|
(၄၆)
နှစ်မြောက် ဇူလိုင် (၇)
ရက်အထိမ်းအမှတ် တင်ပြချက်
(၄၆)
နှစ်မြောက် ဇူလိုင် (၇) ရက်နေ့မှာ
ကျွန်တော်အနေနဲ့ အနည်းငယ် တင်ပြလိုပါ တယ်။
ဗိုလ်သန်းရွှေစစ်အုပ်စုဟာ ကျောင်းသား
မိဘပြည်သူအပေါင်းကို ဘက်ပေါင်းစုံကနေ
ဖိနှိပ် နေတယ်။ စစ်အုပ်စုနဲ့
ပြည်သူလူထုကြီးရဲ့ ပဋိပက္ခဟာလည်း
တစ်နေ့တခြား ပြင်းထန်လာနေတယ်။
ပြည်သူလူထုကြီးနဲ့ ထိပ်တိုက်တွေ့နေတဲ့
ပဋိပက္ခကို စစ်အုပ်စုက မဖြေရှင်းနိုင်ဘူး။
စစ်အုပ်စုရဲ့
နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး စတဲ့
အဖက်ဖက်က မှားယွင်းနေတဲ့ ပေါ်လစီ
တွေကြောင့် ကျွန်တော်တို့
တိုင်းပြည်ကြီးဟာ ဆင်းရဲတွင်းနက်နေရတယ်။
၈၈ မျိုးဆက် ကျောင်း သားတွေရဲ့
ကုန်ဈေးနှုန်းကျဆင်းရေး ငြိမ်းချမ်းစွာ
ဆန္ဒပြတာကိုလည်း မတရား အကြမ်းဖက် ဖျက်
ဆီးခဲ့တယ်။ ဖမ်းဆီးထောင်ချမှုတွေ၊
လူ့အခွင့်အရေးတွေကို ချိုးဖောက်ပြီး
လူမဆန်တဲ့ လုပ်ရပ်တွေ ကို လုပ်ခဲ့တယ်။
ရဟန်းသံဃာတော်တွေ ဆုတောင်းမေတ္တာပို့
စီတန်းလှည့်လည်တာကို ယုတ်မာ
ရိုင်းစိုင်းစွာ အကြမ်းဖက် ဖြိုခွဲခဲ့တယ်။
ဝါးရင်းတုတ်နဲ့ရိုက်၊
သေနတ်နဲ့ပစ်သတ်ခဲ့တယ်။
ဥပဒေနဲ့မညီတဲ့
လုပ်နည်းလုပ်ဟန်တွေနဲ့ ဆန္ဒခံယူပွဲကို
မဲအများဆုံးရအောင်၊ သူတို့ပဲ အနိုင်ရအောင်
မသမာတဲ့ နည်းလမ်းမျိုးစုံနဲ့
လုပ်ဆောင်ခဲ့ကြတယ်။ မေလဆန်းက နာဂစ်
ဆိုင်ကလုန်းမုန်တိုင်းကြီး
မြစ်ဝကျွန်းပေါ်မှာ ကျရောက်လာတော့
ပြည်သူတွေကို ဆိုင်ကလုန်း
မုန်တိုင်းဘေးကနေ အချိန်မီ မကယ်တင်ခဲ့ဘူး။
ပင်လယ်ပြင်မှာ သေလုမျောပါး မျောနေတဲ့
လူတွေ ကို ကယ်တင်ဖို့မကြိုးစားခဲ့ဘူး။
အတိုင်းတိုင်းအပြည်ပြည်က
ကန့်ကွက်နေတဲ့ကြားကနေ သူတို့ရဲ့
ဆန္ဒခံယူပွဲကို တဇွတ်ထိုး ကျင်းပခဲ့တယ်၊
ဒါတွေဟာ
သန်းရွှေစစ်အုပ်စုအတွက် ဘယ်သောအခါမှ
ဖျက်လို့မရနိုင်တဲ့ ကြီးမားတဲ့ လူသတ်မှု၊
ရာဇ၀တ်မှုကြီးကို ကျူးလွန်တာပါပဲ။
လူ့အခွင့်အရေး အချိုးဖောက်ဆုံး၊
ကိုယ့်ပြည်သူတွေ အတွက် နည်းနည်းကလေးမှ
မစဉ်းစားဆုံး အစိုးရတရပ်အဖြစ် ကမ္ဘာက
ပိုမိုပြီး သိသာလာအောင် သန်းရွှေစစ်အုပ်စုက
ပြသလိုက်တာပဲ။
ပြည်သူတရပ်လုံးက သန်းရွှေစစ်အုပ်စုရဲ့
လုပ်ဟန်တွေကို အော့နှလုံးနာ
ရွံရှာမုန်းတီးနေ ကြပြီဆိုတာ အထွေအထူး
ပြောစရာမလိုဘူးထင်တယ်။ သန်းရွှေစစ်အုပ်စုက
သွေးရူးသွေးတန်း လုပ်နေတာဟာာ မကြာမီ
သူတို့ပြုတ်ကျတော့မှာကို ပြနေတာဖြစ်ပါတယ်။
သန်းရွှေစစ်အုပ်စုရဲ့
ခေါင်းကိုင်ဖခင်ဖြစ်တဲ့
ဗိုလ်နေ၀င်းစစ်အုပ်စုဟာ လွန်ခဲ့တဲ့ ၄၆
နှစ်က အပြစ်မဲ့တဲ့ ကျောင်းသား ရာကျော်ကို
သတ်ခဲ့တယ်။ လက်နက်မဲ့တဲ့ ကျောင်းသားတွေကို
“ဓား ဓား ချင်း၊ လှံ လှံ ချင်း”ဆိုပြီး
ခြိမ်းခြောက်ခဲ့တယ်။ သမိုင်းဝင်
ကျောင်းသားသမဂ္ဂအဆောက်အဦးကို လည်း
ဗုံးခွဲပြီး ဖြိုချခဲ့တယ်၊
ကျောင်းသားထုရဲ့ တရားဝင်
အခွင့်အရေးတွေကိုလည်း ပိတ်ပင်တား
ဆီးခဲ့တယ်။ ဒီမိုကရေစီပညာရေး၊
ငြိမ်းချမ်းစွာ ပညာသင်ကြားရေးလည်း
အခုထိမရသေးဘူး။
ရဲဘော်တို့ရဲ့
ဒီမိုကရေစီပညာရေး၊ လွတ်လပ်ပြီး
ငြိမ်းချမ်းစွာ ပညာသင်ကြားရေးအတွက်
တစ်ဗိုလ်ကျ တစ်ဗိုလ်တက် တိုက်ပွဲဟာ
မပြီးသေးဘူး။ ဆက်လက် တိုက်ကြရအုံးမှာပါ။
ဗကသ အနေနဲ့ကလည်း
မြေအောက်စည်းရုံးရေးလုပ်ငန်းတွေကို
တိုးချဲ့လုပ်ကိုင်ဖို့ လိုနေသေးတယ်။
ခေတ်အဆက်ဆက်မှာ ကျနော်တို့
ကျောင်းသားတွေဟာ ပြည်သူလူထုကြီးအတွက်
တိုက်ပွဲဝင်ခဲ့တယ်။ ဒါတွေကို
မေ့ပျောက်ပစ်လို့မရဘူး။ အခုလည်း
ရဟန်းရှင်လူ ပြည်သူအပေါင်းနဲ့ လက်တွဲပြီး
ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊
တမျိုးသားလုံး ပြန်လည်ပေါင်းစည်းရေးအတွက်
တိုက်ပွဲ ဝင်ကြရအုံးမှာ ဖြစ်တယ်။
၁၃၀၀
ပြည့်အရေးတော်ပုံကြီးမှာ
ရေနံမြေတပ်ဖွဲ့ကြီး ချီတက်ခဲ့ကြသလို
ကျွန်တော်တို့ ကျောင်းသားတွေက ဒီကနေ့မှာ
စည်းစည်းလုံးလုံးနဲ့ ချီတက်ပြီး ရှေ့တန်းက
တိုက်ပွဲဝင်ကြဖို့ လိုပါ တယ်။ တောင်းပွဲ၊
တိုက်ပွဲတွေလုပ်ရင် အနည်းနဲ့အများ
ကျဆုံးနိုင်ပါတယ်။ ပြည်သူလူထုကြီးအတွက်
စွန့်လွှတ်အနစ်နာခံကြရမှာ ဖြစ်ပါတယ်။
ရဲဘော်
ကျောင်းသားကျောင်းသူအပေါင်းတို့အနေနဲ့
စစ်အစိုးရနဲ့ တိုက်ပွဲဆင်ရာမှာ ဘက်
ပေါင်းစုံ နယ်ပယ်အသီးသီးကနေ တက်တက်ကြွကြွ
တိုက်ပွဲဝင်ဖို့လိုတယ်။ ပညာရေးနယ်ပယ်မှာ
ကျောင်းသားအခွင့်အရေးနဲ့ပတ်သက်ပြီး
တိုက်ကြရမယ်။
အလုပ်သမား၊
လယ်သမားတွေရဲ့ ရပိုင်ခွင့်
အခွင့်အရေးအတွက်လည်း တိုက်ပွဲဝင်ပေးရ မယ်။
အမှုထမ်းတွေရဲ့ လစာတိုးမြှင့်ရေးအတွက်လည်း
တိုက်ပွဲဝင်ပေးကြရမယ်။ တောရောမြို့ပါ
စည်းရုံးပြီး တိုက်ပွဲတွေကို
နည်းသဏ္ဍာန်ပေါင်းစုံနဲ့ ဖေါ်ဆောင်ကာ
တိုက်ကြရမယ်။ တိုက်ပွဲမှာ ဆုံးရှုံး
မှုနည်းအောင် နည်းပရိယာယ်ရှိရှိနဲ့
လုပ်ဆောင်ကြရမယ်။
ပြည်သူလူထုတစ်ရပ်လုံးက စည်းစည်းလုံးလုံး၊
ညီညွတ်ညွတ်နဲ့ တစိုက်မတ်မတ် တိုက်ပွဲ
ဝင်စိတ်ဓါတ်တွေနဲ့ ချေမှုန်းရင် ဒီအာဏာရူး
စစ်အစိုးရဟာ ဘာခံနိုင်မှာလဲ မလွဲမသွေ
ကျဆုံးမှာပါ။ ပြောက်ကျားဆန္ဒပြပွဲကို
အစုလိုက် အဖွဲ့လိုက် အနှံ့အပြား
တိုက်ပွဲဆင်ရမှာ ဖြစ်တယ်။ လိုအပ်ရင်
အားလုံး စုစုစည်းစည်း ညီညီညာညာ
တိုက်ပွဲဝင်ကြရမှာဖြစ်တယ်။
ပြည်တွင်းက
အဖျက်သမားဖြစ်တဲ့ ဒီစစ်အုပ်စုကို
ဘုံရန်သူအဖြစ် သတ်မှတ်ပြီး ဝိုင်းဝန်း
ချေမှုန်းကြရမှာဖြစ်တယ်။ ကျေးလက်မှာ
လယ်ယာပိုင်ဆိုင်ခွင့်၊ လုပ်ကိုင်ခွင့်၊
ရောင်းဝယ်ခွင့် စတဲ့ အခွင့်အရေးတွေ
ဆုံးရှုံးနေတဲ့ လယ်သမားထုကြီးကို
စည်းရုံးနိုင်မှသာ လူထုတိုက်ပွဲရဲ့ ဒီရေဟာ
အရှိန်အဟုန် မြင့်တက်လာပါလိမ့်မယ်။
တစ်ပွဲတည်းနဲ့
မအောင်မြင်နိုင်ဘူး။
နည်းပရိယာယ်ကြွယ်ကြွယ်နဲ့
အကြိမ်ကြိမ်အခါခါ တိုက်ကြရလိမ့်မယ်။
ရေရှည်တိုက်ပွဲအမြင်ကိုလည်း
စိုက်ထူထားရမယ်။ လက်ရှိအခြေအနေမှာ
ရေတိုအတွင်း တိုက်ပွဲအောင်မြင်နိုင်မယ့်
အလားအလာ နည်းနေသေးတယ်။
ဒါပေမယ့်
ကျောင်းသားထုကြီးဟာ
ပြည်သူလူထုကြီးရဲ့စွမ်းအားနဲ့
ပေါင်းစပ်လုပ်နိုင်ရင်
တပြည်လုံးအတိုင်းအတာအရ အထွေထွေသပိတ်ကြီး
မုချ ပေါ်လာမှာပဲ။ ဒီလို
လူထုတိုက်ပွဲဒီလှိုင်း ကြီးကနေပြီး
စစ်အစိုးရရဲ့အာဏာကို
နင်းချေဖြိုချနိုင်မှာ ဖြစ်ပါတယ်။
ဒီလိုနည်းနဲ့သာ မြန်မာနိုင်ငံမှာ
ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ အမျိုးသား
ပြန်လည် စည်းလုံးညီညွတ်ရေးကို မုချ
ဖေါ်ဆောင်နိုင်မှာဖြစ်တယ်။ မကြာမီမှာ
အာဏာရူးအစိုးရဟာ ကမ္ဘာ့ အလယ်မှာ
အရှက်တကွဲအကျိုးနည်းပြီး မလွဲမသွေ
ကျဆုံးရမှာဖြစ်တယ်။
စည်းလုံးညီညာစွာ
တိုက်ပွဲအရှိန်မြှင့်တင်ကြ။
(၇)
ရက်ဇူလိုင်တိုက်ပွဲဝင်စိတ်ဓါတ် စိုက်ထူကြ။
*****
(ဇူလိုင် (၇) ရက်
အရေးတော်ပုံအတွင်း ကျဆုံးသွားကြတဲ့
အာဇာနည်များအား
ဦးညွတ်အလေးပြုလိုက်ပါတယ်။)
ခင်မောင်ဝင်း
(၇
ရက်ဇူလိုင် ကျောင်းသားဟောင်းတဦး)
(၁၉၆၁-၆၄) စာသင်နှစ်။ အမှတ် (၅၀)၊
ပင်းယကျောင်းဆောင်။ |