|
မြန်မာပြည်
ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (DAB)
ပဉ္စမအကြိမ်မြောက် ညီလာခံကျင်းပခြင်း
၁၃ စက်တင်ဘာ
၂၀၀၇ (နယ်စပ်တနေရာ)
မြန်မာနိုင်ငံ
ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်(DAB)၏
ပဉ္စမအကြိမ်မြောက် ညီလာခံ၏
ထုတ်ပြန်ကြေညာချက်တွင်
(နအဖ)စစ်အစိုးရ၏ လမ်းပြမြေပုံကို
နိုင်ငံရေး၊ စစ်ရေး စသည့်
နည်းလမ်းပေါင်းစုံဖြင့်
တိုက်ဖျက်သွားမယ်လို့ ဖေါ်ပြထားပါတယ်။
ထို့အပြင် လက်ရှိဖြစ်ပေါ်နေသည့် လူထု
လှုပ်ရှားမှုများကို
အထွေထွေလူထုတိုက်ပွဲအဆင့်သို့
တွန်းတင်သွားရန်နှင့် တပြိုက်နက်တည်း
တွင် လူထုတိုက်ပွဲနှင့်
လက်နက်ကိုင်တိုက်ပွဲ
ပေါင်းစပ်သွားနိုင်ရေးအတွက်
ပြင်ဆင်ဆောင်ရွက်သွား ရန်၊
(နအဖ)စစ်တပ်တွင်းမှ
တပ်မှူးတပ်သားများအား ပြည်သူလူထုဖက်မှ
ရပ်တည်လာစေရေး အတွက်
စည်းရုံးသွားရန်တို့ ပါရှိပါတယ်။
ထိုင်း-မြန်မာ
နယ်စပ်တနေရာတွင် ၂၀၀၇ ခုနှစ်၊
စက်တင်ဘာလ (၁၀) ရက်မှ (၁၂) ရက်နေ့ အထိ
ကျင်းပပြုလုပ်ခဲ့ပါသော
အဆိုပါညီလာခံမှနေ၍ ယနေ့ဖြစ်ပေါ်နေသော
အခြေအနေအရပ်ရပ်ကို ဘက်ပေါင်းစုံမှ
ကြည့်မြင်သုံးသပ်ပြီး
နိုင်ငံရေးလုပ်ငန်းစဉ် (၆)ရပ်နှင့်
လတ်တလောလုပ်ငန်းစဉ် (၃) ရပ်
အတည်ပြုချမှတ်ခဲ့ပါသည်၊
ပဉ္စမအကြိမ်ညီလာခံသို့
မြန်မာနိုင်ငံ
ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်(DAB)
အဖွဲ့ဝင် အဖွဲ့အစည်း စုစုပေါင်း (၂၂)
ဖွဲ့ တက်ရောက်ခဲ့ပြီး ပဉ္စမအကြိမ်
ညီလာခံသက်တမ်းကာလအတွင်း မြန်မာနိုင်ငံ
ဒီိမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်(DAB)အား
ဦးဆောင်သွားရန် ဗိုလ်ချုပ်ကြီး
တာမလာဘော ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့်
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၁၃)
ဦးကို ရွေးချယ် တင်မြှောက်ခဲ့ပါသည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)
နှင့် ရှမ်းပြည်လူမျိုးပေါင်းစုံ
ပြည်သူ့ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) မှ
အထူးဖိတ်ကြားထားသူများ
တက်ရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံ
အလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ (BLSO)
အား အဖွဲ့ဝင်သစ်အဖြစ်
လက်ခံအတည်ပြုခဲ့ပါ သည်။
ပဉ္စမအကြိမ်ညီလာခံသို့
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ
ကိုယ်စားလှယ် (၃) ဦး စေလွှတ်ခဲ့ပါသည်။ |