Posted by DPNS on July 31st, 2010 in လှုပ်ရှားမှုသတင်း
“ဆိုရှယ်ဒီမိုကရေစီနဲ့ ပတ်သက်ပြီး အမြင်အမျိုးမျိုး ရှိကြပါတယ်။ ဒါပေမယ့် ခင်ဗျားအနေနဲ့ ဆိုရှယ်လစ်တဦး ဖြစ်ချင်တယ်ဆိုရင် မညီမျှတဲ့ လူ့အဖွဲ့အစည်းကို ညီမျှတဲ့ လူ့အဖွဲ့အစည်းအဖြစ် ပြောင်းပစ်ရမယ်လို့ ယုံကြည်ရမယ်”ဟု မိုက်ကယ်ကာလ်ဆမ် (Mikael Karlsson) က ‘ဆိုရှယ်ဒီမိုကရေစီဆိုတာ ဘာလဲ’ (What is Social Democracy?) ဆိုသည့် အလုပ်ရုံဆွေးနွေးပွဲတွင် ပြောသည်။ သူကဆက်ပြောရာတွင် ဆိုရှယ်ဒီမိုကရေစီစနစ်သည် လူသားတို့၏ နေ့စဉ် လက်တွေ့ ရုန်းကန်တိုက်ပွဲများကြားမှ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြစ်သည်ဟု ဆိုသည်။
Posted by DPNS on July 27th, 2010 in သတင်းဒိုင်ယာရီ
ကြံ့ဖွံ့အသင်း ဖျက်သိမ်းပြီး ပါတီကို ပိုင်ဆိုင်မှုများလွှဲ တပ်တွင်း မကြေနပ်မှုများ တိုးလာနေ ၂၀၁၀ ရွေးကောက်ပွဲ ဗြိတိသျှအစိုးရ လက်မခံ KSPP အား ယခုလကုန်ပိုင်းတွင် လက်ခံရန် ကော်မရှင်ပြောကြား နအဖကို အရေးယူနိုင်ရေး ပညာရှင်များဆွေးနွေး July 14 မြန်မာစစ်အစိုးရဟာ အရပ်သား ပြည်သူတွေ အပေါ်မှာ တရားမဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာ၊ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ၊ နေရပ်ဒေသတွေကနေ အဓမ္မ ရွှေ့ပြောင်းခိုင်းတာ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာစတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်နေတဲ့အတွက် ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) အဆိုပြုခဲ့သလိုမျိုး ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး မြန်မာနိုင်ငံတွင်း [...]
Posted by DPNS on July 25th, 2010 in ဖတ်စရာ၊ မှတ်စရာ, ၂၀၁၀
(၂၀၁၀) ခုနှစ်လယ် ရောက်လာပြီးဖြစ်၍ မြန်မာ့နိုင်ငံရေးတွင် စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ငြင်းခုံသံများ ပိုမို ကျယ်လောင်သည်ကို တွေ့ရပေသည်။ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် အသံထက် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သည့် အသံက အခြားဒေသများနည်းတူ မွန်တို့ဒေသတွင်လည်း ပိုမို ကျယ်လောင်လာသည်ကို တွေ့နေရပေသည်။ ၂၀၁၀ ရွေးကောက်ပွဲ၏ အခြေခံအနှစ်သာရများ (၂၀၁၀) ရွေးကောက်ပွဲသည် စစ်အစိုးရ၏ စည်းကမ်းပြည့်ဝသည့် လမ်းညွှန် ဒီမိုကရေစီ လမ်းပြမြေပုံ၏ အဆင့်တခုဖြစ်သည်။ တနည်းအားဖြင့် စစ်အစိုးရ၏ အာဏာတည်မြဲရေး လမ်းပြမြေပုံ (၇) ဆင့်၏ (၅) ဆင့်မြောက် ဖြစ်သည်။ ဤအဆင့်ကို ကျော်ဖြတ်နိုင်ပါက စစ်အစိုးရသည် တိုင်းပြည်အာဏာကို ရှေရှည် ထိန်းထားနိုင်မည်ဖြစ်သည်။
Posted by DPNS on July 23rd, 2010 in ဆောင်းပါး
နအဖဟာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ဥပဒေတွေ၊ အမိန့်တွေ ထုတ်ပြန်ထားပြီး ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကိုတော့ မကြေငြာဘဲထားတယ်။ နအဖ ဒီလိုလုပ်တာဟာ နအဖရဲ့ ခြေလှမ်းတွေနဲ့ နအဖရဲ့ဦးတည်ချက်တွေကို ရိုးရိုးရှင်းရှင်း ပွင့်ပွင့်လင်းလင်း မတင်ပြရဲတာပဲ ဖြစ်တယ်။ နအဖဟာ ဘယ်အင်အားစုကိုမဆို ယုံကြည်စိတ်ချသူမဟုတ်ပါ။ ပြည်သူကိုလည်း အမြဲတမ်း လိမ်လည်လှည့်ဖြား အကြမ်းဖက်နေတာပဲ ဖြစ်နေတယ်။ ဒါကြောင့် သူဘာကိုပဲပြောပြော အမှန်အတိုင်း မပြောရဲဘူး။ အခု ဒီမိုကရေစီဖော်ဆောင်မယ်ဆိုပြီး ပြောပါတယ်။ ဒါပေမယ့် သူ့ရဲ့(၂၀၀၈) အခြေခံဥပဒေကိုပဲ ကြည့်ကြည့် အခု ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အမိန့်တွေ၊ ဥပဒေတွေ ထုတ်နေပြန်တာပဲကြည့်ကြည့် ဘာဒီမိုကရေစီအငွေ့အသက်မှ မရှိတာ တွေ့ရမှာပဲ။
Posted by DPNS on July 20th, 2010 in သတင်းဒိုင်ယာရီ
စစ်တွေနည်းပညာတက္ကသိုလ်ကျောင်းသားများဆန္ဒပြ ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ သွားရောက်မည် ရွေးကောက်ပွဲ ဆန့်ကျင်ရေး မလေးရှားဆောင်ရွက်မည် စစ်သားများတပ်မှအစုလိုက် နှုတ်ထွက်နေကြ ကျောင်းသားလှုပ်ရှားမှုများ ဆက်ရှိနေမည်ဟု ကျောင်းသားများပြော July 7 ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းအတွင် ကျောင်းသားတွေ အစုလိုက်အပြုံလိုက် အသတ်ဖြတ်ခံခဲ့ရတဲ့ ၄၈ နှစ်မြောက် 7 July အထိမ်းအမှတ် အခမ်းအနားတွေကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဇူလိုင် ၇ ရက် မှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။ ၂၀၀၇ မျိုးဆက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကျောင်းသားတွေက ဦးဆောင်ကျင်းပခဲ့တာဖြစ်ပါတယ်။ ရန်ကုန်မြို့က တက္ကသိုလ်တွေနဲ့ အထက်တန်း ကျောင်းတွေမှာ (ဗကသ)ရဲ့ ကြေညာချက်နဲ့ ဒေါင်းအိုးဝေ စာစောင်ကို လုံခြုံရေး တင်းကျပ်ထားတဲ့ကြားက ဖြန့်ဝေနိုင်ခဲ့တယ်လို့ ၂၀၀၇ မျိုးဆက် (ဗကသ) ကျောင်းသူ [...]
Posted by DPNS on July 18th, 2010 in ဝေဖန်သုံးသပ်ချက်, ၂၀၁၀
သုတေသနနှင့်လေ့လာရေးဌာန ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၉/၂၀၁၀) (၂၀၁၀ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်) (တစည) နဲ့ ကြံ့ဖွံ့ပါတီ ဟာ စစ်အုပ်စုက မွေးထုတ်လိုက်တဲ့ တစ်အူထုံ့ဆင်း ညီအစ်ကိုအရင်းတွေပဲ။ ဒါပေမယ့် သူတို့မွေးပုံမွေးနည်းမှာ တူညီတဲ့ဘက်လည်းရှိသလို မတူညီတဲ့ဘက်တွေလည်း ရှိတယ်။
Posted by DPNS on July 16th, 2010 in သူတို့သဘောထားအမြင်, ၂၀၁၀
ကျနော်သာဆိုရင်၊ ကျနော် နိုင်ငံခြားရေးဝန်ကြီးသာလုပ်နေရင် ၀န်ကြီးက ထွက်ပြီးတော့မှ အရွေးခံဖို့ စိတ်ကူးမှာပဲ။ လက်ရှိ တာဝန်တွေယူပြီးတော့ နိုင်ငံရဲ့ အခွင့်အရေးတွေ၊ နိုင်ငံရဲ့ သွားလာလှုပ်ရှားခွင့်တွေ၊ နိုင်ငံရဲ့ ယန္တရားတွေ၊