ပြည်သူသာအမိ ပြည်သူသာအဖ
အဖွင့်စာမျက်နှာ သမိုင်းအကျဉ်း ဖွဲ့စည်းပုံစည်းမျဉ်း တပ်ပေါင်းစုရေးရာ ဆက်သွယ်ရန်
"acrra what next" နှီးနှောဖလှယ်ပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်
Sweden Siminar 1
၁၃ ဒီဇင်ဘာ ၂ဝဝ၈
ဆွီဒင်ဆိုရှယ်ဒီမိုကရက်တစ်ပါတီ၏ ဖိတ်ကြားချက်အရ ဆွီဒင် နိုင်ငံတကာဖွံဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ Swedish International Development Cooperation Agency (Sida) ၏ လူမှုအခြေပြုဗဟိုဌာနတွင် နိုဝင်ဘာလ (၁၇) ရက်မှ (၁၉) ရက်နေ့အထိ ကျင်းပသည့် "acrra what next" နှီးနှောဖလှယ်ပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်အဖြစ် မယဉ်ယဉ်မွန်နှင့် နော်မေဘယ်လ်ထူးတို့ တက်ရောက်ခဲ့သည်။ 
            ဖွံ့ဖြိုးပြီးနိုင်ငံများမှ အန်ဂျီအိုများအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံ၏ လူ့အဖွဲ့အစည်းများအတွင်းသို့ အကူအညီများ ပေးအပ်သောအခါ ထိရောက်မှုရှိရန် မသေချာကြောင်းနှင့် ထိုသို့ဖြစ်ရခြင်းမှာ ဖွံ့ဖြိုးဆဲ နိုင်ငံများရှိ သက်ဆိုင်ရာ အစိုးရများနှင့် သက်ဆိုင်ကြောင်း၊ အစိုးရများနှင့် တိုက်ရိုက်မဆက်သွယ်ဘဲ လူ့အဖွဲ့အစည်းများမှတဆင့် လူ့အဖွဲ့အစည်းအချင်းချင်း သွယ်ဝိုက်သောနည်းဖြင့် ကူညီလျှင် ပို၍ ထိရောက်နိုင်ကြောင်း နှီးနှောဖလှယ်ပွဲတွင် ဆွေးနွေးခဲ့ကြသည်။ 
            နှီးနှောဖလှယ်ပွဲသို့ ဖိလစ်ပိုင်၊ မြန်မာ၊ မလေးရှား၊ တောင်အာဖရိက၊ ကိုလံဘီယာ၊ ဇင်ဘာ ဘွေ၊ မာလာဝီ၊ တန်ဇင်းနီးယား၊ ရဝမ်ဒါ၊ ပါရာဂွေး၊ ဂွါတီမားလား၊ ကင်ညာ၊ ဆွီဒင်နိုင်ငံတို့မှ NGO အဖွဲ့အစည်းဆိုင်ရာ ကိုယ်စားလှယ် ၅၆ ဦး တက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ အဖြစ် မိမိတို့အပြင် မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက်မှ ကိုအောင်မင်းဦးလည်း တက်ရောက်ခဲ့ကြသည်။ 
            နှီးနှောဖလှယ်ပွဲအပြီးတွင် ဆွီဒင် ဆိုရှယ်ဒီမိုကရက်တစ်ကျောင်းသားလူငယ်အဖွဲ့အစည်း၊ ဆွီဒင်ပါလီမန် နိုင်ငံခြားရေးရာအဖွဲ့ဝင်များ၊ ဆွီဒင်ကျောင်းသားသမဂ္ဂ အတွင်းရေးမှူးနှင့်လည်း ကောင်း၊ ဆွီဒင်အခြစိုက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Burma group နှင့်လည်းကောင်း၊ (Green youth party) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပါတီမှ ပြောရေးဆိုခွင့်ရှိသူတို့နှင့် လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့သည်။ စတော့ဟုမ်းတက္ကသိုလ် ကျောင်းသားမဂ္ဂဇင်းနှင့် တွေ့ဆုံ၍ မြန်မာ့အရေးများ ဖြေကြားခဲ့သည်။ 
            ဆွီဒင်ပါလီမန် နိုင်ငံခြားရေးရာကော်မတီဝင် Olle Thorell နှင့် တွေ့ဆုံရာတွင် ၎င်းမှ ၂၀၁၀ ရွေးကောက်ပွဲကို မည်သို့သဘောထားပါသနည်းဟု မေးမြန်းခဲ့သည်။ မိမိတို့မှ ၂၀၁၀ ရွေးကောက်ပွဲ သည် ပြည်သူလူထုဆန္ဒနှင့် ပြုလုပ်မည့် ရွေးကောက်ပွဲမဟုတ်ဘဲ စစ်အာဏာရှင်အလိုကျ ပြုလုပ်မည့် ရွေးကောက်ပွဲဖြစ်သောကြောင့် အပြည့်အဝ ကန့်ကွက်ပါကြောင်း ဖြေကြားခဲ့သည်။  
            အကယ်၍ စစ်မှန်သော ဒီမိုကရေစီစနစ်ကို မြန်မာစစ်အာဏာရှင်အနေနှင့် အမှန်တကယ် အလိုရှိပါက အဓမ္မဖမ်းဆီး အရေးယူထားသော နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်၊ စက်တင်ဘာ လှုပ်ရှားမှုအတွင်း သတ်ဖြတ်ခဲ့သော အမှုများကို စစ်ဆေးဖော်ထုတ်သင့်သည်ဟုလည်း ထောက်ပြခဲ့ သည်။
            လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် NLD ပါဝင်ရန် ကမ္ဘာ့အချို့နိုင်ငံများမှ အကြံပေးသည့် အပေါ် မည်သို့သဘောထားပါသလဲဆိုသော မေးခွန်းကို လူထု အမှန်ရွေးကောက်ထားသော ၉၀ ရွေးကောက်ပွဲကို အကောင်အထည်မဖော်ပေးသရွေ့ နောင်လာမည့် ရွေးကောက်ပွဲများကို ဝင်ရောက်ရန် NLD အနေဖြင့် ခက်ခဲမည်ဖြစ်ကြောင်းနှင့် လူ့ဘောင်သစ်အနေနှင့်လည်း NLD ၏ လုပ်ဆောင်မှုများကို အပြည့်အဝ ထောက်ခံပါသည်ဟု ဖြေကြားခဲ့သည်။
Sweden Siminar 2
Sweden Siminar 3
Sweden Siminar 4
  Sweden Siminar 5
လတ်တလော လုပ်ငန်းစဉ်နှင့် အထွေထွေ နိုင်ငံရေးသဘောထား
အလုပ်သမား၊ လယ်သမားကဏ္ဍ
အမျိုးသမီးနှင့် လူငယ်ကဏ္ဍ
Copyright © 2007 Democratic Party for a New Society. All Rights Reserved.