|
၂၈
ဒီဇင်ဘာ ၂ဝဝ၈
ကမ္ဘာ့ရွှေ့ပြောင်းအလုပ်သမားနေ့
(International
Migrants Day)
အထိမ်းအမှတ်စကားဝိုင်း
တစ်ခုကို ဒီဇင်ဘာလ (၂၁) ရက်နေ့က
ရောင်ခြည်ဦးအလုပ်သမားများရုံးခန်းတွင်
ကျင်းပပြုလုပ်ခဲ့
ကြသည်။
ထိုစကားဝိုင်းတွင်
“ကမ္ဘာ့ရွှေ့ပြောင်းအလုပ်သမားများ၏
နောက်ခံသမိုင်းနှင့် ရပိုင်ခွင့်ဆိုင်ရာ
ပြဋ္ဌာန်းချက်များ”
ခေါင်းစဉ်ဖြင့်
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
တွဲဘက်အထွေထွေအတွင်းရေးမှူး ကိုငွေလင်းမှ
ဆွေးနွေးတင်ပြပြီး
Map Foundation ၏
တာဝန်ရှိသူမှ ထိုင်းနိုင်ငံရောက်
ရွှေ့ပြောင်း
အလုပ်သမားများ၏ အခွင့်အရေးနှင့် လက်တွေ့
နစ်နာဆုံးရှုံးနေရမှုများကို
ဆွေးနွေးတင်ပြပါသည်။
ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့
ယာယီတာဝန်ခံ ကိုထွေးနိုင်မှ ဤစကားဝိုင်းပြုလုပ်ရ
ခြင်း၏ ရည်ရွယ်ချက်နှင့်
ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့၏
ဆောင်ရွက်လှုပ်ရှားနေမှုများကို
ဆွေးနွေးတင်ပြပါသည်။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့၏
တာဝန်ရှိသူ မနိုင်မှ စကားဝိုင်း၏
အကျိုးဆောင်အဖြစ်
ဆောင်ရွက်ပေးခဲ့ပြီး စကားဝိုင်းအပြီးတွင်
အလုပ်သမားများနှင့်အတူ ပျော်ရွှင်
ဖွယ်ရာ
ကစားပွဲများ(Games)
ကို ဦးဆောင်ပြုလုပ်ပေးခဲ့ပါသည်။
ထိုစကားဝိုင်းသို့
ရွှေ့ပြောင်းအလုပ်သမားများ (၁ဝဝ) ကျော်
တက်ရောက်ဆွေးနွေးခဲ့ကြပြီး ရောင်ခြည်ဦး
အလုပ်သမားများအဖွဲ့မှ ထုတ်ဝေဖြန့်ချိသော
“အရုဏ်သစ်ရဲ့
ကမ်းလင့်လက်များ”
တေးသီချင်းနှင့်
‘ပြောဇာတ်’
စီဒီခွေကို ဖြန့်ဝေပေးခဲ့ကြသည်ဟု
သိရှိရပါသည်။
ကမ္ဘာ့ရွှေ့ပြောင်းအလုပ်သမားနေ့ကို
ဒီဇင်ဘာ (၁၈) ရက်နေ့တွင် ကမ္ဘာ့နိုင်ငံအနှံ့အပြား၌
ပုံသဏ္ဌာန်အမျိုးမျိုးဖြင့်
အထိမ်းအမှတ်
ပြုလုပ်ကျင်းပကြရန်
ကမ္ဘာ့ကုလသမဂ္ဂ
အထွေထွေညီလာခံ
ကြီးမှ ၂ဝဝဝ ပြည့်နှစ်တွင် စတင်ကြေညာ
သတ်မှတ်ပေးခဲ့ခြင်းဖြစ်ပါသည်။ |