ပြည်သူသာအမိ ပြည်သူသာအဖ

အဖွင့်စာမျက်နှာ သမိုင်းအကျဉ်း ဖွဲ့စည်းပုံစည်းမျဉ်း တပ်ပေါင်းစုရေးရာ ဆက်သွယ်ရန်

 

 
 

(DPNS) နှင့် (ABSDF) ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး

 

Meeting Photo1

 

၎ နိုဝင်ဘာ ၂ဝဝ၈

ဥက္ကဌ ကိုအောင်မိုးဇော် ဦးဆောင်သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်များနှင့် ဥက္ကဌ ကိုသံခဲ ဦးဆောင်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမို ကရက်တစ်တပ်ဦး(ABSDF) ဗဟိုဦးဆောင်ကော်မတီအဖွဲ့ဝင်များ၏ တွေ့ဆုံပွဲကို လူ့ဘောင်သစ်ဒီမို ကရက်တစ်ပါတီ ဌာနချုပ်ရုံးတွင် နိုဝင်ဘာလ (၄) ရက်နေ့၊ ညနေ (၆) နာရီ၌ ပြုလုပ်ခဲ့သည်။

ထိုတွေ့ဆုံပွဲတွင် ယနေ့ဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေးအခြေအနေနှင့် အနာဂါတ်ဖြစ်ပေါ်လာနိုင် သော အခြေအနေများနှင့်ပါတ်သက်၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် အဖွဲ့အစည်းနှစ်ခုအကြား ရင်ဆိုင်တွေ့ကြုံနေရသော အခက်အခဲများနှင့် ပါတ်သက်၍လည်း
ရင်းရင်းနှီးနှီး ဆွေးနွေးပြီး အကြံဉာဏ်များ ရယူခဲ့ကြသည်။ ရင်ဆိုင်ကြရမည့် ပြဿနာများကို ညီနောင်မဟာမိတ်အဖွဲ့များဖြစ်သော (DPNS) နှင့် (ABSDF) တို့အကြား သွေးစည်းညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန်လည်း သဘောတူညီခဲ့ကြသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး တို့သည် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးမှ ပေါက်ဖွားပေးလိုက်ပြီး ကျောင်းသားလူငယ် များဖြင့် ဖွဲ့စည်းထားသည်။

 

 

 

 
 
 

 

 

 


လတ်တလော လုပ်ငန်းစဉ်နှင့် အထွေထွေ နိုင်ငံရေးသဘောထား

 

အလုပ်သမား၊ လယ်သမားကဏ္ဍ

 

အမျိုးသမီးနှင့် လူငယ်ကဏ္ဍ

 

 
 

 

Copyright © 2007 Democratic Party for a New Society. All Rights Reserved.