ငြိမ်းချမ်းရေးဝတ်ရုံပြာ အရောင်လွင့်ပြယ်စပြုနေပြီလော ?

၂၀၁၀ ဧပြီ ၂၈ ရက်နေ့နောက်ဆုံးထားပြီး (နယ်ခြားစောင့်၊ နယ်မြေစောင့်၊ ပြည်သူ့စစ်) တပ်ဖွဲ့များအသွင် ပြောင်းလဲကြရန်   ကျန်ရှိနေသေးသည့် အပစ်ရပ်အဖွဲ့များအား နအဖ စစ်အစိုးရက ရာဇသံပေးခဲ့ဖူးသည်။ ထိုရာဇသံ အပေးခံရဘူးသည့် အပစ်ရပ်အဖွဲ့အစည်းတိုင်းက နအဖ သတ်မှတ်ပေးရက်မတိုင်မှီ မိမိတို့ တဖွဲ့ချင်းစီ၏ နိုင်ငံရေး ရပ်တည်ချက်ကို ပွင့်လင်းစွာ ဖော်ထုတ် ပြောဆိုခဲ့ကြသည်။ ထိုသို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းသည်ပင်လျှင် နအဖအတွက် ဘဝင်မကျစရာ ဖြစ်နေပါလိမ့်မည်။ နိုင်ငံရေးအရလည်း အရှက်ရစရာတခု ထပ်မံ လက်ခံရရှိလိုက်တာမျိုး ဖြစ်နိုင်သည်။ အကျိုးဆက်အဖြစ် နအဖသည်  ထိုအရှက်ရစရာတွေကို အငုတ်စိတ်ဖြင့် ရန်ညှိုးဖွဲ့၊ ရန်မီးပွားလာစေနိုင်သည်။ ဤအတိုင်းဖြစ်လာခဲ့လျှင် အပစ်ရပ်နိုင်ငံရေး ပြဿနာသည် လွယ်မယောင်နှင့် ခက်၊ တိမ်မယောင်နှင့် နက်ရှိုင်းလာစေပါလိမ့်မည်။

No Comments

News Diary (သတင်းဒိုင်ယာရီ) 2010 May 11 – 17

အပစ်ရပ်ရှမ်းတပ်ဖွဲ့များ မြို့တွင်းမှ ပြန်ထွက်ခွါ အာဏာပိုင်များလျစ်လျူရှုခြင်းကြောင့် ရေပြတ်လပ်မှုပိုဆိုး ခွဲထွက် NLD များအား ဒေါ်အောင်ဆန်းစုကြည်အပြစ်တင် အာဏာပိုင်များနှင့်ပေါင်းပြီး လယ်မြေများသိမ်းယူနေ KIO နှင့် နီးစပ်သူများဟု ယူဆသောကြောင့် ကချင်ပါတီများ မှတ်ပုံတင်ခွင့်မရသေး May 11 ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO မှ နုတ်ထွက်ထားသူများ နိုင်ငံရေးပါတီထူထောင်ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရောက်ရန် ရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားခဲ့သော်လည်း မှတ်ပုံတင်ခွင့်ပြုချက် ကျမလာသေးဘဲ ဖြစ်နေသည်။ ဧပြီ (၅) ရက်နေ့စွဲဖြင့် လျှောက်ထားခဲ့သည့် KIO ဒု-ဥက္ကဋ္ဌဟောင်း ဒေါက်တာ တူးဂျာ၏ ကချင်ပြည်နယ် တိုးတက်ရေးပါတီနှင့် ဧပြီ (၂၃)ရက် နေ့စွဲဖြင့် လျှောက်ထားခဲ့သည့် KIO အဖွဲ့မှ နိုင်ငံရေးမှူးဟောင်း ဦးချန်းခေါ၏ ရှမ်းပြည်နယ်မြောက်ပိုင်း တိုးတက်ရေးပါတီတို့အား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က [...]

No Comments

၂၀၁၀ ရွေးကောက်ပွဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ အင်အား

နိုင်ငံမှာ စစ်အာဏာရှင်အစိုးရက ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပပေးမယ်လို့ အသိပေးကြေငြာ လိုက်ကတည်းက ပြည်တွင်းကရော နိင်ငံတကာရောက် မြန်မာနိုင်ငံသားတချို့ (တချို့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ/ မြန်မာ့အရေး လေ့လာသုံးသပ်သူ အမည်ခံတွေ အပါအ၀င်) က စိတ်ဝင်တစား ရှိခဲ့ကြသလို ဒီမိုကရေစီနိုင်ငံကြီးတွေက အစိုးရတွေ၊ လွှတ်တော်အမတ်တွေ၊ သံတမန်တွေနဲ့ ဒီမိုကရေစီ ချစ်မြတ်နိုးကြသူ ပြည်သူလူထုတွေကလည်း စိတ်ဝင်တစား ရှိခဲ့ကြပါတယ်။ ဘာမှမရတာထက်စာရင်တော့ လွှတ်တော်ထဲမှာ နေရာယူထားတာဟာ အများကြီး ပိုကောင်းတယ်၊ ဒီအခွင့်အရေးဟာ နောက်ဆုံးရတဲ့ အခွင့်အရေးပဲ၊ နောက်ဆုံးရထားပဲလို့ တွေးမြင်ယူဆကြသူတွေလည်း ပြည်တွင်းမှာရော ပြည်ပမှာပါ အတော်လေး ပေါ်ထွက်လာပြီး အာဘော်ဖန်တီးလာတာတွေ ရှိလာခဲ့ပါတယ်။ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတချို့နဲ့ မြန်မာနိုင်ငံ အဖွဲ့ဝင်အဖြစ် ပါဝင်နေတဲ့ အာဆီယံအဖွဲ့ကြီးကလည်း စစ်အစိုးရရဲ့ လမ်းပြ မြေပုံကို ထောက်ခံထားခဲ့ကြပြီးဖြစ်တဲ့အတွက် [...]

No Comments

News Diary (သတင်းဒိုင်ယာရီ) 2010 May 4 – 10

အင်ဂျင်နီယာတဦးကို ဗုံးကွဲမှု တရားခံအဖြစ် ရဲချုပ်စွပ်စွဲ ခွပ်ဒေါင်းကို အသုံးပြုသူများ ကန့်ကွက်မှုနှင့် ရင်ဆိုင်ကြရ သောက်သုံးရေ ပြတ်လပ်မှုကို စေတနာရှင်များ ကူညီ ကာ့တ် ကမ့်ပ်ဘဲလ် ဒေါ်စုနှင့်တွေ့ဆုံးဆွေးနွေး CRPP နိုင်ငံရေးဆက်လက်လုပ်ဆောင်မည်ဟု ဆုံးဖြတ် May 5 ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP အစည်းအဝေးကို ဒီကနေ့ နေ့လည်က ကျင်းပခဲ့ပြီး CRPPနဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ နိုင်ငံရေးအရ ဆက်လက်ရပ်တည်မယ်လို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဦးအေးသာအောင်က အခုလို ပြောပါတယ်။ “NLDရဲ့ ရှေ့ဆက်ပြီးတော့ ရပ်တည်မယ့် ရပ်တည်ချက်ပေါ့။ အဲဒါတွေနဲ့ ပတ်သက်လို့ ဆွေးနွေးဖြစ်ပါတယ်။ အဓိကကတော့ နိုင်ငံရေးကို ဆက်လုပ်မယ်။ နဂိုရ်လုပ်လက်စ လူမှုရေးတွေလည်း လုပ်မယ်။ အခြေအနေပေါ်မှာ မူတည်လို့ လုပ်နည်းလုပ်ဟန် [...]

No Comments

တရားမျှတမှုလည်းမရှိဘူး ဥပဒေနဲ့လည်းမညီဘူး

သုတေသနနှင့်လေ့လာရေးဌာန ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၇/၂၀၁၀) (၂၀၁၀ ခုနှစ်၊ မေလ ၁၅ ရက်) “အပြောင်းအလဲ” ဆိုတာကို အာဏာကိုင်ထားနိုင်သူကသာ လုပ်နိုင်တယ်။ “အပြောင်းအလဲ” ဆိုတာမှာ အမြင့်ဆုံး မူပေါ်လစီတွေကနေစပြီး၊ ရာထူးအဆင့်တာဝန် အပြောင်းအလဲထိ လုပ်ဆောင်တာကို ဆိုလိုပါတယ်။ ရာထူးအဆင့်တာဝန် အပြောင်းအလဲလုပ်တယ်ဆိုတဲ့ နေရာမှာ ထုတ်ပစ်တာ/ ဖြုတ်ပစ်တာ/ ခန့်အပ်တာ/ ပြောင်းရွေ့တာ/ အငြိမ်းစားပေးတာအထိ ပါဝင်ပါတယ်။ အာဏာကို စိတ်ကြိုက်ကိုင်တွယ်ထားနိုင်တဲ့ ကာလအထိတော့ “အပြောင်းအလဲ” မှန်သမျှကို စိတ်တိုင်းကျ လုပ်နိုင်တယ်။ ဘယ်သူကမှ ဦးနင်းပဲ့ထောင် မလုပ်ဝံ့ဘူး။ မီးသေတယ်လို့ ပြောရမယ်ထင်တယ်။

No Comments

သူသေကိုယ်ရှင် ဆက်လက်တိုက်ပွဲဝင်သွားကြစို့ …

နအဖ စစ်အစိုးရက သူတို့အာဏာတည်မြဲရေးအတွက် ချမှတ်ထားတဲ့ လမ်းပြမြေပုံရဲ့ အဆင့် (၅) ဖြစ်တဲ့ ရွေးကောက်ပွဲလုပ်ဖို့ ရွေးကောက်ပွဲဥပဒေများကို မတ်လ (၈) ရက်က စတင် ထုတ်ပြန်လိုက်ပါတယ်။ အာဏာရမက် ငန်းငန်းတက်တက်နေတဲ့ စစ်အုပ်စုဟာ ဟန်မဆောင်နိုင်တော့ဘဲ မင်းသားခေါင်းစွပ် ပြုတ်ကျသွားရုံမက မာန်စွယ်တငေါငေါ ထုတ်ပြလိုက်ပါတော့တယ်။

No Comments

News Diary (သတင်းဒိုင်ယာရီ) 2010 April 27-May 3

သတ်မှတ်ရက်ကျော်လွန်သော်လည်း အပစ်ရပ်ဒေသ တည်ငြိမ်နေဆဲ NLD အလံနှင့် ဆိုင်းဘုတ်များကို ဖြုတ်ချမည်မဟုတ် ကြံ့ခိုင်ရေး ပါတီဖွဲ့ပြီး မဲဆွယ်ရေးလုပ်ငန်းများလုပ်ဆောင် နာဂစ်ဒုက္ခသည်များ အခက်အခဲနှင့် ရင်ဆိုင်နေရဆဲ ရွေးကောက်ပွဲကိစ္စဆွေးနွေးရန် EU ကိုယ်စားလှယ်စေလွှတ်လို April 27 EU ဥရောပ သမဂ္ဂက နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးက အခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေ လွတ်လပ်ပြီး တရားမျှတမှုအတွက် စိုးရိမ်ပူပန်ကြောင်း ကြေညာချက်တစောင် ထုတ်ပြန်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲအကြောင်း ဆွေးနွေးဖို့ ကိုယ်စားလှယ်လွှတ်လိုကြောင်း ရေးထားပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကြောင့် EUက ပိတ်ဆို့အရေးယူမှုတွေ နောက်ထပ် တနှစ် သက်တမ်းတိုးကြောင်းလည်း ဖေါ်ပြထားပါတယ်။

No Comments