ပြည်သူသာအမိ ပြည်သူသာအဖ

အဖွင့်စာမျက်နှာ သမိုင်းအကျဉ်း ဖွဲ့စည်းပုံစည်းမျဉ်း တပ်ပေါင်းစုရေးရာ ဆက်သွယ်ရန်

 

 
 

လေ့လာရေးအစုအဖွဲ့ ခေါင်းဆောင်မှုသင်တန်း ကျင်းပပြီးစီး

 

၂၈ ဇွန် ၂၀၀၈

“အလုပ်သမားတွေအနေနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခွင့်မရှိတာဟာ သူတို့မှာ လေ့လာစဉ်းစား ခွင့်တွေ မရကြလို့ဆိုတာ သိရှိအောင် လုပ်ရမယ်”လို့ လေ့လာရေး အစုအဖွဲ့ခေါင်းဆောင်မှုသင်တန်း တက်ရောက်ခဲ့တဲ့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ကိုမျိုးဇော်က ပြောပါတယ်။ သူက ဒီလိုပါဝင် နိုင်အောင်လည်း လေ့လာရေးအစုအဖွဲ့သဏ္ဍာန်တွေကို အသုံးပြုရမယ်လို့လည်း ပြောပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနဲ့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့တို့ ပူးတွဲလုပ်ဆောင်တဲ့ အလုပ် သမားများအကြား လေ့လာရေးအစုအဖွဲ့ ခေါင်းဆောင်မှုသင်တန်းဆင်းပွဲအပြီးမှာ ကိုမျိုးဇော်က ပြော ကြားခဲ့တာဖြစ်ပါတယ်။ ဇွန်လ (၂၃) ရက်နေ့ကနေ (၂၈) ရက်နေ့အထိ ကျင်းပခဲ့တဲ့ အဲဒီသင်တန်းမှာ ‘ကိုးလ်’(KOLB) ရဲ့သင်ကြားမှုပုံစံအကြောင်းကို အဓိက သင်ကြားခဲ့ပါတယ်။ အဲဒီသင်ကြားမှုပုံစံဟာ သင်တန်းသားများ၏ ပါဝင်လှုပ်ရှားမှုကို ပိုမိုလမ်းဖွင့်ပါဝင်စေတဲ့ ပုံစံတခုဖြစ်ကြောင်း သိရှိရပါတယ်။

သင်တန်းမှာ အလုပ်သမားများအတွင်းအခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် သတင်း အချက်အလက် ဖလှယ်ခြင်း၊ ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်း၊ စူးစမ်းလေ့လာခြင်းအပါအ၀င် စည်းရုံး ရေးနည်းလမ်းများ လုပ်ဆောင်မှုပုံစံများကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

သင်တန်းသူတဦးဖြစ်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ မတင်တင်နွယ်ကလည်း လေ့လာရေး အစုအဖွဲ့ ခေါင်းဆောင်တဦးအနေနဲ့ အဖွဲ့ဝင်တွေထံကနေ အချက်အလက်တွေ ဘယ်လိုရယူရမလဲ ဆိုတဲ့ နည်းလမ်းတွေကို သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် “အဖွဲ့ခေါင်းဆောင်ကောင်းတဦးမှာ တခြားသူတွေရဲ့ အမြင်တွေကို နားထောင်တတ်ရမယ်ဆိုတာ သိရှိခဲ့ရပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ အလုပ်သမားအသိပညာမြှင့်တင်ရေး သင်တန်းခန်းမမှာ ကျင်းပ တဲ့ သင်တန်းကို နည်းပြများအဖြစ် ဆွီဒင်နိုင်ငံ၊ အလုပ်သမားပညာပေးရေးအဖွဲ့က မစ္စတာ ဆိုရန် (Mr. Soren) နဲ့ မစ္စတာ လေ့ဖ် (Mr. Leif) တို့က တာဝန်ယူခဲ့ပြီး ရောင်ခြည်ဦးအလုပ်သမားအဖွဲ့မှ သင်တန်းသား ၅ ဦး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ သင်တန်းသား ၆ ဦး တက်ရောက်ခဲ့ပါ တယ်။ အဲဒီသင်တန်းကို ဆွီဒင်နိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ကူညီခဲ့တာဖြစ်ပါတယ်။

 

 

     
 
 

သင်တန်းမှတ်တမ်းဓါတ်ပုံများ

 

 


လတ်တလော လုပ်ငန်းစဉ်နှင့် အထွေထွေ နိုင်ငံရေးသဘောထား

 

အလုပ်သမား၊ လယ်သမားကဏ္ဍ

 

အမျိုးသမီးနှင့် လူငယ်ကဏ္ဍ

 

 
 

 

Copyright © 2007 Democratic Party for a New Society. All Rights Reserved.