|
အင်နဲ့အားနဲ့၊
ဒုနဲ့ဒယ်နဲ့၊
မိုးပြိုမြေသိမ့်၊
ကမ္ဘာမြေတုန်လှုပ်သွားအောင်
မဲပေးကြစို့
ဗမာပြည် ပြည်သူများအနေဖြင့် လာမည့်မေလတွင်
အားစမ်းပွဲကြီးတရပ်နှင့်
ရင်ဆိုင်ရတော့
မည်။
နအဖစစ်အုပ်စုက
တိုင်းပြည်ကိုရာသက်ပန်အုပ်စိုးရေးအတွက်
စီမံကိန်းချရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေအား
တရားဝင်အတည်ပြုရန်
ကြိုးစားနေခြင်းကို
တားဆီးရန်ဆိုသည်မှာ ဤ
တိုက်ပွဲ၏အနှစ်သာရနှင့်
ယနေ့ပြည်သူများ၏
လတ်တလော
အဓိကတာဝန်ပင်ဖြစ်သည်။
စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး
ဒီမိုကရေစီအရေးတော်ပုံတွင် ပြည်သူများအဖို့
လုပ်စရာ လုပ်ငန်းအများအပြားရှိသည်။
မည်သို့ပင်များပါစေ
ယနေ့အခါတွင်
ဤလုပ်ငန်းကိုသာ အာရုံစူးစိုက်
၍ အားသွန်ခွန်စိုက် လုပ်ကြရမည်ဖြစ်သည်။
ဤနေရာတွင်
ပြောစရာတချို့ ရှိကောင်းရှိလာနိုင်သည်။
“နအဖဟာ
တနည်းမဟုတ်တနည်း
နဲ့
ညစ်မှာပဲ။ ဒါကြောင့်
သူတို့နဲ့ပြိုင်နေရင်
အလကား ကိုယ်နာမယ်၊
ဒီလိုပွဲမှာ သွားမယှဉ်နဲ့”
ဆိုသည်
မျိုး
ယူဆသည်များ ရှိနိုင်သည်။
ရှိလည်းရှိသည်။
တချို့ကလည်း နအဖ၏
ဆန္ဒခံယူပွဲကို
သပိတ်
မှောက်ပစ်ရမည်ဟု
ပြောကြသည်။
တချို့ကတော့
လူထုဆန္ဒပြပွဲမှတပါး
တခြားမည်သည့်နည်းနှင့်မျှ
နအဖကို ထိထိရောက်ရောက် မထိုးနှက်နိုင်၊
ထို့ကြောင့်
မစို့မပို့တိုက်ပွဲလေးတွေ
မဖော် သင့်ဟု ပြောကြသည်။
မှန်သည်။
ဤတချီ
တိုက်ပွဲတခုတည်းဖြင့်
နအဖနဲ့ စစ်အာဏာရှင်စနစ်ကို
ဖျက်သိမ်းနိုင်
မည်ဟု မည်သူမျှ
အာမ မခံနိုင်ပါ။
သို့သော် ဤတိုက်ပွဲကို
မလွှဲမရှောင်သာတိုက်ရန်
လှုံ့ဆော်နေရ
ခြင်း၏
အဓိကအကြောင်းမှာ
နအဖက အတည်ပြုမည့်
အခြေခံဥပဒေဆိုသည်၏
အရေးပါခြင်း ကြောင့်
ဖြစ်သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေတခု
အတည်ဖြစ်သွားပြီဆိုလျှင်
နောင်တွင် ပြုပြင်၍
မရသည် မဟုတ်ပါ။
ဖျက်သိမ်းခြင်း၊
အသစ်ရေးဆွဲခြင်းပင် လုပ်နိုင်ပါသည်။
သို့သော် ယနေ့ဗမာနိုင်ငံ
၏ အနေအထားအရဆိုလျှင်
နအဖရှိနေသ၍
နအဖ၏ ဖွဲ့စည်းပုံကို
ပြင်ရန်၊
ဖျက်ရန်ဆိုသည်မှာ
မဖြစ်နိုင်သလောက်ပင်ဖြစ်ပါသည်။
ထို့ကြောင့်
သူတို့အနေနဲ့
ဤဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို
တုတ်နဲ့ ပစ်လို့ပဲရရ၊
ခွေးကိုက်လို့ပဲရရ
အတည်ပြုလိုက်နိုင်ဖို့
အင်မတန်မှအရေးကြီးနေပါသည်။
ထို့အတူ
ကိုယ့်အတွက်လည်း အရေးကြီးပါသည်။
နအဖအနေဖြင့်ဆိုလျှင်
ဤဖွဲ့စည်းပုံကို
အတည်ပြုပြီးမှသာ
ငြိမ်းအဖွဲ့များကို
ဖျက်သိမ်းခြင်း
ကဲ့သို့သော သူတို့အာဏာကို
ပိုမိုခိုင်မြဲစေမည့်
လုပ်ငန်းများကို ဆက်လုပ်လို့ကောင်းမည်ဖြစ်ပါသည်။
သူ့တပ်တွင်းနှင့်
သူ့နောက်လိုက်တွေက
ဒီအစိုးရကို ပိုမိုစိတ်ချယုံကြည်အောင်
လုပ်နိုင်ပါလိမ့်မည်။
နောက်ပြီး သူတို့အာဏာ၏
ဆူးညှောင့်ခလုတ်သဖွယ်
တည်ရှိနေသော အမျိုးသား
ဒီမိုကရေစီအဖွဲ့
ချုပ်ကို
“တရားနည်းလမ်းကျစွာ”
ဖယ်ရှားပစ်ပါလိမ့်မည်။
ထို့ပြင် နအဖကို
ခွေးကတက်ကပဲဖြစ်ဖြစ်၊
ဖိနပ်ချွတ်ကပဲဖြစ်ဖြစ်
အလုပ်အကျွေးပြုမည်ဆိုသူများ၊
ကြံ့ဖွတ်လို၊
စွမ်းအားရှင်လို
နောက်လိုက်ခွေး
များ အားတက်ကြပါလိမ့်မည်။
တဆက်တည်းမှာ ဒင်းတို့
ပိုရမ်းကြပါလိမ့်မည်။
ဤသည်ကို အစွမ်း
ကုန် တားဆီးရန်မှာ
အားလုံး၏တာဝန်ဖြစ်ပါသည်။
ပြီးခဲ့သည့်
စက်တင်ဘာသံဃာ့အရေးအခင်းကြီး
ပြီးတဲ့နောက်မှာ
နိုင်ငံရေးအားဖြင့် အထိ
နာသွားသော
နအဖသည်
ခံစစ်ဘ၀ရောက်နေရာကနေ ယခု ဤခြေလှမ်းဖြင့်
ပြန်လည်ထိုးစစ်ဆင်
ရန် ကြိုးစားခြင်းဖြစ်သည်ဆိုသော
အချက်ကိုလည်း မမေ့ကြသင့်ပါ။
ဤဆန္ဒခံယူပွဲတွင်
ဒင်းတို့ရှုံးနိမ့်
သွားပါက နအဖအဖို့
ဒုတိယအကြိမ်
ထိပ်ကို
နာနာခေါက်ခံရခြင်းဖြစ်မည်။
စစ်ဗိုလ်များရဲ့မာနကို
တမျိုး
ချိုးနှိမ်ရာကျပေမည်။
ဤအတွက်
လူထုကြီးသည်
အတ္တာဟိအတ္တာနော်နာထော
မိမိကိုယ်ကိုမိမိအားကိုးပြီး
တိုက်ပွဲဝင်ကြဖို့ဖြစ်သည်။
လမ်းပေါ်တက် ဆန္ဒပြရန်မလို၊
ထမင်းအဆာခံဖို့လည်း
မလို၊ နေမပူ၊
မိုး မစိုပဲ ဤတပွဲကဲ့သို့
အထိအခိုက်အကျဆုံးနည်းပါး၊
စွန့်လွှတ်ရမှုနည်းပါးပြီး
နအဖအား အရှက်ရစေ၊
အထိနာစေမည့် တိုက်ပွဲမျိုး ကြုံရခဲလှသည်ကို
မမေ့အပ်ပါ။
မဲကလေးတချပ် ထည့်လိုက်ရုံပင်
ဖြစ်ပါ သည်။
နအဖခန့်အပ်ထားသည့်
ဤဆန္ဒခံယူပွဲတာဝန်ရှိသူများနှင့်
လျှို့ဝှက်တာဝန်ပေးထားသည့်
လူမိုက်များ၊
မျက်နှာလိုအားရလုပ်လိုသည့် သခင်အားရ
ကျွန်ပါးဝလိုလူများက
မဲမထည့်သူကို မဲ
ထည့်အောင် ခြိမ်းခြောက်နိုင်ကြပါသည်။
အကြပ်ပင်
ကိုင်ကောင်းကိုင်နိုင်ပါသည်။
ထောက်ခံမဲ ထည့်ရန်လည်း ပြောနိုင်ပါသည်။
သို့သော် မဲရုံထဲအထိလိုက်ပြီး
စောင့်ကြည့်ခြင်း၊
အကြပ်ကိုင်ခြင်း
ကိုတော့ မလုပ်နိုင်ပါ။
ထို့ကြောင့်
ပြည်သူလူထုများ မဲရုံဆီသို့
တခဲနက်ချီတက်နေကြခြင်းသည်
နအဖကို အူမြူးဖို့
ဝေးစွ၊
ရင်ဖိုစေမည်သာဖြစ်သည်။
ဤအတွက် ယခုမှပင်
စတင်လှုံ့ဆော်ပြင်ဆင်သင့်ပါပြီ။
သူတို့ရဲ့
ဖွဲ့စည်းပုံဥပဒေမှာပဲဖြစ်စေ၊
ဆန္ဒခံယူပွဲဥပဒေမှာဖြစ်စေ
ဘယ်လို ချွတ်ယွင်းချက်တွေ၊
အနာအဆာ တွေ
ရှိနေတယ်ဆိုခြင်းကို
အခုအခါမှာ ထောက်ပြငြင်းခုံနေရန်မလိုတော့ဟု
ထင်ပါသည်။
နအဖနှင့် အကျိုးသင့်အကြောင်းသင့်ပြောနေလျှင်
ပြောသူကို အများက အရူးထင်ကြမှာ
သေချာသည်။
နအဖက တမင်ညစ်ပြီး
ကန့်သတ်ထားသော
အချိန်တိုလေးအတွင်းဝယ် အားလုံး
တစည်းထဲ၊
တလုံးထဲ စည်းလုံးမိဖို့၊
တသံထဲ၊ တပုံထဲလှုပ်ရှားကြဖို့
စည်းရုံးကြရပါမည်။
ဒီအချိန်မှာ သူက တလမ်းလျှောက်၊
ကိုယ်က တလမ်းလျှောက်နေကြလို့
မဖြစ်ပါ။
ကိုယ့်အချင်းချင်းမှာ အများဆန္ဒကို
လိုက်လျောရပါမည်။
အခုအချိန်ကစ၍
နအဖက ညစ်ပတ်နိုင်သည့်နည်းနာများကို
ကြိုတင်စဉ်းစားပြီး
ပြင်ဆင် ကြရပါမည်။
လူထုကို ထိုအချက်များ ပညာပေးကြရပါမည်။
လက်နက်တပ်ဆင်ပေးကြရပါမည်။
နအဖ ညစ်ပတ်သည်များကို အလျှော့မပေးကြသင့်ပါ။
သူ့တွင် နည်းနာရှိသလို
ကိုယ့်မှာလည်း နည်းနာရှိကြောင်း
ပြသရပါတော့မည်။
မဲမပေးဘဲနေလျှင်
နအဖအကြိုက်ဖြစ်မည်ဆိုခြင်းကို
သတိမပေါ့ကြသင့်ပါ။
၁၉၆၀ ခုနှစ်နဲ့
၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွေမှာ
မဲတပြားနဲ့
စစ်အုပ်စုကို သွက္ချာပါဒလိုက်စေခဲ့သည်များကို
မမေ့ သင့်ပါ။
အင်နဲ့အားနဲ့၊
ဒုနဲ့ဒယ်နဲ့
မိုးပြိုမြေသိမ့်၊
ကမ္ဘာမြေကြီးတုန်လှုပ်သွားအောင်
ကန့်ကွက်မဲပေး
ကြပါစို့။
အောင်ပွဲသည် တိုက်ရဲသူများအတွက် ဖြစ်ရမည်။
*****
မောင်ချစ်ခင်
|