပါထက်ပင်
ဆိုးပါသည်။
၂ဝ၁ဝ
ရွေးကောက်ပွဲနှင့်ပတ်သက်လျှင်လည်း
ဆောင်ပုဒ်မှာ လာမည့်ဘေး
ပြေးတွေ့လိုက်
မဟုတ်ဘဲ
လာမည့်ဘေး
အလျှော့ပေးလိုက်
ဖြစ်နေပါသည်။
စစ်အုပ်စုကို
အလျှော့ပေးလို့မဖြစ်ပါ။ ၁၉၅၈
ခုနှစ်တုန်းက ဗိုလ်နေဝင်းကခိုင်းလို့
ဗိုလ်မောင်
မောင်နဲ့
ဗိုလ်အောင်ကြီးတို့ ဦးနုဆီကိုသွားပြီး
အာဏာကို အနိုင်ကျင့်တောင်းရာမှာ ဦးနုက
အလျှော့
ပေးလိုက်ရာမှစပြီး
ဗမာပြည်ကစစ်ဗိုလ်တွေ အာဏာအရသာတွေ့၊ အာဏာရူးတွေ
ဖြစ်ကုန်ကြသည့်
အဖြစ်ကို မမေ့သင့်ပါဘူး။
နအဖကိုရင်ဆိုင်ရာမှာ တိုက်ပွဲခွင်အသစ်တွေ၊
နည်းနာအသစ်တွေ
ရှာကြံ
ကြ၊ ဖန်တီးကြရပါမည်။
ပြင်ဆင်မှုမရှိဘဲ
တိုက်ခြင်းကို အတတ်နိုင်ဆုံး
ရှောင်ရှားသင့်ပါသည်။
မြေပေါ်တိုက်ပွဲများသည်လည်း
စစ်ရေးတိုက်ပွဲလိုပဲ ပြင်ဆင်မှုကောင်းဖို့လိုပါသည်၊
လူထုကို အခြေခံ
ဖို့
လိုပါသည်။ ကိုယ်က
အားနည်းနေချိန်တွင် ပိုင်မှတိုက်သည်မှာ
အကောင်းဆုံးဖြစ်ပါသည်။
၂ဝ၁ဝ
ရွေးကောက်ပွဲကို
တိုက်ပွဲစစ်မြေပြင်အဖြစ်
ပြောင်းပစ်လို့မရနိုင်ဘူးလား။ သန်းပေါင်း
၅ဝ
သော
ဦးခေါင်းတို့ဖြင့် အဖြေရှာပါက
ရနိုင်ကောင်းပါသည်။
*****
မောင်ချစ်ခင်
|