ပြည်သူသာအမိ ပြည်သူသာအဖ

အဖွင့်စာမျက်နှာ သမိုင်းအကျဉ်း ဖွဲ့စည်းပုံစည်းမျဉ်း တပ်ပေါင်းစုရေးရာ ဆက်သွယ်ရန်

 

 
 

ဆွီဒင်ဆိုရှယ်ဒီမိုကရက်ပါတီအကြောင်း ဆွေးနွေးပွဲပြုလုပ်

 

 

၉ ဇန်နဝါရီ ၂ဝဝ၉

“ဘယ်သူတွေ ဆုံးဖြတ်ချက်ကို ပြုလုပ်တာလဲ ဆိုတဲ့အပေါ်ကနေ ဆုံးဖြတ်ချက်တွေ ကွဲပြားနိုင်တယ်၊ ဒါကြောင့် ဆုံးဖြတတ်ချက် ချမှတ်တဲ့နေရာမှာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ အလွှာပေါင်းစုံပါဝင်ဖို့ လိုအပ် တယ်”လို့ ဇန်နဝါရီလ (၇) ရက်နေ့၊ မနက် (၁၀) နာရီကနေ ည (၈) နာရီအထိ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ အလုပ်သမား အသိပညာမြှင့်တင်ရေးခမ်းမမှာ ကျင်းပတဲ့ ဆွေးနွေးပွဲအတွင်း မစ္စတာ ခရစ်တန်(Mr. Cristian)က ပြောပါတယ်။  

ဒီဆွေးနွေးပွဲမှာ ဆွီဒင်ဆိုရှယ်ဒီမိုကရက်နဲ့ ဥရောပဆိုရှယ်ဒီမိုကရက်ပါတီဝင်တွေဖြစ်ကြတဲ့ မစ္စတာ ခရစ်တန်နဲ့ မစ္စ ဖရီးဒါ(Mrs Frida) တို့က ဆွီဒင်ဆိုရှယ်ဒီမိုကရက်ပါတီ ဖြစ်တည်လာပုံ၊ သမိုင်း ကြောင်း၊ ရပ်တည်ချက်၊ ယုံကြည်ချက်များအပြင် ဆွီဒင်နိုင်ငံရဲ့ လက်ရှိအခြေအနေများကိုပါ ရှင်းလင်းခဲ့တဲ့အပြင် တက်ရောက်လာတဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်တွေရဲ့ မေးမြန်းချက်နဲ့ ဆွေးနွေးချက်များကိုလည်း ပြန်လည်ဆွေးနွေးရှင်းလင်းခဲ့ပါတယ်။  

ဆွီဒင်ဆိုရှယ်ဒီမိုကရက်တစ်ပါတီကို အလုပ်သမားသမဂ္ဂများ စုစည်းပြီး ၁၈၈၉ ခုနှစ်၊ ဧပြီလ (၂၃) ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ပါတီဟာ မာ့က်စ်ရဲ့ နိုင်ငံရေးသဘောတရားနဲ့ လစ်ဘရယ် စီးပွားရေးဝါဒအပေါ် အခြေခံထားတာဖြစ်ကြောင်း သိရှိရပါတယ်။ ပါတီစတင်ဖွဲ့စည်းစဉ်မှာ လူတိုင်း မဲပေးခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့ရပြီး အဲဒီနောက်မှာ လူ့အဖွဲ့အစည်းအတွင်း တရားမျှတမှု အတွက် ဆက်လက်လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။  

ဆွီဒင်နိုင်ငံမှာ လူမှုဖူလုံရေးစနစ်(Social Welfare) ရှိတဲ့အတွက် အမေရိကန်နိုင်ငံအပါအဝင် အနောက်နိုင်ငံများနဲ့ ယှဉ်ကြည့်ရင် ဆင်းရဲချမ်းသာကွာဟမှု ကျဉ်းမြောင်းတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် (Globalization) လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ လက္ခဏာဆောင်တဲ့ ဖြစ်စဉ်ရဲ့ ရိုက်ခတ်မှုများ ကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ အခွန်အကောက် မြင့်မားတဲ့အတွက် စက်ရုံအလုပ်ရုံတွေဟာ လုပ်ခဈေးပေါပြီး စည်းမျဉ်းစည်းကမ်း လျှော့ရဲတဲ့ နိုင်ငံတွေဆီကို ရွှေ့ပြောင်းမှုတွေနဲ့ ရင်ဆိုင်နေရ တယ်လို့ ဆိုပါတယ်။ အခုအခါ အလုပ်လက်မဲ့ (၇) ရာခိုင်နှုန်းရှိနေပြီး လာမဲ့နှစ်မှာ ဆက်လက်တိုးမြင့် လာဖွယ်ရှိတယ်လို့ ဆိုပါတယ်။  

ဆွေးနွေးပွဲကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ တွဲဖက် အထွေထွေအတွင်းရေးမှူး ကိုငွေလင်း အပါအဝင် ပါတီဝင် (၁၃) ဦး တက်ရောက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ ဆွီဒင်ဆိုရှယ်ဒီမိုကရက်ပါတီ ဟာ ကမ္ဘာတဝှမ်းရှိ နိုင်ငံရေးပါတီ အများအပြားနဲ့ ပါတီချင်းဆက်ဆံရေးများ တည်ထောင်ထားပါ တယ်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနဲ့ ၂၀၀၇ ခုနှစ်က စတင်ပြီး ပါတီချင်းဆက်ဆံရေး တည်ထောင်ထားရှိပါတယ်။

 

 

 
 

 

 

 


လတ်တလော လုပ်ငန်းစဉ်နှင့် အထွေထွေ နိုင်ငံရေးသဘောထား

 

အလုပ်သမား၊ လယ်သမားကဏ္ဍ

 

အမျိုးသမီးနှင့် လူငယ်ကဏ္ဍ

 

 
 

 

Copyright © 2007 Democratic Party for a New Society. All Rights Reserved.