|
စဉ်းစားကြည့်စေချင်ပါတယ်
... ...
ဗမာပြည်ဟာ စစ်ဖိနပ်သံခွာအောက်
ကျရောက်ခဲ့တာ ရာစုနှစ်ဝက်နီးပါး
ပြည့်တော့မယ်။
တိုင်းပြည်ဟာ မြေအောက်သယံဇာတတွေ ပေါကြွယ်တဲ့နိုင်ငံ၊
သဘာဝပတ်ဝန်းကျင်နဲ့
သင့်တင့် မျှတတဲ့
ရာသီဥတုရှိတဲ့နိုင်ငံ၊
နိုင်ငံအကျယ်အ၀န်းနဲ့
လူဦးရေလည်း လိုက်လျောညီထွေရှိပြီး
ကမ္ဘာ ပေါ်မှာ
လူဦးရေ
မနည်းလွန်း၊
မများလွန်းဖြစ်တဲ့နိုင်ငံ။
အဲဒီလိုဖြစ်ပါလျက်နဲ့
အခုအခါ ကမ္ဘာပေါ်မှာ
ခေတ်အနောက်ကျဆုံးနိုင်ငံ
ဖြစ်ရုံမက
မကောင်းမှုမှန်သမျှ
နံပါတ် (၁)
နေရာရရှိနေရတဲ့ နိုင်ငံ
ဖြစ်နေရတယ်။
ဘာကြောင့်ပါလဲ။
စစ်အာဏာရှင်အောက်ကို
တိုင်းပြည်
ကျရောက်နေရခြင်းကြောင့်
ပါပဲ။
ဒီလို စစ်အာဏာရှင်အောက်
ကျရောက်မှုအောက်ကနေ
ပြည်သူလူထုကြီးက
ရုန်းထွက်
နိုင်ဖို့ ကြိုးစားရင်း
နောက်ဆုံး ၈ လေးလုံး
ဒီမိုကရေစီအရေးတော်ပုံကြီး
ပေါ်ထွန်းခဲ့ပြီးပြီ။
ကျွန်တော်တို့ပြည်သူတွေ
အကြောင်းအမျိုးမျိုးကြောင့်
စစ်အာဏာရှင်အောက်က
မလွတ်မြောက် နိုင်ဘဲ န၀တ၊
နအဖ စစ်အာဏာရှင်စနစ်အောက်ကို
တကျော့ပြန်
ကျရောက်ခဲ့ရပြန်တယ်။
ဒီလို တကျော့ပြန် ကျရောက်ခဲ့ရတဲ့ စစ်အာဏာရှင်အောက်ကနေ
တပြည်လုံးကပြည်သူ တွေဟာ အကြမ်းမဖက်တဲ့နည်းနာမျိုးစုံနဲ့
ဒီနေ့အထိ
တိုက်ပွဲဝင်နေကြရဆဲ
ဖြစ်ပါတယ်။
စစ်အုပ်စုဟာ
အနိုင်နိုင်ငံပြည်သူတွေအပါအ၀င် ကျွန်တော်တို့နိုင်ငံ
ပြည်သူလူထုကြီးရဲ့
တောင်းဆိုတိုက်ပွဲဝင်နေတဲ့ အမျိုးသားရင်ကြားစေ့ရေး၊
တိုင်းပြည်ပြဿနာများကို
ဒီမိုကရေစီ အင်အားစုများနဲ့
စုပေါင်းဆွေးနွေးအဖြေရှာရေး
တောင်းဆိုချက်ကို မျက်ကွယ်ပြုကာ စစ်အာဏာရှင်
စနစ် သက်ဆိုးရှည်ရေးအတွက် သူတို့ရဲ့လမ်းပြမြေပုံအတိုင်း
သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့
ဖွဲ့စည်း
အုပ်ချုပ်ပုံ
အတည်ပြုရေးအတွက် ပြည်သူ့ဆန္ဒခံယူပွဲလုပ်ရေးကို
ပြောင်အတိအလင်း ကြေညာလာ
နေပါပြီ။
သူတို့ဟာ သူတို့ဖွဲ့စည်းအုပ်ချုပ်ပုံ
အတည်ပြုနိုင်ရေးအတွက် ပြည်သူလူထုကြီးအား
သေနတ်နဲ့
ရင်ဝထောက်ပြီး
အတည်ပြုခိုင်းတော့မယ့်
သဘောပါပဲ။
ကျွန်တော်တို့
ပြည်သူတွေဟာ သမိုင်းအစဉ်အလာကြီးမြတ်သူတွေ
ဖြစ်ကြတယ်။
စစ်အာဏာရှင်စနစ်အောက်က
ရွေးကောက်ပွဲ
တွေနဲ့
သမိုင်းအတွေ့အကြုံအမျိုးမျိုး
ရှိသူတွေဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ်ကို
လမ်းပေါ် မှာတောင်
ထွက်လာပြီး ဆန္ဒပြရဲသူတွေဖြစ်လို့
ပြည်သူ့ဆန္ဒခံယူပွဲမှာ
ဆန့်ကျင်ဆန္ဒမဲ
ထည့်ရေးဆို တာ
အထူးပြောနေစရာတောင် သိပ်မလိုဘူး။
စည်ရုံးနေစရာတောင်
သိပ်မလိုဘူး။
မိမိတို့ဘဝ
လက်တွေ့ရဲ့
ပြဋ္ဌာန်းမှုကြောင့်
ဆန့်ကျင်မဲထည့်ကြလိမ့်မယ်လို့
လုံးဝ ယုံကြည်နေမိတယ်။
အဲဒီလို ဆန့်ကျင်မဲထည့်ပြီး
နအဖရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ
ဖျက်သိမ်းသွားရေးကို တောင်းဆိုကြရမှာ။
တချိန်
တည်းမှာလည်း လက်ရှိကျင့်သုံးနေတဲ့ အကြမ်းမဖက်တဲ့
နည်းနာမျိုးစုံနဲ့လည်း
ဆက်လက် တိုက်ပွဲ ဝင်ကြရဦးမှာပါ။
ဒါပေမဲ့ ဒီနေ့
ဒီလောက်နဲ့ ကျွန်တော်တို့တိုင်းပြည်ရဲ့အခြေအနေအရ
စစ်အာဏာရှင်စနစ်
ဆန့်ကျင်ရေးဟာ
လုံလောက်ပါရဲ့လား။
န၀တ၊ နအဖကို နှစ်
၂၀ နည်းပါး ကျွန်တော်တို့
ကိုင်စွဲ တိုက်ပွဲဝင်နေတဲ့
နည်းနာတွေဟာ ကျွန်တော်တို့
မျှော်လင့်ချက်များကို
ဖြည့်စွမ်းပေးနိုင်ပါရဲ့လား။
ပြန်သုံးသပ်သင့်ပြီလို့
ထင်ပါတယ်။ အနှစ်
၂၀ ဆိုတာ မျိုးဆက်တဆက်နီးပါး
အချိန်ရှိသွားပြီမို့
ဝိုင်းဝန်းသုံးသပ်ရန်
အချိန်တန်ပြီလို့
ယူဆရခြင်းဖြစ်ပါတယ်။
ပထမဆုံး စဉ်းစားသင့်တဲ့အချက်ကတော့ ကျွန်တော်တို့ရင်ဆိုင်နေရတဲ့
န၀တ၊ နအဖ
အစိုးရဆိုတာ ခြေဆုံးခေါင်းဆုံး
လူသတ်လက်နက်များ တပ်ဆင်ထားတဲ့ စစ်အာဏာရှင်
ဖြစ်တယ် ဆိုတာပါပဲ။
စစ်အာဏာရှင်စနစ်ဆိုတာ
ဖက်ဆစ်စနစ်တမျိုးပါပဲ။
အခုနောက်ဆုံး စက်တင်ဘာ အရေးအခင်းမှာ ကျွန်တော်တို့
အထွတ်အမြတ်ထား ကိုးကွယ်နေတဲ့ ဗုဒ္ဓဘုရားရဲ့သားတော်
ရဟန်း သံဃာ အရှင်သူမြတ်များကိုပင်
ရက်ရက်စက်စက် သတ်ဖြတ်ဖို့ဝန်မလေးတဲ့
အစိုးရဖြစ်တယ်ဆိုတာ
သက်သေပြခဲ့ပြီးပါပြီ။
ဒါကြောင့် ဒီလို
အာဏာရှင်စနစ်ကို
လမ်းပေါ်ထွက်ဆန္ဒပြတောင်းဆိုမှုလောက်
နဲ့
ကျွန်တော်တို့ရည်မှန်းချက်များ
ရနိုင်ပါ့မလားဆိုတာ တဆင့်တက်
စဉ်းစားစရာဖြစ်လာပါတယ်။
သမိုင်းသင်ခန်းစာတခုကို ဆက်စပ်စဉ်းစားကြည့်နိုင်ဖို့
တင်ပြခွင့်ပြုပါ။
ရုရှာသမိုင်းရဲ့
အဖြစ် အပျက်တခု ဖြစ်ပါတယ်။
၁၉၀၅ ဇန်န၀ါရီ ၉ ရက်နေ့မှာ
အလုပ်သမားများအားလုံး
စုပြီး
ဆောင်းရာသီနန်းတော်သို့
ငြိမ်းချမ်းစွာ
စီတန်းလမ်းလျှောက်ချီတက်လာပြီး
ဇာဘုရင်ထံ ၎င်းတို့ရဲ့
လိုအပ်ချက်များကို အသနားခံ
စာ တင်ပြဖူးတယ်။
အသနားခံစာမှာ
“ကျွန်တော်တို့
စိန့်ပီတာစဘတ်အလုပ်သမားများသည်
ဇနီးသည်များ၊
ကလေးများ၊
မိအိုဘအိုများနှင့်အတူ အမှန်တရားနှင့်
ခိုလုံခွင့်ရှာရန် အရှင်ဘုရားထံမှောက်
ရောက် လာရပါသည်။
ကျွန်တော်တို့သည်
ဆင်းရဲနွမ်းပါးပြီး
အဖိနှိပ်ခံနေရကာ မခံမရပ်နိုင်ဖွယ် ပင်ပန်း
ခက်ခဲမှုဒဏ်
ကျရောက်နေပါပြီ။
ကျွန်တော်တို့သည်
ညှဉ်းပန်းနှိပ်စက်ခံနေရပြီး
လူသားများအဖြစ် ဆက်ဆံခြင်းမခံရပါ။
ကျွန်တော်တို့သည်
စိတ်ရှည်သည်းခံခဲ့သော်လည်း တနေ့တခြား
ဆင်းရဲတွင်း
နက်သထက်နက်ကာ အခွင့်အရေးများ ဆုံးရှုံးပြီး
နလဗိန်းတုံးများ ဖြစ်နေရသည်။
ကျွန်တော်တို့
သည် မင်းဆိုးမင်းညစ်များနှင့် အာဏာရှင်တို့၏
လည်မျိုညှစ်ခြင်း
ခံနေရသည်။
ကျွန်တော်တို့၏
သည်းခံစိတ်ရှည်မှု
ကုန်ခမ်းသွားပါပြီ။
ကျွန်တော်တို့သည်
ဤမခံမရပ်နိုင်ဖွယ်
ခံစားမှုများကို
ဆက်လက်
ခံစားနေမည့်အစား သေချင်လာသည့် ကြောက်မက်ဖွယ်ကာလသို့
ဆိုက်ရောက်လာပါပြီ
... ...”
လို့
ဖော်ပြထားပါတယ်။
ဒီချီတက်ပွဲသို့
အလုပ်သမားများဟာ မိမိတို့ရဲ့
ဇနီးသည်များ၊
ကလေးများ၊
မိအိုဘအိုများနဲ့
အတူ မိသားစုအားလုံး လာခဲ့ကြပြီး၊
ဇာဘုရင်ရဲ့ဓာတ်ပုံများ၊
ဘုရားကျောင်းအလံများ ကိုင်ဆောင် လာပါတယ်။
ချီတက်လာစဉ်လမ်းတလျှောက်မှာ
ဘုရားစာများ၊
ဂါထာများ ရွတ်ဆိုလာခဲ့ကြပါတယ်။
လက်နက်ဆိုလို့
သူတို့မှာ
အပ်တိုတချောင်းတောင်မှ မပါကြပါဘူး။
လူပေါင်း ၁၄၀,၀၀၀
ကျော် လမ်းများပေါ်မှာ
စုဝေးရောက်ရှိခဲ့ပါတယ်။
ဒီငြိမ်းချမ်းစွာ
စီတန်းလှည့်လည်လာတဲ့ လူထူကြီးဟာ
ဇာဘုရင် ဒုတိယနီကိုလပ်စ်ရဲ့
ရန်လို စွာ
ကြိုဆိုခြင်းခံလိုက်ရပါတယ်။
သူက လက်နက်ဆိုလို့
အပ်တိုတချောင်းတောင်မှ မပါတဲ့ လူထုကြီး
အား သေနတ်နဲ့
ပစ်ခတ်နှိမ်နင်းပစ်ရန် အမိန့်ပေးလိုက်ပါတယ်။
အဲဒီနေ့က
အလုပ်သမားများ
အပါအဝင်
လူပေါင်းတထောင်ကျော်
သေဆုံးပြီး
နှစ်ထောင်ကျော် ဒဏ်ရာရသွားပါတယ်။
အများ အပြား
ဖမ်းဆီးခံလိုက်ရပါတယ်။
စိန့်ပီတာစဘတ်က
လမ်းများပေါ်မှာ သွေးချောင်းစီးခဲ့ပါတယ်။
ဒါကြောင့် အဲဒီ
ဇန်န၀ါရီလ ၉ ရက်၊
တနင်္ဂနွေနေ့ကို
“သွေးချောင်းစီးသော
တနင်္ဂနွေ
(Bloody
Sunday)”
လို့
အမည်တွင်ခဲ့ပါတယ်။ ရုရှားအလုပ်သမားလူတန်းစားအနေနဲ့လည်း
သွေးနဲ့ရင်းတဲ့
သမိုင်းသင်ခန်းစာ ရရှိသွားပါတယ်။
ဇာဘုရင်အပေါ် ၎င်းတို့ရဲ့
ယုံကြည်မှုကို
အဲဒီလို ဇာဘုရင်က ပစ်လွှတ်လိုက်တဲ့
ကျည်ဆန်များက ဖျက်ဆီးပေးလိုက်ပါတယ်။
မိမိတို့ရဲ့
အခွင့်အရေးများကို စီတန်း
လှည့်လည်ရုံနဲ့
မရနိုင်ကြောင်း၊
တိုက်ပွဲဖြင့်သာ ရရှိနိုင်ကြောင်းကို
သိရှိနားလည်သွားစေလိုက်ပါ
တယ်။
အဲဒီညနေခင်းမှာပဲ အလုပ်သမားရပ်ကွက်များမှာ
ကတုတ်ကျင်းများ ပေါ်ထွက်လာပါတယ်။
အလုပ်သမားများက
“ဇာဘုရင်က
ငါတို့ကို
ဒါပဲပေးခဲ့တယ်။
အခု ငါတို့ကလည်း
သူ့ကို ဒါပြန်ပေးရ
မယ်”
လို့
ဆိုကြပါတယ်။
ဒီအဖြစ်အပျက်ကနေ
ရုရှာပြည်ဟာ
တော်လှန်ရေးလမ်းကြောင်းပေါ်သို့
ရောက်သွားခဲ့ရ တယ်လို့
ဆိုရပါလိမ့်မယ်။
ကျွန်တော်တို့
ဗမာပြည် ပြည်သူတရပ်လုံးဟာ
စစ်ဖိနပ်သံခွာအောက်က
လွတ်မြောက်ဖို့
နည်းသဏ္ဍာန်မျိုးစုံနဲ့
တိုက်ပွဲဝင်ခဲ့၊
တိုက်ပွဲဝင်နေရဆဲပါ။
အာဏာရှင်စစ်အစိုးရက
ကျွန်တော်တို့
လိုချင်တဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို
ငြိမ်းချမ်းစွာ
စီတန်းလှည့်လည် မေတ္တာသုတ်များ
ရွတ်ဆို ချီတက် အာဏာရှင်အစိုးရထံ
တောင်းခံခဲ့ပေမယ့် သူက ဒီမိုကရေစီအစား
ကျည်ဆန်များ၊
နံပါတ် တုတ်များ၊
ရိုက်နှက်ကန်ကျောက်မှုများကို
ပေးခဲ့တယ်။
သွေးချောင်းစီးတဲ့
သမိုင်းသင်ခန်းစာတွေ ကျွန်တော်တို့သွေးနဲ့ရင်းပြီး
ကျွန်တော်တို့ပြည်သူများ
ရရှိခဲ့ကြပြီးလည်းဖြစ်လို့
တဆင့်တက် စဉ်းစား
နည်းနာရှာသင့်တယ်လို့
ထင်မြင်မိပါတယ်။
နေအိမ်အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း
ပြည်သူလူထုကြီးအား
“အကောင်းဆုံးအတွက်
မျှော်မှန်းပြီး
အဆိုးဆုံးအတွက် ပြင်ဆင်ထားကြပါ”
လို့
သတင်းစကား
ပါးထားတဲ့ကာလဖြစ်လို့
ရဲရဲတိုးချဲ့
တွေးတောကြည့်စေချင်ပါတယ်။
။
*****
ကျော်ဆွေ
၂၀၀၈၊
ဖေဖော်ဝါရီ ၂၀ ရက်။ |