Posted by DPNS on April 26th, 2010 in သတင်းဒိုင်ယာရီ
နအဖနှင့် ဆက်ဆံရေး ပြန်သုံးသပ်ရန်ရှိဟု Kurt Campbell ပြော ရန်ကုန်သင်္ကြန်ဗုံးကွဲမှုကြောင့် သေဆုံးဒဏ်ရာရသူ ရာကျော်ရှိ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွါး အပစ်ရပ်စာချုပ်တွင် နယ်ခြားစောင့်တပ်ပြောင်းရေး မပါဝင်ဟု KIO ပြော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲမ၀င်ရန်ဆုံးဖြတ် 14 April 2010 ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD က ရွေးကောက်ပွဲကို မ၀င်ရန် ဆုံးဖြတ် လိုက်ပြီ ဖြစ်သည်။ ALD ၏ ဆုံးဖြတ်ချက်ကို ဧပြီလ ၁၀ရက်နေ့က ရန်ကုန်မှာပြုလုပ်သည့် အရေးပေါ် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ပါတီ ထိပ်တန်းခေါင်းဆောင် ဦးအေးသာအောင်က ပြောသည်။ ALD ရွှေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်သော်လည်း တခြား ရခိုင်အမျိုးသား ကိုယ်စားပြု ပါတီတပါတီမှ ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်မည့် [...]
Posted by DPNS on April 24th, 2010 in ဆောင်းပါး
မတ်လ (၂၉) ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နအဖရဲ့ လိမ်ဆင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူတို့ရဲ့ သဘောထားကို ထုတ်ပြန်လိုက်တော့ ၀ိုင်းချီးကျူးကြ၊ ထောက်ခံကြတဲ့အသံတွေ ပဲ့တင်ထပ်မျှ ကြားကြရပါတယ်။ ဒါပေမဲ့ ကာလလေးတခုပဲ ကြာလိုက်တယ်၊ တိုက်ရိုက် အပြစ်ဖို့သံတွေ၊ သွယ်ဝိုက် အပြစ်ဖို့သံတွေပါ တခါပြီးတခါ ကြားလာနေရပါတယ်။ ဒါတောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တရားဝင် ရပ်တည်နေဆဲ ရှိပါသေးတယ်။ ရပ်တည်ခွင့် မရတော့ဘူးဆိုရင် ဘယ်လောက်များ ပြောကြမှာပါလိမ့်။ ဘက်မလိုက်တဲ့ မီဒီယာများက ဘယ်လောက်များ ဖော်ပြကြမှာပါလိမ့်။ လောကမှာ “အစက ငါမပြောလား” ဆိုတဲ့ လုပ်ဟန်ရှိတဲ့လူတွေ နည်းတာမှမဟုတ်တာ။ တချို့လူတွေကျတော့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်တိုင် အပြစ်တင်လို့မကောင်းလို့ သူတပါး ပါးစပ်ကို ငှားပြီး ဝေဖန်နေတာလားလို့လည်း စဉ်းစားမိပါရဲ့။ ဒါကိုပဲ နိုင်ငံရေးရဲ့ လောကဓံရှစ်ပါးလို့များ ပြောကြမှာလား။
Posted by DPNS on April 21st, 2010 in လှုပ်ရှားမှုသတင်း
နိုင်ငံတကာ ဆိုရှယ်လစ်ကျောင်းသားလူငယ်များ အဖွဲ့ချုပ် (IUSY) ညီလာခံတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုများ (International Day of Action against Burma Election 2010) ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြသည်။ (IUSY) ၏ ၂၀၁၀ ညီလာခံကို မတ်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ (၃) ရက်ကြာ ကျင်းပခဲ့ရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် နော်မေဘယ်ထူးမှ တက်ရောက်ဆွေးနွေးခဲ့သည်။ ညီလာခံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအား (Full membership) အဖွဲ့ဝင်အဖွဲ့အစည်းတခုအဖြစ် အသိအမှတ်ပြုခဲ့သည်။ ထို့အပြင် မြန်မာ့အရေးနှင့် ပတ်သက်၍လည်း (IUSY) တဖွဲ့လုံးအနေဖြင့်သော်လည်းကောင်း၊ (IUSY) အာရှ-ပစိဖိတ်ကော်မတီ အနေဖြင့်သော်လည်းကောင်း အဓိကဦးစားပေးထား၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။
Posted by DPNS on April 20th, 2010 in သတင်းဒိုင်ယာရီ
လူ့ဘောင်သစ်ပါတီနှင့် ဆင်တူယိုးမှား နာမည်ယူထားသောပါတီ မှတ်ပုံတင် ဗီယက်နမ်နှင့် စီးပွါးရေး သဘောတူညီချက်များ ချုပ်ဆို ပါတီမှတ်ပုံမတင်ခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည် ကျေနပ် တောင်ဒဂုံ စက်မှုဇုံ အလုပ်သမားများ ဆန္ဒပြ ပြည်သူသို့ပန်ကြားချက်တွင် ဒီမိုကရေစီရေး ဆက်လက်ဆောင်ရွက်မည်ဟု ဒီချုပ်ဆို 6 April 2010 မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိအောင် နှစ် ၂ဝ အတွင်း အောင်မြင်အောင် မစွမ်း ဆောင်နိုင်ခြင်းအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းပြည်သို့ တောင်းပန်စကား ပြောကြားလိုက်သည်။ ”ဒီမိုကရေစီရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဇွနပဲကြီးကြီးဖြင့် ကြိုးပမ်းခဲ့ပါသော်လည်း တဖက်သပ် ဖိနှိပ်ချေမှုန်းမှုအောက်တွင် အကျိုးမဖြစ်၊ အရာမထင်ဖြစ်ခဲ့သည့်အတွက် ပြည်သူလူထုအပေါင်းအား အနူးအညွတ် တောင်းပန်အပ်ပါသည်”ဟု ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်သော အတိုက်အခံပါတီကြီး၏ ပြည်သူသို့ ပန်ကြားချက်တွင် ပါရှိသည်။
Posted by DPNS on April 19th, 2010 in အပစ်ရပ်အဖွဲ့များ
လွန်ခဲ့သော အနှစ် ၂၀ ကျော်မှစတင်၍ လူမျိုးးစုံတိုင်းရင်းသား လက်နက်ကိုင်အင်အားစု အများအပြားသည် (နအဖ)အစိုးရနှင့် စစ်တိုက်ခြင်းမှ ရပ်စဲခဲ့ကြသည်။ အပစ်ရပ်အဖွဲ့တိုင်းသည် မိမိတို့၏ မူလနိုင်ငံရေးရည်ရွယ်ချက်ကို အပစ်ရပ်ကာလတွင် ဆက်လက် အကောင်အထည်ဖော်ရန် ဆန္ဒပြင်းပြကြပေလိမ့်မည်။ သို့သော် ထိုအပစ်ရပ်ကာလတွင် လူမျိုးစုံတိုင်းရင်းသား လက်နက်ကိုင်အင်အားစုများသည် မိမိတို့၏ မူလနိုင်ငံရေး ရည်ရွယ်ချက်ကို အကောင်အထည်ဖော် လုပ်ဆောင်ခွင့် ဘယ်လောက်အထိ ရရှိခဲ့ကြပါသလဲ … ဆိုတဲ့ မေးခွန်းတခုလည်း မေးစရာ ဖြစ်ပေါ်လာပါသည်။ ကာယကံရှင် အပစ်ရပ်အဖွဲ့များကတော့ မည်သို့ နိဂုံးချုပ် အဖြေထုတ်ကြမည်မသိသေး။
Posted by DPNS on April 12th, 2010 in သတင်းဒိုင်ယာရီ
မှတ်ပုံတင်နိုင်ငံရေးပါတီများအတွက် ကန့်သတ်မှုများစတင် လားဟူပြည်သူ့စစ်တပ်ဖွဲ့ နယ်ခြားစောင့်တပ်ပြောင်း မွန် (၁၅)ဦးကော်မတီ ရွေးကောက်ပွဲမ၀င် ဇိုမီးအမျိုးသားကွန်ဂရက် ရွေးကောက်ပွဲမ၀င် (NLD) ဆုံးဖြတ်ချက် လေးစားရန်လိုကြောင်း ဘန်ကီမွန်းပြော 30 March 2010 ရွေးကောက်ပွဲတွင် ပါဝင်ခြင်း မပြုရန် ဆုံးဖြတ် လိုက်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဆုံးဖြတ်ချက်ကို လေးစားကြောင်း အမေရိကန်အစိုးရနှင့် ကုလသမဂ္ဂတို့က တနင်္လာနေ့တွင် ပြောကြားလိုက်ကြ သည်။ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သူ့ပါတီ၏ မည်သည့် ဆုံးဖြတ်ချက်ကိုမဆို နိုင်ငံတကာ အသိုင်းအ၀န်းက လေးစားကြရန် လိုအပ်သည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ မာတင်နီဆာကီက နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်တွင် ပြောကြား [...]
Posted by DPNS on April 9th, 2010 in လှုပ်ရှားမှုသတင်း
၃၀ မတ် ၂၀၁၀ “ကျနော့်ရင်ထဲမှာ ဝမ်းသာလွန်းလို့ မျက်ရည်ကျခဲ့ရပါတယ်” ဟု သားဖြစ်သူ မောင်မြအောင်နဲ့ မောင်ကျော်ရင်မြင့်တို့ကို အခုလို ရှင်ပြုပေးနိုင်တဲ့အတွက် ဝမ်းသာပိတိဖြစ်နေသူ ဦးစောသွင်က ပြောပါတယ်။ ကရင်လူမျိုး ဦးစောသွင်ဟာ တောင်ယာလုပ်ငန်း လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားတဦး ဖြစ်ပါတယ်။ ဇနီးဖြစ်သူ ဒေါ်မပုတင်ကလည်း “ကိုယ့်ရပ်ကိုယ့်ဒေသမှာလို ကိုယ့်သားတွေကို ရှင်းလောင်းလှည့်ပြီး ရှင်ပြုရတာ သိပ်ဝမ်းသာတာပဲ” လို့ ဆိုပါတယ်။