|
၂၅
ဇူလိုင် ၂၀၀၉
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီ
အထူးအစည်းအဝေးကို ဇူလိုင်လ (၂ဝ) ရက်နေ့မှ
(၂၄) ရက်နေ့အထိ
ထိုင်း-မြန်မာနယ်စပ်တနေရာတွင်
ကျင်းပခဲ့သည်။ အစည်းအဝေး တက်ရောက်
ခွင့်ရှိသူ ၂၃ ဦး ရှိသည့်အနက်
ထိုအစည်းအဝေးသို့ ဗဟိုကော်မတီဝင် ၁၁ ဦး
တက်ရောက်ခဲ့ပြီး အစည်းအဝေးနှင့်ပတ်သက်၍
(Mandate) ပေးပို့သူ ၇ ဦး ရှိကြောင်း
သိရှိရသည်။
“ကျနော်တို့အနေနဲ့
အစည်းအဝေးကို မတက်ရောက်နိုင်တဲ့ အဝေးရောက်
ပါတီ ဗဟို ကော်မတီဝင်တွေထံကိုလည်း
ဆွေးနွေးမယ့် အကြောင်းအရာတွေနဲ့
ပြင်ဆင်တိုးချဲ့ဖို့ လိုအပ်တဲ့
အကြောင်းအရာတွေကို ကြိုတင်ပေးပို့ခဲ့ပြီး
သူတို့ရဲ့ သဘောထားတွေကို တတ်နိုင်သလောက်
ရယူခဲ့ ပါတယ်” ဟု
တွဲဘက်အထွေထွေအတွင်းရေးမှူး ရဲဘော်
ငွေလင်းက ပြောကြားသည်။
အထူးအစည်းအဝေးသို့
ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီမှ
လက်ရှိနိုင်ငံရေးဖြစ်စဉ် အပေါ်
ခြုံငုံသုံးသပ်ချက် အစီရင်ခံစာနှင့်
ပါတီလုပ်ငန်းအစီရင်ခံစာကို အကျေအလည်
ဆွေးနွေးခဲ့ကြ သည်။ အစည်းအဝေးအတွင်း
ဦးဝင်းတင်၏ နိုင်ငံရေးသစ်အပေါ်
အမြင်နှင့်ပါတ်သက်၍ ဆွေးနွေးခဲ့ ကြပြီး
ပါတီအနေဖြင့် မည်ကဲ့သို့
ပါဝင်ဆောင်ရွက်သင့်သည်ကိုလည်း
ဆွေးနွေးခဲ့ကြသည်။
ဗဟိုကော်မတီဥက္ကဋ္ဌ
ရဲဘော် အောင်မိုးဇော်က “ပါတီကို ရေရှည်မှာ
အရည်အချင်းကောင်း တဲ့
နိုင်ငံရေးပါတီတရပ်အဖြစ်
တည်ဆောက်မယ်ဆိုလို့ရှိရင်တော့
ရှိနှင့်ပြီးသား အနိမ့်ဆုံးအဆင့်
စည်းမျဉ်းစည်းကမ်းတွေကို
ကျနော်တို့ပါတီရဲ့ တာဝန်ရှိတဲ့
လူတွေအားလုံး အလေးအနက်ထားကြဖို့
လိုလိမ့်မယ်လို့ ကျနော်ယူဆပါတယ်၊
အဲဒီလိုမှ အလေးအနက်မထားဘူးဆိုလို့ရှိရင်
ကျနော်တို့ပါတီ ရေရှည်မှာ
အရည်အချင်းကောင်းတဲ့
နိုင်ငံရေးပါတီတရပ်အဖြစ်
တည်ဆောက်နိုင်ဖို့ဆိုတာ ခက်ခဲပါ
လိမ့်မယ်’ဟု ပြောဆိုသွားသည်။
အစည်းအဝေးတွင်
ပါတီတည်ဆောက်ရေးနှင့်ပတ်သက်၍
ဆွေးနွေးရာတွင် ကျောင်းသား လူငယ်၊
အလုပ်သမားလူငယ်၊ လယ်သမားလူငယ်၊
လူမျိုးစုလူငယ်များကို အဓိက
ဇောင်းပေးစည်းရုံး သွားရန်နှင့်
ပါတီနိုင်ငံရေး သင်တန်းကျောင်း ဖွင့်လှစ်၍
ပါတီဝင် အမြုတေ ကေဒါများကို လေ့ကျင့်
မွေးမြူသွားနိုင်ရေး ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် လက်ရှိဖြစ်ပေါ်နေသော
နိုင်ငံရေးအခြေအနေများနှင့်
ဖြစ်ပေါ်လာနိုင်သော အခြေအနေများကို
ရင်ဆိုင်ကျော်လွှားသွားနိုင်ရေးအတွက်
နိုင်ငံရေးဦးတည်ချက် (၄) ရပ်နှင့်
လတ်တလောလုပ်ငန်းစဉ် (၉) ရပ်တို့ကို
ရေးဆွဲချမှတ်နိုင်ခဲ့သည်။
ပါတီခေါင်းဆောင်မှုအဖွဲ့အစည်း ကိုလည်း
ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ထိုသို့
ပြင်ဆင်ဖွဲ့စည်းမှုအရ ဥက္ကဌ
ရဲဘော်အောင်မိုးဇော် ဦးဆောင် လျက်
အဖွဲ့ဝင် ၈ ဦးပါ ဗဟိုဦးဆောင်ကော်မတီကို
ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။
x
x x x x
|