|
၁၃ မတ် ၂၀၀၉
“အစီအစဉ်ရှိသူက
အစီအစဉ်မရှိသူကို နိုင်မှာပဲ” ဟု မစ္စတာ
ဒေးဗစ်ဘဲက မတ်လ (၁၁) ရက်နှင့် (၁၂)
ရက်နေ့များတွင် ကျင်းပသော
‘Standardizing and Professionalizing
Data Collection’
အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် အဖွဲ့အစည်းများ
အနေဖြင့် သတင်းများကို မည်သို့
စုဆောင်းမည်နည်းဆိုသည့် အချက်နှင့်
ထိုသတင်းအချက်အလက် များကို
မည်သို့အသုံးပြုမည်နည်းဆိုသည်ကို အဓိကထား
ဆွေးနွေးကြခြင်းဖြစ်သည်။
မစ္စတာ ဒေးဗစ်ဘဲက
ဆွေးနွေးပွဲတွင် စံချိန်စံညွှန်း
သတ်မှတ်မှုရှိသော သတင်းစုဆောင်း ခြင်းနှင့်
ပတ်သက်ပြီး ၎င်း၏ အတွေ့အကြုံ နမူနာများဖြင့်
ဆွေးနွေးသွားပါသည်။ ရရှိသော သတင်း
အချက်အလက်များဟာ စံချိန်စံညွှန်း
ပြည့်မှီမှသာလျှင် အများ၏
ယုံကြည်လက်ခံခြင်းကို ခံရမည်
ဖြစ်ကြောင်းလည်း ပြောဆိုသွားပါသည်။
ဆွေးနွေးပွဲသို့
တက်ရောက်ခဲ့သော
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
ဌာနချုပ်ရုံး၊ ရုံးအဖွဲ့ မှူး
ကိုဇင်မင်းလတ်မှ “ကျနော်တို့အနေနဲ့
သတင်းတွေကို အချက်အလက်ဖြစ်သာ
စုဆောင်းခြင်း ကနေ
လုပ်ငန်းအကောင်အထည်ပေါ်အောင်
ဘယ်လိုလုပ်ရမယ်ဆိုတာတွေကို
ဒီဆွေးနွေးပွဲကနေ သိရှိရပါတယ်” ဟု
ပြောဆိုခဲ့သည်။
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ
အလုပ်သမားအသိပညာမြှင့်တင်ရေး သင်တန်းခန်းမ
တွင် ကျင်းပသည့် အဆိုပါ
အလုပ်ရုံဆွေးနွေးပွဲကို လူ့ဘောင်သစ်
ဒီမိုကရက်တစ်ပါတီနှင့် (IRI) တို့မှ
ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်ပြီး (FDB)
အဖွဲ့ဝင် အဖွဲ့အစည်းများမှ
သင်တန်းသားများအပြင် (SYCB)၊ (KYO)
တို့မှလည်း သင်တန်းသားများ
စေလွှတ်ခဲ့ကြသည်။
သင်တန်းနောက်ဆုံးနေ့
နေ့လည်ပိုင်းတွင် ပါတီဥက္ကဋ္ဌ
ကိုအောင်မိုးဇော် ဦးဆောင်သော လူ့ဘောင်သစ်
ဒီမိုကရက်တစ်ပါတီမှ သင်တန်းသားများနှင့်
သင်တန်းနည်းပြ မစ္စတာ ဒေးဗစ်ဘဲတို့၏
သီးခြားဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
|