Posted by DPNS on June 29th, 2010 in ဝေဖန်သုံးသပ်ချက်
သုတေသနနှင့်လေ့လာရေးဌာန ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၈/၂၀၁၀) (၂၀၁၀ ခုနှစ်၊ ဇွန်လ ၂၈ ရက်) “အပြောင်းအလဲ”ဆိုတာကို အာဏာကိုင်ထားနိုင်သူကသာ လုပ်နိုင်တယ်။ “အပြောင်းအလဲ” ဆိုတာမှာ အမြင့်ဆုံးမူပေါ်လစီတွေကနေ စပြီး၊ ရာထူးအဆင့်တာဝန် အပြောင်းအလဲထိ လုပ်ဆောင်တာကို ဆိုလိုပါတယ်။ ရာထူးအဆင့်တာဝန် အပြောင်းအလဲလုပ်တယ် ဆိုတဲ့နေရာမှာ ထုတ်ပစ်တာ/ ဖြုတ်ပစ်တာ/ ခန့်အပ်တာ/ ပြောင်းရွှေ့တာ/ အငြိမ်းစားပေးတာအထိ ပါဝင်ပါတယ်။
Posted by DPNS on June 20th, 2010 in သူတို့သဘောထားအမြင်, ၂၀၁၀
BBC – 16-6-2010 (လွတ်လပ်အတွေးဆွေးနွေးဖလှယ်) အဓိကဆွေးနွေးသူများ – ကိုငွေလင်း (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)၊ ကိုတင်အေး (၈၈ ကျောင်းသားခေါင်းဆောင်)၊ ကိုဖြိုးမင်းသိန်းနှင့် ဦးအုန်းလွင် ( ၂၀၁၀ ရွေးကောက်ပွဲဝင်မည့်သူများ) ကိုသိန်းမြတ် … သောတရှင်တို့အမြင် သောတရှင်တို့အတွေးတွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးတင်ပြနိုင်ကြမယ့် လွတ်လပ်အတွေး ဆွေနွေးဖလှယ် အစ်ီအစဉ် စတင်နေပါပြီ။ ကျနော် မောင်သိန်းမြတ်ပါ။ ဒီနေ့အစီအစဉ်မှာ ကျနော်တို့ ဆွေးနွေးကြမှာကတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ခေါင်းစဉ်ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ဆန်ကျင့်သပိတ်မှောက်ဖို့ ဆိုပြီးတော့ တိုက်တွန်းကြတဲ့ လူတွေ ရှိပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နဲ့ သံဃာ့တပ်ပေါင်းစုက ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ပါတီတွေကတော့ ဒီရွေးကောက်ပွဲကို [...]
Posted by DPNS on June 15th, 2010 in သူတို့သဘောထားအမြင်, ၂၀၁၀
“ဒေါ်အောင်ဆန်းစုကြည် ပြောတာက မဲပေးဖို့ အခွင့်အရေး ရှိသလို မဲမပေးဖို့လည်း အခွင့်အရေး ရှိတဲ့ ဥပဒေ ပြဌာန်းချက်၊ အဲဒါကို ပြောပါတယ်။ လူထုအနေနဲ့ မဲမပေးတာကလည်း ဥပဒေအရ အခွင့်အရေးပဲဆိုတာ ပြောတာရှိတယ်” (ဦးဉာဏ်ဝင်း) ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေ
Posted by DPNS on June 7th, 2010 in သတင်းဒိုင်ယာရီ
နာဂစ်ဒဏ်သင့်ဒေသများတွင် ကျောင်းများမဆောက်နိုင်သေး နအဖ၏ ရွေးကောက်ပွဲဥပဒေကို အမေရိကန်အမတ်များ အပြစ်တင် သီရိမင်္ဂလာဈေးသူဈေးသားများ မကျေနပ်မှုကို ထုတ်ဖော် အဓမ္မ ခိုင်းစေမှုဆိုင်ရာ လက်ကမ်း စာစောင်ဖြန့်ချိခွင့်ရ KIO တွင် သင်တန်းတက်သူ ကချင်လူငယ်များကို ဖမ်းဆီး May 25 ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့က လူငယ်တွေ အဖမ်းခံခဲ့ရတဲ့ ကိစ္စဟာ မြစ်ဆုံ ဗုံးကွဲမှု တခုတည်းကြော်င့ မပတ်သက်ပဲ ကချက်လွတ်မြောက်ရေးအဖွဲ့ (KIO)က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံတဲ့ ကိစ္စလည်း ပါဝင်နိုင်တယ်လို့ သိရပါတယ်။ မြစ်ကြီးနားမြို့မှာ အဖမ်းံရတဲ့ ကချက်လူငယ် ၆၀လောက်ရှိတယ်လို့ ကြားသိရပေမယ့် အတိအကျမပြောဆိုနိုင်ကြပါဘူး။ ဒါ့အပြင် ဘာပုဒ်မနဲ့ ဖမ်းဆီးတယ်ဆို တာကိုလည်း အာဏာပိုင်တွေက မပြောဆိုကြောင်း သိရပါတယ်။ ဖမ်းဆီးစစ်ဆေးခံရတဲ့ လူငယ်အားလုံးဟာ (KIO)အဖွဲ့ [...]
Posted by DPNS on June 2nd, 2010 in ထုတ်ပြန်ကြေညာချက်
ကရင်နီတော်လှန်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ် မန်းအောင်သန်းလေး ကွယ်လွန်ခြင်းအတွက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဝမ်းနည်းခြင်းသဝဏ်လွှာ ကရင်နီတော်လှန်ရေး၏ ခေါင်းဆောင်ကြီးတဦးဖြစ်သူ ဗိုလ်ချုပ် မန်းအောင်သန်းလေး (၈၁) နှစ်သည် ၃၁-၅-၂ဝ၁ဝ ရက်နေ့တွင် ကွယ်လွန်သွားကြောင်း သိရှိရသည့်အတွက် မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်နီပြည်သူလူထု တရပ်လုံးနှင့် ထပ်တူ ကြေကွဲဝမ်းနည်းရပါကြောင်း ဦးစွာပထမ ဖေါ်ပြအပ်ပါသည်။
Posted by DPNS on June 1st, 2010 in သတင်းဒိုင်ယာရီ
နအဖလက်ဝေခံ လုပ်ငန်းရှင်များ ဘဏ်လုပ်ငန်းအတွက်ပြင်ဆင် စပါးဈေး တက်ဖွယ်ရှိသည်ဟု လယ်သမားများ ထင်ကြေးပေး သခင်သိန်းဖေမွေးနေ့ပွဲ ရွေးကောက်ပွဲဝင်မည့်သူများကို မဖိတ် စစ်အာဏာရှင် သက်ဆိုးရှည်မည့် ရွေးကောက်ပွဲကို လက်မခံ ဗိုလ်ချုပ်ဆေထဲန် ဥပမာထားပြီး နအဖကို မယုံကြည်ဟု SSA ခေါင်းဆောင်ပြော May 18 အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးနှင့်တွေ့ဆုံရန် မိုင်းနောင် စကခ က ဖိတ်ခေါ်ခဲ့သော်လည်း ယုံကြည်မှုမရှိသောကြောင့် သွားရောက်တွေ့ဆုံခြင်းမပြုနိုင်ကြောင်း အပစ်ရပ် SSA တပ်မဟာ ၁ ခေါင်းဆောင်က အပြတ်ငြင်းဆန်လိုက်သည်ဟု စုံစမ်းသိရှိရပါသည်။ “ရပခဒုတိုင်းမှူး ဗိုလ်မှူးကြီးချစ်ဦးကတွေ့ဖို့ SSA တပ်မဟာ ၁ ခေါင်းဆောင် ဗိုလ်ချုပ်ပန်ဖှကို လှမ်းဖိတ်တယ်။ နအဖကို အယုံအကြည်မရှိလို့ သွားမတွေ့နိုင်ဘူးလို့ အပြတ် ငြင်းလိုက်တယ်ပြောတယ်”ဟု လဲချား(လိုင်းခ) ဒေသခံတဦးက ပြောပါသည်။ မေ ၁၅ [...]